Pages

Sunday, May 18, 2014

2014 World Cup Brazil မှာ ဖလားရဖို့ ရေပန်းစားတဲ့ အသင်းများ


RangonNewsDaily: May . 17 .2014
၁၁။ အင်္ဂလန်

အင်္ဂလန်ကတော့ ၁၉၆၆ တုန်းက ၀င်ဘလေကွင်းမှာ အနောက်ဂျာမနီကို နိုင်ပြီး ကမ္ဘာ့ဖလား တစ်ကြိမ်သာ ရဖူးပါတယ်။ လူငယ် ကစားသမားတွေဖြစ်တဲ့ ဘာကလေ၊ စတားရစ်၊ စတာလင်၊ ၀ီလ်ရှီးယား၊ လာလာနာ တို့ပါဝင်တဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားရဖို့ ၃၃ လေး ၁ လေး ရှိနေပါတယ်။

၁၀။ ဟော်လန်

နယ်သာလန်အသင်း အနေနဲ့တော့ ကမ္ဘာ့ဖလားကို တစ်ခါမှ မရဖူးသေးပါဘူး။ ရော်ဘင် ဗန်ပါစီနဲ့ အာဂျန်ရော်ဘင်တို့လို ကစားသမားတွေပါဝင်ပြီး လူးဝစ်ဗန်ဂါးလ် တာဝန်ယူထားတဲ့ အသင်းဟာ ဖလားရနိုင်ခြေ ၂၈လေး ၁ လေး ရှိတယ်လို့ ဘွတ်ကီက ခန့်မှန်းထားပါတယ်။

၉။ ဥရုဂွေး

ဥရုဂွေး အနေနဲ့ ၁၉၃၀ မှာ တစ်ကြိမ်၊ ၁၉၅၀ မှာ တစ်ကြိမ် ဖလားရခဲ့ပြီး နောက်ထပ် ဖလား ရယူနိုင်ခြင်းမရှိဘဲ ၂၀၁၀ မှာတော့ အဆင့် ၄ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ယောက်ဖြစ်တဲ့ လူးဝစ်ဆွာရက်စ်နဲ့ အက်ဒင်ဆန်ကာဗာနီတို့ ပါဝင်တဲ့ အသင်းဟာ အလားအလာကောင်းတွေ အများကြီး ရှိနေပါတယ်။ 

အပူဒဏ်ခံနိုင်ပြီး ဘရာဇီးနဲ့လည်း အသားကျနေတဲ့ သူတို့အသင်းကို ဘွတ်ကီကတော့ နိုင်ခြေ ၂၈ လေး ၁ လေး ခန့်မှန်းထားပါတယ်။

၈။ ကိုလံဘီယာ

ကိုလံဘီယာကတော့ ကမ္ဘာ့ဖလားရနိုင်ခြေ အသင်းတစ်သင်းအနေနဲ့ အံ့သြဖွယ် ပါဝင်လာပါပြီ။ ၁၉၉၀ မှာ တစ်ကြိမ် ဖလားရဖူးတဲ့ ကိုလံဘီယာကို ထည့်စဉ်းစားတဲ့အတွက် တချို့ကတော့ အံ့သြကောင်းအံ့သြနေပါလိမ့်မယ်။ 

သူတို့ရဲ့ အကောင်းဆုံးကစားသမားဖြစ်တဲ့ Radamel Falcao ပါဝင်ပြီး ဘရာဇီးမှာ အကောင်းဆုံးကစားမယ်ဆိုရင် နိုင်ခြေကတော့ ၂၅ လေး ၁ လေး ဖြစ်ပါသတဲ့။

၇။ အီတလီ

အီတလီကတော့ ကမ္ဘာ့ဖလားရနိုင်ခြေရှိတဲ့အသင်းအဖြစ် ရေပန်းစားလေ့ရှိပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အေစီမီလန် တိုက်စစ်မှူးဖြစ်တဲ့ Mario Balotelli က ဂိုးသွင်းဖို့အခွင့်အရေးတွေ ရခဲ့မယ်ဆိုရင်၊ အသင်းအတွက် အရေးပါတဲ့သူတွေ ဖြစ်ကြပြီး အတွေ့အကြုံရှိတဲ့ Andrea Pirlo နဲ့ Giorgio Chiellini တို့သာ အကောင်းဆုံးပံ့ပိုးပေးမယ်ဆိုရင် ဖလားရနိုင်ခြေအတွက် ဘွတ်ကီကတော့ ၂၅ လေး ၁ လေး ခန့်မှန်းထားပါတယ်။

၆။ ပြင်သစ်
ပြင်သစ်ရဲ့ တစ်ခုတည်းသော ကမ္ဘာ့ဖလားကတော့ ၁၉၉၈ က အိမ်ရှင်အဖြစ်ကျင်းပရင်း ဗိုလ်လုပွဲမှာ ဘရာဇီးကို ၃ ဂိုး၊ ဂိုးမရှိနဲ့နိုင်ပြီး ရခဲ့တာပါ။ ဇီဒန်းပါဝင်တဲ့ အသင်းဟာ ၂၀၀၆ တုန်းကတော့ အီတလီကို ရှုံးနိမ့်ခဲ့ပါတယ်။ သည်နွေမှာတော့ Benzema၊ Ribery နဲ့ Pogba တို့ပါဝင်တဲ့ အသင်းကို ဘွတ်ကီကတော့ ၂၂ လေး ၁လေး ခန့်မှန်းပေးထားပါတယ်။

၅။ ဘယ်လ်ဂျီယမ်

ဘယ်လ်ဂျီယမ်ကတော့ ကမ္ဘာ့ဖလားရဖို့ ရေပန်းစားတဲ့နေရာ အဆင့် ၅ မှာ ရပ်တည်လျက် ရှိနေပါတယ်။ သူတို့အကောင်းဆုံးအချိန်က ၁၉၈၆ ကမ္ဘာ့ဖလားမှာ အဆင့် ၄ နေရာရှိခဲ့ဖူးတဲ့အတွက် အခုအချိန်မှာ ထည့်စဉ်းစားတာ အံ့သြစရာပါ။ 

ဒါပေမဲ့ ပါရမီရှင် ကစားသမားတွေဖြစ်တဲ့ Eden Hazard၊ Romelu Lukaku၊ Vincent Kompany နဲ့ အခြားကစားသမားတွေ စုစည်းထားရှိတဲ့ ဘယ်လ်ဂျီယမ်ရဲ့ ဖလား ရနိုင်ခြေက ၁၄ လေး ၁ လေး ဖြစ်ပါသတဲ့။

၎။ စပိန်

လက်ရှိ ချန်ပီယံ စပိန်ကတော့ ယခုနှစ်အတွက် ဖလားရနိုင်ခြေ အဆင့် ၄ မှာ ရပ်တည်လျက် ရှိပါတယ်။ လွန်ခဲ့တဲ့ လေးနှစ် တောင်အာဖရိကမှာ ကစားတဲ့အချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ပါဝင်ခဲ့တဲ့အသင်းကို အခုလည်း အားလုံးမျှော်လင့်ထားတဲ့အတိုင်း Iniesta၊ Xavi၊ Alonso၊ Ramos စတဲ့ ကစားသမားတွေက အကောင်းဆုံးကစားမယ်ဆိုရင် နိုင်ခြေ ၇ လေး ၁ လေး ရှိပါတယ်တဲ့။

၃။ ဂျာမနီ

ကမ္ဘာ့ဖလားရနိုင်ခြေရှိတဲ့အသင်းအဖြစ် ရေပန်းစားလေ့ရှိတဲ့ ဂျာမနီကတော့ ဖလား ၃ ကြိမ် ရဖူးပြီး နောက်ဆုံးအကြိမ်ကတော့ ၁၉၉၀ တုန်းကပါ။ သည်နှစ်မှာတော့ ဂျာမနီအသင်းဟာ အကောင်းဆုံး အသင်းအဖြစ် ပါဝင်နေပြီး ဖလားရနိုင်ခြေ ၅ လေး ၁ လေး ရှိပါသတဲ့။ Schweinsteiger၊ Ozil နဲ့ အသင်းခေါင်းဆောင် Philipp Lahm တို့ အကောင်းဆုံး ကစားဖို့တော့ လိုအပ်ပါတယ်။

၂။ အာဂျင်တီးနား

ကမ္ဘာ့အကောင်းဆုံးကစားသမား လီယွန်နယ်မက်ဆီ ပါဝင်တဲ့ အာဂျင်တီးနားကတော့ ဖလားရဖို့ နံပါတ် ၂ မှာ ရပ်တည်လျက်ရှိပါတယ်။ ၁၉၇၈ နဲ့ ၁၉၈၆ တို့မှာ ကမ္ဘာ့ဖလား ၂ ကြိမ် ရဖူးတဲ့ အသင်းဟာ ယခုနှစ်မှာ တတိယအကြိမ်မြောက် ဖလားရဖို့ မျှော်လင့်လျက်ရှိပါတယ်။ 

Aguero၊ Messi၊ Higuain နဲ့ Lavezzi တို့လို တိုက်စစ်မှူးကောင်းတွေ ပါဝင်တဲ့ အာဂျင်တီးနားရဲ့ ဖလားရနိုင်ခြေကတော့ ၅ လေး ၁ လေး ဖြစ်ပါသတဲ့။

၁။ ဘရာဇီး

အိမ်ရှင် ဘရာဇီးကတော့ လက်ရှိမှာ ကမ္ဘာ့ဖလား ၅ ကြိမ် ဆွတ်ခူးထားခဲ့ပြီး ဆဌမအကြိမ်မြောက် ဖလားရဖို့လည်း အလားအလာကောင်းလျက်ရှိနေပါတယ်။ ပြင်းထန်ခက်ခဲ့တဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပေမယ့် ဘွတ်ကီကတော့ ဆဌမအကြိမ်မြောက် ဖလားအတွက် ၃ လေး ၁ လေး မှန်းထားပါတယ်။ 

Neymar၊ Oscar၊ Hulk နဲ့ Dani Alves တို့ကတော့ အစွမ်းကုန် ကြိုးစားဖို့ လိုပါလိမ့်မယ်။

Football Café ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment