Pages

Friday, May 16, 2014

ဒူဘိုင်းမှာ အစ္စလာမ်ဘာသာကူးပြောင်းမှု စံချိန်တင်မြန်မာနိုင်ငံသားများလည်းပါဝင်


RangonNewsDaily: May . 16 .2014
လအနည်းငယ်အတွင်း ဒူဘိုင်းက အစ္စလာမ့်ပြန်ကြားရေးစင်တာမှာ လာရောက်ပြီး အစ္စလာမ်သာသနာကိုလက်ခံလာသူ
 နိုင်ငံတကာမှ လူပေါင်းထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်အတွင်း အစ္စလာမ်ဘာသာကို ကူးပြောင်းလာသူတွေဟာ ဒူဘိုင်းမှာ နေထိုင်ပြီး နိုင်ငံတကာမှ လာရောက်
အလုပ်လုပ်ကိုင်သူ အများစုဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀၁၄ခုနှစ် ဇန်န၀ါရီလမှာ အစ္စလာမ်အေးရိပ်ခိုလှုံလာသူ ၂၀၅ ဦးရှိပြီး၊ ဖေဖော်ဝါရီလမှာ ၂၃၈ ဦး၊ မတ်လမှာ ၂၃၇ ဦးနဲ့ နောက်ဆုံး ဧပြီလမှာ ၃၈၃ ဦးအထိ စံချိန်တင် မြင့်တက်လာတာကို တွေ့ရပါတယ်” လို့ ပြန်ကြားရေးစင်တာမှ ဒါရိုက်တာဖြစ်သူ ရရှီးဒ် အလ် ဂျုနိုင်ဘီက ခါလစ်ဂ်ျတိုင်းမ် သတင်းစာကို ပြောပါတယ်။
::
အစ္စလာမ့်အေးရိပ် ခိုလှုံလာသူတွေကတော့ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးယား၊ အမေရိကန်၊ အီတလီ၊ ဂျာမနီ၊ ဗြိတိန်၊ အိုင်ယာလန်၊ သြစတြေးလျနဲ့ လက်တင်အမေရိကနိုင်ငံတို့မှ ဖြစ်ပါ

တယ်။

၂၀၁၄ ခုနှစ်အစပိုင်းကတည်းကဒူဘိုင်းအစိုးရရဲ့ဒါရုအလ်ဘားရ်အဖွဲ့အစည်းကထူထောင်ထားတဲ့ အစ္စလာမ့်ပြန်ကြားရေး

စင်တာကို နေ့စဉ်လာရောက်လည်ပတ်သူ ၁၀၀ ကျော်ရှိပါတယ်။
::
နှစ်စကနေ မေလအထိ စုစုပေါင်း ၁၀၆၃ ဦး အစ္စလာမ်သာသနာကို ကူးပြောင်းလက်ခံခဲ့ပြီဖြစ်တယ်လို့ စင်တာအကြီး

အကဲက ဆိုပါတယ်။

၂ နှစ်တကြိမ် ကျင်းပတဲ့ ဒူဘိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံအတွင်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်း

သူတဲ့ ဘာသာခြား ၂၅၀ ဦးခန့်ရှိပြီး ဒီနှစ်ကျင်းပတဲ့ အခမ်းအနားမှာ ၄၈ ဦး ရှဟာဒတ်ပေးခဲ့ပါတယ်။

စင်တာက မွတ်စလင်မဟုတ်သူတွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်ချက်တွေနဲ့ ဖိတ်ခေါ်ခဲ့တဲ့အတွက်ကြောင့် အခုလို အစ္စလာမ်သာသနာကို ကူးပြောင်းယုံကြည်မှု ရလာဒ်တွေ ထွက်ပေါ်လာတာပါ။
::
သဟဇာတဖြစ်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သနားကြင်နာမှုနဲ့ စတဲ့ အစ္စလာမ်ရဲ့ မူဝါဒတွေက ကြီးမားတဲ့ လူထုကြီးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

“အစ္စလာမ်သာသာနာဝင်ဖြစ်လာတဲ့သူတိုင်းကို ဒူဘိုင်းတရားရုံး၊ အစ္စလာမ်သာသနာရေးဝန်ကြီးဌာနနဲ့ ဒူဘိုင်းလူမှုဖူ

လုံရေးအသင်းတွေက ပူးပေါင်းပြီး သက်သေခံလက်မှတ်တစ်စောင် ထုတ်ပေးပါတယ်”လို့ သူကဆိုပါတယ်။
::
ဒါရုလ်အလ်ဘားရ်ကို ဖွဲ့စည်းထူထောင်ခဲ့တာဆိုရင် နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ အဲဒီနှစ် ၂၀ ကျော်အတွင်းမှာ ဒါရုလ်

အလ်ဘားရ်ဟာ နိုင်ငံပေါင်း ၂၀၀ ကျော်က သစ်လွင်မွတ်စလင် ၂ သောင်းကျော်ကို သက်သေခံထုတ်ပေးပြီး ဖြစ်ပါတယ်။

ဒါရုလ်အလ်ဘားရ်ရဲ့ စာရင်းအရ ၂၀၁၃ ခုနှစ်မှာ အစ္စလာမ်ဘာသာကူးပြောင်းလာသူ ၂၁၁၅ ဦး ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ ၁၉၀၇ ဦးရှိခဲ့တဲ့အတွက် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
::
စာရင်းတွေအရ ၂၀၁၁ခုနှစ်မှာ ၁၃၈၀ ဦး၊ ၂၀၁၀ ခုနှစ်မှာ ၁၅၀၀ ဦး၊ ၂၀၀၉ ခုနှစ်မှာ ၁၀၅၉ ဦးတို့ ကူးပြောင်းလာတ
ယ်
လို့ သိရပါတယ်။

Source : Onislam/khaleej times
ဘာသာပြန် - စိုင်ဖုလ္လာဟ်
Myanmar Muslim Media ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment