Pages

Monday, March 17, 2014

ကချင်ပြည်နယ် အင်းတော်ကြီး ရွှေမဉ္ဇူဘုရားပွဲ နောက်ဆုံးရက်တွင် မီးလောင်

တည်းခိုဆောင်နှင့် စားသောက်ဆိုင်များ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်
RangonNewsDaily: March . 17 .2014
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားပွဲ နောက်ဆုံးရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျပ် ၃၇၅၀၀၀ (သုံးသိန်းခုနစ်သောင်းငါးထောင်) တန်ဖိုးရှိ ရုံးမိုး၊ ရုံးကာ တည်းခိုဆောင် ၁၀ ခန်း၊ စားသောက်ဆိုင်အကြီး လေးဆိုင် မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
ယင်းမီးလောင်မှုသည် မတ် ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ ပွဲတော်အတွင်း ဆိုင်ခန်းပေါင်း ရာဂဏန်း ရှိနေသော်လည်း မီးသတ်သမားများမှာ ဘုရားပွဲ လုံခြုံရေးအတွက်သာ ရောက်ရှိနေခြင်းဖြစ်ပြီး မီးသတ်ကား တစ်စီးမျှ မတွေ့ရချေ။ ယင်းမီးလောင်မှုကို ဒေသတွင်းလူများနှင့် မီးသတ်လူငယ်များက စုပေါင်းငြှိမ်းသတ်ခဲ့ပြီး မီးလောင်ဆိုင်ခန်းများမှ ပစ္စည်းငွေ လုယူထွက်ပြေးမှုများလည်း ရှိခဲ့ပြီး ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။

ယင်းမီးလောင်မှုမှာ တည်းခိုဆောင်အစွန်မှ စတင်ခဲ့ခြင်းဖြစ်ပြီး တည်းခိုခန်းပိုင်ရှင်အား စစ်ဆေးနေဆဲဖြစ်ကာ လုံတုံရဲစခန်းတွင် (ပ) ၆/၂၀၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

စလောင်ရသည့် အကြောင်းအရင်းမှာ ဘုရားဖူးဧည့်သည်များမှ စွန့်ပစ်ခဲ့သည့် ဆေးလိပ်မီးကြွင်းမှတစ်ဆင့် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆိုင် မီးလောင်ခံရသည့် ဒေသခံတစ်ဦးက “၁၄၅ နှစ်ရှိပြီ ဘယ်နှစ်ကမှ မကြားဖူးဘူး။ ဆိုင်တွေကို ငွေတွေဖိကောက်ပေမယ့် မီးသတ်ကားတစ်စီးလောက် မထားကြတာလည်း အပြစ်ပါပဲ။ 


မီးကမြန်လွန်းလို့ ကလေးတွေနှိုပြီး မနည်းပြေးရတယ်။ ရောင်းရငွေ၊ ဖုန်းလည်းမယူနိုင်လိုက်ဘူး၊၊ ပစ္စည်းတန်ဖိုးချည်း သိန်း ၅၀ ကျော်တယ်ဗျာ” ဟု ၀မ်းနည်းစကားဆိုသည်။ 

အင်းတော်ကြီး ရွှေမဉ္ဇူဘုရားပွဲသည် ကချင်ပြည်နယ် ဘုရားပွဲတော်များအနက် အစည်ကားဆုံးပွဲတော်ဖြစ်ပြီး နှစ်စဉ်တပေါင်းလဆန်း ၁၁ ရက်မှ တပေါင်းလပြည့် ၁၅ ရက်အထိ ငါးရက်တိုင်တိုင် နှစ်စဉ်ကျင်းပကာ တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင် သိန်းဂဏန်း လာရောက်လေ့ရှိသည်။

Eleven Media , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment