Pages

Friday, March 14, 2014

သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် နေသူများကို မိဘပြည်သူများမှတွေ့ရှိပါက ရဲတပ်ဖွဲ့သို့အမြန်ဆုံး သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း


RangonNewsDaily: March . 14 .2014
၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့်သူငယ်ချင်း(၅)ဦးတို့ သာကေတမြို့နယ် ရန်ပြေထိပ်အနီး
ရှိ အရက်
ဆိုင်တွင် အတူအရက်သောက်ခဲ့ကြပြီးပြန်လာခဲ့ကြစဉ် အချင်းချင်းဖုန်းဆက်ပြီးဆဲဆိုကာပြောနေသည်ကို အနီးရှိလမ်းဘေးတွင်
ထိုင်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က၎င်းတို့ကိုဆဲသည်ဟုထင်ကာနှစ်ဖက်စကားများခဲ့ကြကြောင်း၊
ထိုစဉ် အနီးရှိအမျိုးသား(၂)ဦးရောက်ရှိလာပြီး ၎င်းတို့ကို ၀ိုင်းဝန်းထိုးကြိတ်ကာဓါးဖြင့်ထိုးခဲ့ကြသဖြင့် သူငယ်ချင်းဖြစ်သူဝေယံစိုးမှာ ရင်ဘတ်၌ ထိုးသွင်း ဒဏ်ရာရရှိကာသေဆုံးခဲ့ရသည့်အပြင် ချစ်စမ်းမောင်နှင့်ဝင်းထက်အောင်တို့တွင်လည်းဓါးဒဏ်ရာများရရှိခဲ့
ကြောင်းနှင့် ထိုသို့ ပြစ်မှုကျူးလွန်သူများကို စုံစမ်းအရေးယူပေးပါရန် ဦးကျော်ထင်ဦးမှတိုင်တန်းခဲ့သဖြင့်သာကေတမြို့မရဲစ
ခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့်အမှုဖွင့်ကာ ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများအား စုံစမ်းဆောင်ရွက်ခဲ့ရာ ရဲနိုင် (၂၉)နှစ်၊ (ဘ)ဦးသန်းနိုင်၊ (မ/၁၅၃/၁၅၄)၊ ရန်အောင်တိုးချဲ့ (၁)လမ်း၊ (၃/ရန်ပြေ)ရပ်ကွက်၊ သာကေတမြို့နယ်နှင့် ဘောကြီး (ခ)သိန်းထိုက်အောင်(၂၁)နှစ်၊ (ဘ)ဦးအောင်ကြီး၊ (မ/၁၉)၊ ရန်ပြေ(၂၁)လမ်း၊ (၃/ရန်ပြေ)ရပ်ကွက်၊ သာကေတမြို့နယ်နေသူတို့မှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ၎င်းတို့မှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှဆောင်ရွက်လျက်ရှိပါသည်။

၎င်းတို့အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့်လည်း ၎င်းတို့နှင့်ပတ်သက်
သည့် သတင်းများရရှိပါက
အောက်ဖေါ်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီသတင်းပေးနိုင်ပါရန်မေတ္တာရပ်ခံအပ်ပါသည်-

၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
၀၉-၅၂၄၀၁၂၂ (ရဲမှူး-ဦးစီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
၀၁- ၂၀၁၇၆၀(အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁- ၅၅၆၇၄၉(သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၅၆၈၆၅(သာကေတမြို့မရဲစခန်း)။

Yangon Police , 
kolatt(PBDN)
RangonNewsDaily



0 comments:

Post a Comment