Pages

Monday, March 17, 2014

Nokia ၏ ပထမဆုံး Android စနစ်သုံး Nokia X တရုတ်နိုင်ငံတွင် ကြိုတင်အမှာစာ ၁ သန်းရှိ


RangonNewsDaily: March . 17 .2014
ကမ္ဘာ့ မိုဘိုင်းညီလာခံတွင် Nokia X မိုဘိုင်းအား Nokia ကုမ္ပဏီ၏ ပထမဆုံး Android စမတ်ဖုန်းအဖြစ် စတင်မိတ်ဆက်လိုက်သည်။
Nokia X မိုဘိုင်းသည် အိန္ဒိယ နှင့် မလေးရှားနိုင်ငံများတွင် ရောင်းတန်းဝင်လျက်ရှိပြီး၊ တရုတ်နိုင်ငံမှ ကြိုတင်မှာယူ နေသောဖုန်းဖြစ်လာသည်။
Nokia  ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် လူသုံးများသော Weibo ဆိုရှယ်မီဒီယာ မှတဆင့်ရောင်းချခဲ့ရာ တရုတ်နိုင်ငံတွင် လေးရက်အတွင်း ၄င်းစမတ်ဖုန်း ကြိုတင်မှာယူမှုမှာ ၁ သန်း အထိ ရောက်ရှိလာခဲ့သည်။
ဖင်လန်ကုမ္ပဏီတစ်ခုက တရုတ်နိုင်ငံအတွင်းမည်မျှရောင်းရမည်ကို မခန့်မှန်းနိုင်သော်လည်း တရုတ်နိုင်ငံဈေးကွက်အတွင်းတွင်  အသက်သာဆုံးဈေးနှင့် ရောင်းရလိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။
Nokia X မိုဘိုင်းသည် မတ်လ (၂၅) ရက်နေ့တွင် စတင် တင်သွင်းမည်ဖြစ်ပြီး၊ မဖြန့်ချီမီ ယခုအပတ်များအတွင်း မည်မျှကြိုတင်မှာယူမှုများရှိသည်ကို ဆက်လက် စောင့်ကြည်ရမည်ဖြစ်သည်။            

kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment