Pages

Tuesday, April 8, 2014

ကမ္ဘာ့အပါးလွှာဆုံး အပေါ့ပါးဆုံး Tablet


RangonNewsDaily: April . 8 .2014
ကမ္ဘာ့ပထမဆုံးဆိုတဲ့ စံချိန်စံညွှန်းတွေကို Techspace ပရိသတ်ကြီး ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီလို ပထမဆုံး ဆိုတဲ့ စံချိန်စံညွှန်း တွေနဲ့ အကောင်းဆုံး ဆိုတဲ့ မိုဘိုင်း Device တွေကို Brand အသီးသီးက အပြိုင်အဆိုင် ထုတ်လုပ်လျှက်ရှိကြပါတယ်။
ဒီလို ထုတ်လုပ်လာကြတဲ့ တစ်လျှောက် ကမ္ဘာ့အပါးလွှာဆုံး အပေါ့ပါးဆုံးဆိုတဲ့ စာရင်းထဲ ထိပ်ဆုံးရောက်ရှိ လာတာကတော့
 Sony Xperia Z2 Tablet ပဲ ဖြစ်ပါတယ်။ Z2 Tablet ပြည်တွင်းဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ပါပြီ။ ကိုယ်တိုင်သွားရောက်လေ့
လာကြည့်တဲ့အခါမှာလည်း Z2 Tablet ဟာ စိတ်ဝင်စားဖွယ်ရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။

အပါးလွှာဆုံး အပေါ့ပါးဆုံး

အပါးလွှာဆုံး အပေါ့ပါးဆုံးဆိုပြီး သတ်မှတ်ရတဲ့ အကြောင်းအရင်း ခိုင်ခိုင်မာမာရှိပါတယ်။ သူ့ရဲ့ 6.4 mm ကိုယ်ထည်အထူက တက်ဘလက်တွေထဲ အပါးလွှာဆုံးလို့ သတ်မှတ်ထားတဲ့ iPad Air ကိုတောင် ကျော်တက်သွားနိုင်ခဲ့ပါတယ်။ မျက်
စိထဲ မြင်အောင်
 ပြောရမယ်ဆိုရင် Huawei Ascend P6 ကို သိကြတယ်မဟုတ်လား။ 

သူလည်းတစ်ချိန်တုန်းက အပါးလွှာဆုံး ဖုန်းတစ်လုံးလို့ သတ်မှတ်ခံခဲ့ရတာပေါ့။ ရှင်းရှင်းပြောရရင် Z2 Tablet ဟာ Ascend P6 နီးပါးလောက်ကို ပါးတယ်။ ကိုင်ကြည့်လိုက်တော့ တက်ဘလက်မှန်းကို မသိသာဘူး။ သူ့ရဲ့ အလေးချိန်ကြောင့်လည်း ပါမယ်ထင်တယ်။ 

သူ့ရဲ့အလေးချိန်က 440 grams ပဲရှိတယ်။ မော်ဒယ်ဟောင်း Tablet Z ထက် အများကြီး ပေါ့လာတဲ့အပြင် iPad Air ထက်လည်း အများကြီး ပေါ့ပါးတယ်။ ၁၀.၁ လက်မမျက်နှာပြင်နဲ့ ပါးပါးလျလျ ဒီဇိုင်းက မြင်သူတကာကို ငေးသွားလောက်စေတယ်။

မျက်နှာပြင်ပိုင်းမှာလည်း အားရတယ်

Z2 Tablet ကို Gaming ပိုင်းအတွက် ပိုပြီးအားထည့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ရုပ်ထွက်ပိုင်းအတွက် နည်းပညာ အမျိုးမျိုးကို သုံးစွဲထားတယ်။ X-Reality စနစ်သုံး TRILUMINOS Display ကိုသုံးထားတဲ့အတွက် 1920 x 1200 Pixels အပြည့်အဝနဲ့ မြင်ကွင်းတွေကို အကြည်လင်ဆုံး ကြည့်ရှုခံစားနိုင်စွမ်းရှိတယ်။ ဘယ်လိုရှုထောင့်မျိုးကနေ မဆို အဆင်ပြေပြေ ကြည့်ရှုနိုင်မယ့် မြင်ကွင်းဖော်ပြမှု ရှိနေပါတယ်။ ရုပ်ထွက်ပိုင်းတင်မကဘူး အသံထွက်ပိုင်းမှာပါ Digital noise cancellation စနစ်တွေ သုံးပြီး 98% Noise တွေရှင်းလင်းထားတဲ့ အသံတွေကို ဖော်ထုတ်ပေးနိုင်တယ်။

စွမ်းဆောင်ရည်က ပိုမိုက်တယ်
Z2 Tablet ကိုရေစိုခံနိုင်ဖို့ IP55/IP58 နည်းပညာတွေ သုံးထားတယ်။ IP57 သာသုံးထားတဲ့ Tablet Z ထက် ရေစိုခံနိုင်စွမ်းမှာ ပိုသာနေတယ်။ အားရစရာကောင်းတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ ဒါကတော့ Qualcomm ရဲ့နောက်ဆုံးထုတ် Performance အမြင့်ဆုံး Snapdragon 801 Processor ကိုသုံးထားခြင်းပါပဲ။ သူက Performance
မြင့်ပါတယ်ဆိုတဲ့ ဂိမ်းတွေကို ကောင်းကောင်းကိုင်တွယ်နိုင်စွမ်း ရှိတယ်။ ဂရပ်ဖစ်အတွက် ပုံမှန်ထက် ၂၀% ပိုမြင့်တဲ့ Adreno 330 GPU ကို သုံးပေးထားတယ်။ RAM ကို 3 GB အထိ သုံးပေးထားသိရင် ဖျားသွားလောက်တယ်။

ကင်မရာမှာ ထူးထူးဆန်းဆန်း Effect တွေပါဝင်တယ်

အကြိုက်ဆုံးကတော့ ကင်မရာပိုင်းပါပဲ။ Xperia Z2 စမတ်ဖုန်းမှာ သုံးနိုင်တဲ့ ကင်မရာ Effect တွေကို Z2 Tablet မှာ တစ်ဖန် ပြန်လည်ပါဝင်လာတယ်လို့ သိရပါတယ်။ ကင်မရာက 8MP လောက်သာ ပါဝင်ပေမယ့် Exmor RS စနစ်က ပုံရိပ်ဖမ်းယူတဲ့အခါ အံမခမ်းအရည်အသွေးတွေအဖြစ် ဖမ်းယူနိုင်တယ်။ အဆင့်မြင့် Effect တွေသုံးနိုင်သလို Manual Setting ချိန်ပြီးတော့လည်း ရိုက်ကူးနိုင်ပါသေးတယ်။


နောက်ခံမြင်ကွင်းကို ဝေဝါးပေးမယ့် Background defocus စနစ်၊ ကာတွန်းဇာတ်ကောင်တွေ ပါဝင်ရိုက်ကူးနိုင်မယ့် AR effect စနစ်စတဲ့ ထူးခြားတဲ့ စနစ်သစ်တွေကို ထိတွေ့နိုင်ခွင့်ရစေပါတယ်။


၆၀၉,၀၀၀ ကျပ်ဝန်းကျင်


 (TSJ Team) , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment