Pages

Sunday, March 16, 2014

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှဗီတိုအာဏာသုံး ပယ်ဖျက်


RangonNewsDaily: March . 16 .2014
ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသ ရုရှကိုပူးပေါင်းရေး လူထုဆန္ဒခံယူပွဲကို တရားမ၀င်ကြောင်း ကြေညာရေးနဲ့ နိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေက အသိအမှတ် မပြုရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှအစိုးရက မတ်လ ၁၅ ရက်နေ့က ဗီတိုအာဏာသုံး ပယ်ဖျက်လိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲပေးမှု မလုပ်ခင်တည်းက ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ်ကြီး ဗစ်တာလေ ချာကင် က ရုရှဟာ ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်မဲပေးမယ်ဆိုတာ ဘယ်သူ့အတွက်မှ လျှို့ဝှက်ချက် မဟုတ်တဲ့ ကိစ္စပဲလို့ ပြောခဲ့ပြီးသားပါ။
ခရိုင်းမီးယားပြည်သူတွေဟာ သူတို့ရဲ့အနာဂတ်ကိုသူတို့ ဆုံးဖြတ်ခွင့်ရှိတဲ့နေရာမှာ စီစဉ်ပြီးသား လူထုဆန္ဒခံယူပွဲကို တရားမ၀င်ဘူးလို့ ကြေညာတာကို ကျနော်တို့က အခြေခံယူဆချက်အရနဲ့ကို ဆက်မသွားနိုင်ဘူးလို့ သူက ပြောပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံထဲက ၁၃ နိုင်ငံက ထောက်ခံမဲ တရုတ်ကကြားနေမဲနဲ့ ရုရှက ကန့်ကွက်မဲ ပေးခဲ့တာပါ။ ရုရှနဲ့ တရုတ်တို့က လုံခြုံရေးကောင်စီတွင်း ဗီတိုအာဏာ သုံးခွင့်ရှိတဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်ပါတယ်။


ခရိုင်းမီးယားဒေသတွင်း မတ်လ ၁၆ ရက်နေ့က မဲပေးမှုကို ယူကရိန်းအစိုးရက တရားမ၀င်ဘူးလို့ ကြေညာပလပ်ခဲ့ပြီး စစ်အေးခေတ်အပြီး အရှေ့အနောက် အကျပ်အတည်းရဲ့အဆိုးရွားဆုံး အခြေအနေဖြစ်အောင် အစပျိုးပေးတဲ့ လုပ်ရပ်လို့ ဆိုပါတယ်။
ခရိုင်းမီးယား ဒေသအတွက်သာမက မတ်လ ၁၄ ရက်နေ့နှောင်းပိုင်းက အဓိကရုဏ်းအတွင်း လူ ၂ ယောက် ထပ်သေဆုံးခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းမှာပါ တင်းမာမှုတွေ တိုးလာအောင် တဖက်သတ် လုပ်ဆောင်မှု လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။

DVB , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment