Pages

Sunday, May 18, 2014

သာကေတမြို့နယ်၊ရှုခင်းသာ (၁၃)ဂိတ်အနီးကွန်တိန်နာယာဉ်မှ လမ်းဖြတ်ကူးသူ အမည်မသိအမျိုးသားတစ်ဦးကိုတိုက်မိသေဆုံး


RangonNewsDaily: May . 17 .2014
၁၆.၅.၂၀၁၄ရက်နေ့ ၀၉၀၀အချိန် သာကေတမြို့နယ်၊ရှုခင်းသာလမ်းအတိုင်း ၅ ကွေ
့ဘက်မှ သန်လျင်တံတားဘက်သို့ ယာဉ်မောင်း မဲသီး(ခ)ထွန်းနိုင်ဦး (၂၄)နှစ်၊ (ဘ)
ဦးညိုပြာ၊ ဗိုလ်တထောင် မြို့နယ်နေသူ မောင်းနှင်လာသော ၆ဂ/--- JING GONG အမျိုးအစားကွန်တိန်နာ အစိမ်းရောင် ယာဉ်သည် ရှုခင်းသာလမ်းမပေါ်ရှိ (၁၃)ဂိတ်အ
နီးအရောက် လမ်းဖြတ်ကူးသူ အသက် (၃၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦးကို ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ၎င်းအမျိုးသားတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်
ရာ၊ ယာတံတောင် ပွန်းစုတ်ဒဏ်ရာ၊ ယာပေါင်ပွန်းစုတ်ဒဏ်ရာများရရှိပြီး အခင်း
ဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။
::
ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းမဲသီး(ခ)ထွန်းနိုင်ဦး အား
သာကေတနယ် မြေရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment