Pages

Tuesday, April 8, 2014

ပထမဆုံး မြန်မာစာ Build-in ပါဝင်တဲ့ Huawei စမတ်ဖုန်း Huawei Ascend G6


RangonNewsDaily: April . 8 .2014
Ascend G6 ဟာ မြန်မာနိုင်ငံကို မကြာခင်ရောက်ရှိလာတော့မယ့် ဖုန်းတစ်လုံးပါ။ Huawei စမတ်ဖုန်းတွေထဲ မြန်မာစာ Build-in ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းပေါ့။ ပြည်တွင်းဈေးကွက်ထဲကိုတော့ ဧပြီလအတွင်းမှာ စတင်ရောင်းချသွားပါ လိမ့်မယ်။ G6 အကြောင်းပြောရမယ် ဆိုရင် သူဟာ P6 နဲ့ ညီအစ်ကိုလိုပါပဲ။
P6 နဲ့ ဒီဇိုင်းအသွင်အပြင် တထေရာတည်းတူညီပြီး ပါးလွှာမှု အပိုင်းမှာလည်း နှိုင်းယှဉ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ P6 လောက် အရွယ်အစားမကြီးပေမယ့် အသုံးပြုနိုင်တဲ့ Feature တွေက P6 ထက်တောင် ပိုနေပါသေးတယ်။ G6 ကို ကိုယ်တိုင်စမ်းသပ်ကြည့် လိုက်တော့.......

မြန်မာစာ Build-in ပါဝင်
မိုဘိုင်းဖုန်းမှာ မြန်မာစာသုံးနိုင်ဖို့ ဆိုတာ အရေးကြီးတဲ့ အချက်တစ်ခု
ဖြစ်လာပါတယ်။ ဒါကို Huawei က အလေးထားပါတယ်။ ဒါ့ကြောင့်
မြန်မာစာ Build-in ပါတဲ့ စမတ်ဖုန်းတစ်လုံးကို ဖန်တီးပေးလိုက်တာပါ။
မြန်မာစာ Build-in ပါလာတဲ့အတွက်ကြောင့် ဖုန်းရဲ့ App တွေ၊ Setting တွေ၊ Network ချိတ်ဆက်မှုတွေကအစ မြန်မာဘာသာ
စကားတွေနဲ့ မြင်တွေ့ရပါပြီ။ အားသာချက်က မြန်မာစာဖော်ပြမှုတွေဟာ ပိုမိုရှင်းလင်းပြီး နားလည်ရလွယ်ကူတဲ့ စာသားတွေမြင်တွေ့ရခြင်းပါ။

ရှေ့ကင်မရာကို အလေးပေးထား
G6 မှာ ရှေ့ကင်မရာစွမ်းရည်ကို ပိုအလေးပေးထားတာ တွေ့ရပါတယ်။
ရှေ့ကင်မရာကို 5MP အထိတောင် သုံးပေးထားပါတယ်။ မနည်းလှတဲ့ Pixels အရည်အသွေးပါ။ 88° Wide-Angle ရိုက်ကူးနိုင်မယ့် စွမ်းရည်တွေ ရှိနေပါတယ်။ အသံနဲ့ခိုင်းစေ ရိုက်ကူးနိုင်တဲ့ Voice System လည်း ပါဝင်ပါတယ်။

နောက်ဘက်မှာတော့ Auto Focus လုပ်ပေးနိုင်တဲ့ 8 MP BSI ကင်မရာ တစ်လုံးကို တပ်ဆင်ထားပါတယ်။ အဲဒီကင်မရာမှာ 5P Lens တွေ တပ်ဆင်ထားပြီး F2.0 Aperture စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ အလင်းပြန်မှု အရမ်းများနေတဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ဓာတ်ပုံရိုက်ယူနိုင်အောင် စီစဉ်ပေးမယ့် Blue Glass Infrared Filter တွေကိုလည်း တပ်ဆင်ထားတယ်။ 

HDR စနစ်တွေ၊ မြင်ကွင်းကျယ် Panorama စနစ်တွေ၊ အလှဓာတ်ပုံရိုက်နိုင်မယ့် Beaty Level စနစ်တွေ သုံးနိုင်ပါသေးတယ်။ ထူးခြားချက်တစ်ခုက ဓာတ်ပုံရိုက်ရာမှာ အသံပါဖမ်းယူပေးမယ့် Sound & Shot စနစ်တစ်ခုပါဝင်လာပါတယ်။ Sound & Shot စနစ်က သင့်ရဲ့အမှတ်တရ ဓာတ်ပုံတွေကို ပိုပြီး အမှတ်တရ ရှိသွားစေတာပေါ့။

ဓာတ်ပုံတွေကို တိုက်ရိုက်ပြုပြင်နိုင်
ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို Effect အမျိုးမျိုးသုံးပြီး အလန်းစား ဓာတ်ပုံတွေအဖြစ် ပြုပြင်နိုင်ပါတယ်။ ဘယ် ကင်မရာ App ကိုမှ သုံးနေဖို့မလိုပါဘူး။ G6 ရဲ့ကိုယ်ပိုင်ကင်မရာမှာပဲ တိုက်ရိုက်ပြုပြင်နိုင်ပါတယ်။ 


ဓာတ်ပုံတွေကို လိုအပ်တဲ့အတိုင်းအတာအထိ Croppingဖြတ်နိုင်ပြီး အလင်းအမှောင်ချိန်ညှိခြင်း၊ ဓာတ်ပုံဖရိန်ထည့်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ Effect အမျိုးမျိုးလည်း ပါဝင်ပါတယ်။

Emotion UI 2.0
P6 မှာသုံးထားတဲ့ UI ထက်ဗားရှင်းပိုမြင့်တဲ့ Emotion UI 2.0ကိုသုံးထားတာပါ။ P6 ထက် UI က ပိုပြီးလန်းလာပါတယ်။ Home Screen ကနေနှစ်သက်ရာ App တွေကို အလွယ်တကူ အသုံးပြုနိုင်ခြင်းက Emotion UI ရဲ့အားသာချက်တွေပါ။

စွမ်းဆောင်ရည်
G6 မှာ ၄.၅ လက်မရှိတဲ့ qHD မျက်နှာပြင်ကို သုံးထားတာပါ။ P6 ထက်တော့ အရွယ်အစား သေးပါတယ်။ 4 GB Storage နဲ့ 1 GB RAM ကို သုံးထားပါတယ်။ 1.2 GHz မြန်နှုန်းရှိတဲ့ Quad-core Processor ကိုသုံးထားပါတယ်။ မြန်ဆန်သွက်လက်မှုကို မြင့်မားစွာ စွမ်းဆောင်နိုင်တဲ့ ဖုန်းတစ်လုံးပါပဲ။ 


Android ဗားရှင်း 4.2 (Jelly Bean) ကိုသုံးထားပါတယ်။ ကြာရှည်အသုံးခံနိုင်မယ့် Li-Ion 2000 mAh ဘတ်ထရီကို တပ်ဆင်ထား
ပါတယ်။

သုံးသပ်ချက်
လက်ရှိပြည်တွင်းကို ဝင်ရောက်လာမယ့် G6 ဗားရှင်းက 3G Network သုံး GSM ဆင်းကဒ် သီးသန့်ထည့်သုံးနိုင်တဲ့ ဗားရှင်းပါ။ နောက်ပိုင်းမှာ CDMA အတွက်ရော၊ ဆင်းကဒ်နှစ်ကဒ်အတွက်ရော ဗားရှင်းအသစ်တွေ ထပ်ထုတ်မယ်လို့ သိရပါတယ်။ CDMA ကိုင်ဆောင်သူတွေ စိတ်မပျက်ရတော့ဘူးပေါ့။

Specifications
- 4.5 inches qHD Display
- GSM 3G Network
- 4 GB Storage, 1 GB RAM
- 8MP Back & 5MP Front Camera
- Android OS, v4.2 (Jelly Bean)
- Quad-core 1.2 GHz Processor
- Li-Ion 2000 mAh Battery


USD 250 Around ( ခန့်မှန်း ၂၅၀,၀၀၀ ကျပ်ဝန်းကျင်)

(TSJ Team) , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment