Pages

Friday, March 14, 2014

ပျောက်ဆုံးနေသော မလေးရှား လေယာဉ် အိန္ဒိယ သမုဒ္ဒရာတွင် ရှာဖွေရန် ပြင်ဆင်


RangonNewsDaily: March . 14 .2014
ပျောက်ဆုံးနေသည့် လေယာဉ် ခရီးစဉ် အမှတ် MH 370 ကို ကူညီရှာဖွေ ပေးနေကြသော အမေရိကန်မှ အာရုံစိုက် ရှာဖွေမှုများကို အိန္ဒိယ သမုဒ္ဒရာ ဒေသအတွင်းသို့ ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် ၎င်းပြောင်းလဲရှာဖွေမှုမှာ တိကျသေချာသည့် သက်သေများကို တွေ့ရှိမှုကြောင့် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
စုံစမ်းရှာဖွေမှု အသစ်များကြောင့် ရှာဖွေသည့် ဧရိယာကို ပိုမို ဖြန့်ကျက်ရခြင်း ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ ဂျေးကာနေးမှ ပြောဆိုခဲ့သည်။ လေယာဉ်မှာ လူပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ပြီး စနေနေ့က ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ကျယ်ပြန့်သည့် ဧရိယာအတွင်း ရှာဖွေမှုနှင့် ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ရှာဖွေခြင်းမှာ အောင်မြင်မှု မရခဲ့ပေ။

ဖြစ်နိုင်ချေ ခန့်မှန်းချက်များနှင့် သတင်းအချက်အလက် အသစ်များအပေါ် မူတည်ပြီး အိန္ဒိယ သမုဒ္ဒရာ ဒေသတဝိုက်တွင် မည်ကဲ့သို့သော ရှာဖွေရေး အထောက်အကူ ပစ္စည်းများကို နေရာချ အသုံးပြု ဆောင်ရွက်ရမည်ကို အမေရိကန် အနေဖြင့် မလေးရှားအစိုးရ နှင့်အတူ ဆွေးနွေးညှိနှိုင်းလျက် ရှိသည်။ သို့ရာတွင် ၎င်းရှာဖွေမှုကြောင့် မျှော်လင့်ချက်များကို မြင့်တက်လာစေရန် အတွက် တိကျသေချာစွာ လုံလောက်သော အထောက်အထား မရှိကြောင်း ပြောဆိုခဲ့သည်။

အမေရိကန် ဖျက်သဘောင်္ USS Kid ကိုလည်း ထိုင်းပင်လယ်ကွေ့အတွင်း ရှာဖွေရာ နေရာမှ မလေးရှား အနောက်ပိုင်း ကမ်းခြေသို့ ပြောင်းရွှေ့ နေရာချထားခဲ့ကြောင်း အမေရိကန် ရေတပ်မှ ကြေငြာခဲ့သည်။ ၎င်းအချိန်များအတွင်း မလေးရှား အစိုးရ၏ အကူအညီ တောင်းခံမှုကြောင့် အိန္ဒိယ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်များမှာလည်း လေယာဉ်ပျောက်ကို ကူညီ ရှာဖွေလျက် ရှိသည်။

ဘိုးအင်း စံနစ်ကြောင့် လေယာဉ် အနေဖြင့် ပျောက်ဆုံးပြီးနောက် အင်ဂျင် အချက်အလက်များကို လေးနာရီ ကြာသည်အထိ ဆက်လက် ထုတ်လွှင့်ခဲ့ကြောင်း အမေရိကန် အရာရှိများမှ ပြောဆိုခဲ့သည်။ ဘိုးအင်း 777-200 သည် အချက်အလက်များကို ဂြိုလ်တုသို့ ပေးပို့ခြင်း မဟုတ်ပဲ အခြားသော ဆက်သွယ်ရန် နေရာသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း အမည် မဖော်လိုသော အရာရှိ တစ်ဦးမှ ပြောဆိုခဲ့သည်။

လေယာဉ် ပျံသန်းနေစဉ်တွင် လေယာဉ် အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်နေသည်ကို သိရှိရမည့် ဂြိုလ်တု ဝန်ဆောင်မှုကို ဘိုးအင်းမှ ကမ်းလှမ်းခဲ့သည်။ ၎င်းဝန်ဆောင်မှု အကြောင်းကို မရှင်းလင်းခဲ့သော်လည်း လေယာဉ်အနေဖြင့် သတင်းအချက်အလက်များကို ဂြိုလ်တုသို့ အလိုအလျောက် ပေးပို့လျက် ရှိကြောင်း မလေးရှား လေကြောင်းလိုင်းမှ ပြောဆိုခဲ့သည်။

ရေဒါတွင် ဖမ်းမိသော နေရာမှနေ၍ လေယာဉ် အနေဖြင့် မိုင်ပေါင်း ၁၀၀၀ ကျော် ပျံသန်းခဲ့ကြောင်းကို ရှာဖွေရာတွင် ဦးဆောင်သူများမှ ယုံကြည်ကြသည်။ လေယာဉ် အနေဖြင့်လည်း နောက်ထပ် လေးနာရီကျော် ကြာအောင် ပျံသန်းနိုင်ရန် ဆီအလုံ အလောက်ရှိကြောင်း ပြောဆိုထားသည်။

လေယာဉ်ရှိ တပ်ဆင်ထားသော ဆယ်သွယ်ရေး စံနစ် နှစ်ခုမှ အချက်အလက် ထုတ်လွှင့်ခြင်းကို ခြားနားသော အချိန်များတွင် ရပ်တန့်ခဲ့ကြောင်း အမေရိကန် အရာရှိနှစ်ဦးမှ ပြောဆိုခဲ့သည်။ လေယာဉ် အနေဖြင့် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရခြင်း မရှိကြောင်း ၎င်းပြောဆိုချက်အရ ဖြစ်နိုင်ချေ ရှိသည်။

အင်ဂျင် ထုတ်လုပ်သည့် ရိုးရွိုက်နှင့် မလေးရှား လေကြောင်းလိုင်းမှ တိကျသေချာမှု မရှိဟု ပြောဆိုပြီး လေယာဉ် အင်ဂျင်မှ သတင်း ထုတ်လွှင့်ခြင်းအား မလေးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ငြင်းပယ်မှုကို ကြာသပတေးနေ့ အစောပိုင်းက ပြုလုပ်ခဲ့သည်။

REF: BBC
The Myanma Age , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment