Pages

Sunday, May 18, 2014

မြန်မာနိုင်ငံ၏ အခြေအနေများသည် အမေရိကန်၏ လုံခြုံရေး နှင့် နိုင်ငံခြားရေး မူဝါဒကို ခြိမ်းခြောက်နေဟု အိုဘားမားပြော


RangonNewsDaily: May . 17 .2014
မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသော အခြေအနေများသည် အမေရိကန် နိုင်ငံ၏ နိုင်
ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကိုခြိမ်းခြောက်နေကြ သည်ဟုအမေရိကန်
သမ္မတအိုဘားမား က ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းဌာန၏ သတင်း
တစ်ပုဒ်တွင် ဖော်ပြထားသည်။ နိုင်ငံရေး ပွင့်လင်း လာမှု ကလည်း လုပ်ဆောင်ဆဲ အဆင့်မှာပဲ ရှိပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်လို နေရာမျိုး လူနည်းစု တွေနေတဲ့ နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပဋိပက္ခတွေ ဆက်ဖြစ် နေတာတွေ၊ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး ကိစ္စတွေမှာ စစ်တပ်ပါဝင်မှု တွေကလည်း စိတ်ပူစရာပါ ဟု အိုဘားမား က အမေရိကန် လွှတ်တော် များထံသို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားကြောင်း ရိုက်တာ သတင်းဌာန၏ သတင်းတွင် ဖော်ပြထားသည်။

အိုဘားမား၏ ပြောဆိုချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် ထံသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေး ဆိုခွင့် ရှိသူဦးဉာဏ်ဝင်း အား ဆက်သွယ် မေးမြန်းရာတွင် သူတို့က သူတို့သိတဲ့ သတင်း အချက်အလက်ပေါ် မူတည်ပြီး ပြောတာ ပေါ့လေ။
::
ကျွန်တော်တို့သိတဲ့ သတင်းအချက် အလက် မဟုတ်ဘဲ တခြား သတင်းအချက် အလက်တွေလည်း သိလို့ ပြောတာလည်း ဖြစ်နိုင်ပါတယ် ဟု ပြောသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးအကျဉ်း သားပေါင်း (၁၁၀၀) ကျော်ကို လွှတ်ပေးခြင်း ကဲ့သို့ ကိစ္စရပ်များ အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် တိုးတက်အောင် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတွင်း အလုပ်သမားများ အတွက် စံနှုန်းများ တိုးတက်ရေး အတွက် လုပ်ဆောင် နိုင်ခဲ့ကြောင်း အိုဘားမားက ဆိုသည်။
::
သမ္မတ အိုဘားမားသည် ၂၀၁၂ခုနှစ် က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံခဲ့သည့် အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် လည်း တွေ့ဆုံခဲ့သည်။ 

၂၀၁၃ ခုနှစ်တွင် သမ္မတ အိုဘားမား သည် ၁၉၉၆ ခုနှစ် ကတည်းက ချမှတ် ထားသော မြန်မာနိုင်ငံ စစ်အစိုးရ ခေါင်းဆောင် များ၊ ၎င်း တို့နှင့် ပတ်သက်မှု ရှိသည့် စီးပွားရေးသမားများ နှင့် ဆွေမျိုးများအား အမေရိကန် ပြည်ထောင်စုသို့ လာရောက်ခွင့် ပိတ်ပင်ထားသည်ကို ဖြေလျှော့ ပေးခဲ့သည်။
::
သို့သော် အမေရိကန် နိုင်ငံသားများ မြန်မာပြည်တွင် ၀င်ရောက် မြှုပ်နှံမှု များ ပြုလုပ်ခြင်း၊ ဒီမိုကရေစီ အရေး လှုပ်ရှားမှု များကို ဖိနှိပ်ခဲ့သော ခေါင်းဆောင်များနှင့် ပူးပေါင်းကာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ကန့်သတ်သည့် အရေးယူ ပိတ်ဆို့မှုကိုမူ တစ်နှစ် ထပ်မံ သက်တမ်း တိုးခဲ့သည်။ 

လာမည့် နိုဝင်ဘာလ တွင်လည်း အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ လာရောက်ဖွယ် ရှိသည် ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

The Messenger News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment