Pages

Monday, March 17, 2014

HUAWEI Show Room & Service Center ဖွင့်လှစ်


RangonNewsDaily: March . 17 .2014
HUAWEI Show Room & Service Center ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ ၇၈ လမ်း ၊ ၃၃x၃၄ လမ်းကြားတွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ၊ မြို့တော်ဝန် ဦးအောင်မောင်း ၊ HUAWEI မှ တာဝန်ရှိ သူများက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
HUAWEI ကုမ္ပဏီ သည် ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ရာ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ရုံးခွဲများ ထားရှိခြင်း ၊ ကမ္ဘာ့ လူဦးရေ၏ ၂ ဘီလီယံ ကျော်ကို Telecommunication နှင့် ပတ်သက်သော ၀န်ဆောင်မှု ပေးခြင်း ၊ ၂၀၀၃ ခုနှစ်တွင် Smartphone ဈေးကွက်တွင်း ၀င်ရောက် ခဲ့ရာ IDM မှတ်တမ်းအရ ၂၀၁၃ ခုနှစ်တွင် Smartphone နံပါတ်(၃) နေရာ ချိတ်နိုင်ခဲ့ခြင်း ၊

လူကြိုက်များ ရေပန်းစားဖုန်း အဖြစ် ရပ်တည်လျက် HUAWEI ၊ Ascend G 730 သည်ည ၅ ဒသမ ၅ လက်မ HD မျက်နှာပြင် ၊ Quad care CPU 1.3 GHz ဆင်းကတ် နှစ်ကတ် အသုံးပြု နိုင်ခြင်း ၊ မြန်နှုန်းမြင့် 21 Mbps ကွန်ရက် ချိတ်ဆက်ခြင်း ၊ ထောက်ပံ့မှု အသုံးပြုရ လွယ်ကူသော Emotion U120 ရှိကြောင်း သိရှိရသည်။ 

Themyawadydaily , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment