Pages

Tuesday, April 8, 2014

ကမ္ဘာအေးစေတီလမ်းမပေါ်က သီရိရှင်းသန့်တို့ သူငယ်ချင်းတွေရဲ့ Elements မဏ္ဍပ်


RangonNewsDaily: April . 8 .2014
သီရိရှင်းသန့်က ဒီနှစ်သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ အတူ ကမ္ဘာအေး ဘုရားလမ်းမှာ မဏ္ဍပ်ဆောက်မှာဖြစ်ပြီး မဏ္ဍပ်နာမည်ကိုတော့ Elements လို့ပေးထားကြောင်း သိရပါတယ်။ ကိုယ့်မဏ္ဍပ်နဲ့ကိုယ်ဖြစ်တာကြောင့် ပိုပြီးလုံခြုံမှုရှိတယ်ဆိုတဲ့ သီရိရှင်းသန့်က..
" သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ စုပြီး မဏ္ဍပ်ထိုးမယ်။ Elements လို့ နာမည်ပေးထားတယ်။ နေ၊ ရေ၊ လေ၊ မီးဆိုပြီး ဓာတ်ကြီးလေးပါးလုပ်ထားတယ်။ ပထမ အကြိုရက် ဆိုရင် နေ၊ ပြီးရင် ရေလာမယ်။ လေ လာမယ်။ မီး လာမယ် ဆိုပြီး လုပ်ထားတာပါ။ အရင့်အရင် လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကလုပ်ချင် တယ်။ သူငယ်ချင်းတွေမစုမိတာလည်း ပါတယ်။ လုပ်မယ်ဆိုပြီး မလုပ်ဖြစ်ဘူး။ ပျက်သွားတယ်။ ဒီနှစ်တော့ ရအောင်လုပ်မယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်သင်္ကြန်ပြီး ပြီးချင်းမှာပဲ ကြိုတင်ပြီးတိုင်ပင်ထားတယ်။ 

သူများမဏ္ဍပ်သွားတာက ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးယုံကြည်မှုမရှိဘူး။ Safe လည်း မဖြစ်ဘူး။ ကိုယ့်မဏ္ဍပ်ကျတော့ ကိုယ့်ရဲ့လုံခြုံရေးနဲ့ ဖြစ်တယ်။ ကိုယ့်ပရိသတ်တွေနဲ့ ထိတွေ့ချင်တာလည်းပါတယ်" လို့ပြောပါတယ်။ 

သင်္ကြန်မှာလည်း ပရိသတ်တွေအတွက် အဓိကတော့ လုံခြုံရေးဖြစ် ပြီး အန္တရာယ်မရှိဘဲနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကူး နိုင်ကြပါစေလို့ဆုတောင်း ပေးခဲ့ပါတယ်။ သီရိရှင်းသန့်က တရုတ်ဇာတ်လမ်းတွဲမှာ အသံနဲ့သရုပ်ဆောင်ခဲ့သလို ဗီဒီယိုဇာတ်ကားတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်သွား ဖို့ရှိကြောင်း သိရပါတယ်။

Popular Journal , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment