Pages

Friday, May 16, 2014

ဘင်္ဂလားဒေ့ရှ်တွင် ဖယ်ရီ သင်္ဘောတစ်စင်း နစ်မြုပ်၊ ယခုအချိန် အထိ လူ(၉)ဦး သေ ဆုံးခဲ့ပြီး၊ (၁၀၀) ကျော် ပျောက်ဆုံး နေဆဲဖြစ်


RangonNewsDaily: May . 16 .2014
ဘင်္ဂလားဒေ့ရှ် နိုင်ငံ အလယ်ပိုင်းတွင် ခရီးသည် အဆမတန် တင်ဆောင် လာသည့် ဖယ်ရီ သင်္ဘောတစ်စင်း မုန်တိုင်းနှင့် ကြုံတွေ့ ခဲ့ပြီး နစ်မြုပ် ခဲ့ခြင်းကြောင့် ယခုအချိန် အထိ လူကိုးဦး သေဆုံး ခဲ့ပြီးဖြစ်ကာ လူရာပေါင်း များစွာမှာ ပျောက်ဆုံး နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် အစိုးရ အရာရှိများက ပြောဆိုခဲ့ သည်။
မနစ်မြုပ်မီ တွင် ခရီးသည် မည်မျှ တင်ဆောင် လာသည် နှင့် ပတ်သက်ပြီး ကွဲပြား သော သတင်းအချက် အလက်များ ကို ရရှိနေဆဲဖြစ်ပြီး၊ ခရီးသည် (၂၀၀) မှ (၃၅၀) ဦးအထိ လိုက်ပါ လာနိုင်ကြောင်းခရိုင် အုပ်ချုပ်ရေးမှူး ဆိုင်ဖူဟာဆင်က အေ
အက်ဖ်ပီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှ (၅၀) ကီလိုမီတာ( မိုင် ၃၀) အကွာ မန်ရီဂန်ဇခရိုင်ရှိ မဂ္ဂနမြစ်ထဲတွင် သင်္ဘော နစ်မြုပ် ခဲ့ခြင်းဖြစ်ပြီး၊ ယခုအချိန် အထိရုပ် အလောင်းကိုးခု ကို ဆယ်ယူ ရရှိ
ခဲ့ပြီးဖြစ် ကြောင်း ၎င်းက ထပ်မံပြောဆို ခဲ့သည်။

သေဆုံးသူများ အနက် (အနည်းဆုံး) နှစ်ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲချုပ် ဖာဒိုးအာမတ် က ပြောဆို ခဲ့သည်။ သင်္ဘောသည် ဒါကာ မှ တောင်ဘက် ရှာရီယာပူရခရိုင် သို့ ဦးတည် ထွက်ခွာလာ ခြင်းဖြစ်ပြီး ကြာသပတေးနေ့ နေ့လယ်ပိုင်း တွင် မုန်တိုင်း တိုက်ခတ်မှု နှင့်ကြုံတွေ့ပြီး နစ်မြုပ် ခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့ သည်။
::
သင်္ဘောသည် ရေအောက်တွင် လုံးဝနစ်မြုပ်နေ ပြီဖြစ်သော ကြောင့် သင်္ဘောတည် ရှိရာ နေရာကို ဦးစားပေး ရှာဖွေ နေ

ရကြောင်း၊ စိုးရိမ်ပူပန်နေ သည့် မိဘ ဆွေမျိုးများသည် မြစ်ကမ်းနံဘေး တွင် စောင့် ဆိုင်းနေကာ ရုပ်အလောင်းများ အား မည်သူမည်ဝါ ခွဲခြား နိုင်ရန် စီတန်းပြီးချထား ပေးခဲ့ကြောင်း အာမတ် က ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မြစ် ၂၃၀ စင်း ကျော်ရှိ နေပြီး ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်း၊ သင်္ဘောပုံစံ ထုတ်လုပ်

မှု ညံ့ဖျင်းခြင်းနှင့် ခရီးသည် များကို သတ်မှတ် ထားသည်ထက် ပိုမိုတင်ဆောင် ခြင်းတို့ ကြောင့် ဖယ်ရီသင်္ဘော နစ်မြုပ်
မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

Messenger News ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment