Pages

Sunday, March 16, 2014

မြန်မာနိုင်ငံအတွက် ဂျပန်၌ကူးတို့သင်္ဘောသုံးစင်းတည်ဆောက်


RangonNewsDaily: March . 16 .2014
ပြည်တွင်းရေကြောင်းက ပြေးဆွဲ ပေးနေသော ရန်ကုန်-ဒလကူးတို့ သင်္ဘောများနေရာတွင် ဂျပန်နိုင်ငံ လုပ် ကူးတို့သင်္ဘောအသစ်သုံးစင်းဖြင့်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ရန်ကုန်-ဒလ ကူးတို့သင်္ဘော တွေ နေ့စဉ်ပြေးဆွဲမှုပြုလုပ်နေပါ တယ်။ ခရီးသည်တွေအတွက် ပိုပြီး အဆင်ပြေစေဖို့နဲ့ အဆင့်အတန်း မြင့်စွာစီးနင်းနိုင်ဖို့အတွက် ဂျပန်နိုင်ငံ JICA ရဲ့ အကူအညီနဲ့ကူးတို့သင်္ဘော အသစ်သုံးစင်းကို အစားထိုးပြေးဆွဲပေး နိုင်ဖို့ကြိုးစားနေပါတယ်။ ဒီနှစ်မကုန် ခင်မှာပြေးဆွဲနိုင်မှာပါ”ဟု ပြည်တွင်း ရေကြောင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းသိန်းက ပြောသည်။

ရန်ကုန်-ဒလကူးတို့ သင်္ဘောပြေး ဆွဲရန်အတွက် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ရှိ သင်္ဘောကျင်းတွင် ကူးတို့ သင်္ဘောသုံးစင်းကို အသစ်တည်ဆောက်နေပြီဖြစ်ရာ ယခုနှစ်နိုဝင် ဘာလ၌ ရန်ကုန်မြို့သို့ ရောက်ရှိလာ တော့မည်ဖြစ်သည်။

အဆိုပါကူးတို့သင်္ဘောသစ်သုံးစင်းသည် နှစ်ထပ် သင်္ဘောအမျိုးအစားဖြစ်ပြီး ကူးတို့သင်္ဘောတစ်စင်းလျှင် ခရီးသည်၁၀၀၀ ခန့် လိုက်ပါစီးနင်းနိုင်မည်ဖြစ် သည်။ ယင်းကူးတို့သင်္ဘောသုံးစင်းတည်ဆောက်မှုအတွက် ကုန်ကျစရိတ် မှာ အမေရိကန်ဒေါ်လာ ၁၂ သန်းမှ ၁၄ သန်းအထိ ကုန်ကျမည်ဖြစ်သည်။

ဂျပန်မှတည်ဆောက်ပြီးရောက် ရှိလာမည့် ကူးတို့သင်္ဘောသစ် သုံးစင်းကို ပန်းဆိုးတန်း-ဒလကူးတို့ ခရီးစဉ်အတွက် နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ထိုသင်္ဘောသုံးစင်း မှာဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အကူ အညီပေးခြင်းဖြစ်ပြီး ငွေကြေးပေးဆပ်ရန်မလိုကြောင်း သိရသည်။


ယခုအခါ ပန်းဆိုးတန်း-ဒလကူးတို့ယာဉ်ကို ပြည်တွင်းရေကြောင်း က ကူးတို့ယာဉ်နှစ်စင်းဖြင့် မိနစ် ၂၀ လျှင် တစ်ကြိမ်ပြေးဆွဲပေးလျက် ရှိရာ နေ့စဉ်ခရီးသည် အများအပြား လိုက်ပါစီးနင်းလျက်ရှိကြောင်း သိရ သည်။

The Mirror Daily , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment