Pages

Sunday, May 18, 2014

ဖွဲ့စည်းပုံ ရေးဆွဲတဲ့အခါမှာ ပါဝင်တဲ့ ထိပ်တန်းပုဂ္ဂိုလ်ဆိုတာ ဘယ်လိုလူတွေပါလိမ့် ?


RangonNewsDaily: May . 18 .2014
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်လူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ဦးမင်းကိုနိုင်က
လည်း "အဲဒီ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အဲဒီ့အချိန်က နိုင်ငံရဲ့ ထိပ်တန်း
ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ 
ဟုတ်ပါပြီ ။ ထိပ်တန်းပုဂ္ဂိုလ်တွေဆိုတာ ဘယ်လိုလဲဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်
က အဲဒီ့အချိန်မှာ ထောင်ထဲမှာရှိပါတယ်။

ပြည်သူလူထု ချစ်တဲ့ခေါင်းဆောင်၊ ယုံကြည်တဲ့ ခေါင်းဆောင်ကအဲဒီ့အချိန်မှာအကျယ
ချုပ် ကျနေမကျနေ ပြည်သူလူထု မှတ်မိပါတယ်။ 
::
အဲလိုပဲ တိုင်းရင်းသားခေါင်းဆောင် အများစုဟာလည်း အကျဉ်းထောင်တွေထဲမှာ လှိမ့်ပိတ်ပြီးတော့ ပိတ်ခံရထားတဲ့ အချိန်မှာ။ ဒါဆိုရင် အဲဒီ့ဖွဲ့စည်းပုံ ရေးဆွဲတဲ့အခါမှာ ပါဝင်တဲ့ ထိပ်တန်းပုဂ္ဂိုလ်ဆိုတာ ဘယ်လိုလူတွေပါလိမ့်။

ပြည်သူလူထုကို ကိုယ်အသွေးအသားလို သဘောထားရမယ့်အစား ထစ်ခနဲရှိတာနဲ့ ပြည်သူလူထုကို အကြမ်းဖက်နှိမ်နင်းတဲ့ နေရာမှာ ထိပ်တန်းကျတဲ့ ပုဂ္ဂိုလ်တွေ
လား"ဟု မေးခွန်းထုတ်လိုက်သေးသည်။ 

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်လူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ဦးမင်းကိုနိုင် ::-


KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment