Pages

Sunday, March 16, 2014

ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားထီးတင်ပွဲ စည်ကားစွာကျင်းပ


RangonNewsDaily: March . 16 .2014
ဧရာဝတီ တိုင်းဒေသကြီး မော်တင်စွန်းရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းဘုရား ပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကြီးကြပ်၍ ယခုနှစ် တပေါင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ ဘာသာရေး ပဋ္ဌာန်းရွတ်ပွဲများ၊ ကြည့်ချင်ဖွယ်ဇာတ်ပွဲများ၊ ဈေးပွဲတန်း များ၊ စားသောက်ဆိုင်တန်းများ၊ပင်လယ်ရေထွက်ပစ္စည်းများ ရောင်းချ ပေးလျက်ရှိရာ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
ဘုရားပွဲတော်သို့ သွာရောက်ကြ မည့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး များကို ပုသိမ်-မော်တင်စွန်းကားလမ်း မှ ခရီးသွားဘတ်စ်ကားကြီးများနှင့် သယ်ယူပို့ဆောင်ပေးလျက်ရှိသလို ရေလမ်းခရီးဖြင့်သွားလိုသူများအတွက် ကိုလည်း ပုသိမ်ဆိပ်ကမ်းမှ တစ်ထပ်၊ နှစ်ထပ်၊ သုံးထပ်ရှပ်ပြေး ရေယာဉ်ကြီး များဖြင့် နေ့/ညပို့ဆောင်ပေးလျက်ရှိရာပုသိမ်ဆိပ်ကမ်းမှသင်္ဘောထွက်ချိန် နှင့် မော်တင်ဆိပ်ကမ်းသင်္ဘောဆိုက် ချိန်တို့တွင် အဆိုတော် သန်းထွန်းလေး ၏ကျွန်တော့်မမပုသိမ်သူ တေးသီချင်း သံများက လွှမ်းမိုးလျက်ရှိသည်။

ယခုနှစ် မော်တင်စွန်းဘုရားပွဲတော်သို့တာချီလိတ်နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော်၊ မွန် ပြည်နယ်မှ ကျိုက်ထီးဆောင်းဆရာ တော် ကရင်ပြည်နယ်မှ မြိုင်ကြီးငူ ဆရာတော်များကြွရောက်၍ ဘုရား ဖူးလာကြသည်ကိုတွေ့ရပြီး မြန်မာ ပြည်အရပ်ရပ်မှ ဘုရားဖူးများဖြင့် ယမန်နှစ်ကထက်နှစ်ဆ ကြက်ပျံမကျ စည်ကားလျက်ရှိသည်ကို တွေ့ရ သည်။


အထူးသဖြင့် ရေလမ်းခရီးကို ကြောက်သော အထက်အညာဒေသ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းဒေသတို့မှ ဘုရားဖူးများက ပုသိမ်-မော်တင်စွန်း ကားလမ်းမှ လာရောက်ဖူးမြော် ကြသလို ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဘုရားဖူးများက ပုသိမ်မှတစ်ဆင့် ရေလမ်းခရီး ရှပ်ပြေးယာဉ်များဖြင့် သွားရောက်ဖူးမြော်ကြသည်။


မော်တင်စွန်း ဘုရားပွဲကို နာဂစ်မုန်တိုင်း ပြီးကတည်းက ရေလမ်းခရီးဆို ကြောက်နေကြသည့် ဟိုင်းကြီးကျွန်း တစ်ကျွန်းလုံးက ပြည်သူ့ဆောက်လုပ်ရေးက တာဝန် ယူတည်ဆောက်ပြီး ကားကူးခွင့်ပြု ထားသည့် ဟိုင်းကြီးကျွန်းတံတား ပေါ်မှ ကားဖြင့်ကူး၍ လာရောက် ဖူးမြော်လျက်ရှိကြောင်းလည်း သိရ သည်။


ယခုနှစ်ဘုရားပွဲတွင် ဘုရားဖူးများ များပြားသောကြောင့် ဘုရားကြီး တည်ရှိရာ တောင်တန်းပေါ်နှင့်ရင်ပြင် တော်ပေါ်၌ ညအိပ်လာရောက်ဖူးမြော် ကြသော ရပ်ဝေးခရီးသည်များဖြင့် ပြည့်လျက်ရှိသလို ပုသိမ်-မော်တင် စွန်းကားလမ်းဘေး မော်တင်စွန်း ဘုရားအနီး ယခုနှစ်မှတည်ဆောက် ဖွင့်လှစ်ခဲ့ကြသည့် ပုဂ္ဂလိကတည်းခို ခန်းနှင့်ဟိုတယ်များ၌လည်း တည်းခို သူများဖြင့် အားဖြစ်ခဲ့ရသည်ဆို၏။


ထို့အပြင် မော်တင်စွန်းတောင်ပေါ်မြတ်မော်တင်စွန်းဘုရားကြီးနှင့် မနီးမဝေး ပင်လယ်ဘက်တောင်စွန်း ပေါ်၌ ယခုနှစ်လာရောက်တည်ဆောက် ပြီး ဘုရားပွဲအမီ အနေကဇာတင် ဖူးမြော်ခွင့်ပေးခဲ့သော အမြင့် ၂၇ပေ၊ လုံးပတ်တော် ၁၅ ပေရှိ နဂါးရုံဘုရား ၌လည်း ဘုရားဖူးများဖြင့် ကြိတ်ကြိတ် တိုး စည်ကားလျက်ရှိသည်။


Today Myanmar , 
kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment