Pages

Friday, March 14, 2014

ပြည်ပ အခြေစိုက် SQUAR မှ မြန်မာ ဒီဇိုင်းနာ တစ်ယောက်၏ ဒီဇိုင်းကို ခိုးယူသုံးစွဲပြီး မိုက်ရိုင်းစွာ ပြောဆို ဆက်ဆံ

RangonNewsDaily: March . 14 .2014
မြန်မာ ဒီဇိုင်း ပညာရှင် ကိုမောင်းမောင် မှ ၂၀၁၁ ခုနှစ်တွင် ဒီဇိုင်းပြုလုပ်ခဲ့သော ဘီလူးပုံတစ်ပုံ အား ပြည်ပအခြေစိုက် ကုမ္မဏီ SQUAR မှထုတ်လုပ်သော ဂိမ်းတစ်ခုတွင် ခိုးယူသုံးစွဲပြီး ဗီယက်နမ် ဒီဇိုင်း ပညာရှင် တစ်ယောက် ရေးဆွဲသည်ဟု ဆိုကာ မြန်မာဒီဇိုင်း ပညာရှင် ကိုမောင်းမောင် အား Facebook ပေါ်တွင် SQUAR မှ ဝန်ထမ်းများ က မိုက်ရိုင်းစွာ ပြောဆို ဆက်ဆံခဲ့သောကြောင့်မြန်မာ ဒီဇိုင်း ပညာရှင် များ အသိုင်းအဝိုင်းတွင် မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

ထိုသို့ မြန်မာ ဒီဇိုင်း ပညာရှင် ကိုမောင်းမောင် အား မိုက်ရိုင်းစွာ ပြောဆို ဆက်ဆံခဲ့သော်လည်း SQUAR ထံမှ မည်သည့် ဝန်ချ
တောင်းပန်မှု ကို မှ လက်ခံ မရရှိကြောင်း ကိုမောင်းမောင် ၏ Facebook တွင်ရေးသားဖော်ပြထားသည်။
SQUAR သည် နိုင်ငံခြားသားများ ဦးစီးသော ကုမ္မဏီ ဖြစ်ပြီး ထိုသို့ ခိုးယူပြီး မိုက်ရိုင်းစွာတုန့်ပြန် ပြောဆို ခြင်းမှာ မြန်မာ ပညာရှင်များအား နှိမ့်ချဆက်ဆံခြင်းကြောင်း မြန်မာပညာရှင် အသိုင်းအဝိုင်းတွင် ဝေဖန်သံများထွက်ပေါ်နေကြောင်းသိရှိရပါသည်။

MyanmarTodayNews's , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment