Pages

Sunday, March 16, 2014

ယာဉ်မောင်းလိုင်စင် နှစ်လဲသက်တမ်းတိုးခြင်း တစ်နာရီအတွင်း အပြီးဆောင်ရွက်ပေးမည်

RangonNewsDaily: March . 16 .2014
ယာဉ်မောင်းလိုင်စင် နှစ်လဲ သက်တမ်းတိုးခြင်း ပြုလုပ်ရာတွင် မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ပိုင်ရှင်ကိုယ်တိုင် လာရောက် ဆောင်ရွက်ပါက တစ်နာရီအတွင်း အပြီး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းဦးက ပြောကြားသည်။
“၁၃ ရက်နေ့ကစပြီး ပိုင်ရှင် ဦးစားပေ တွေကို ကောင်တာတစ်ခု သပ်သပ်ဖွင့်ပြီး လုပ်ပေးရင်းနဲ့ ကိုယ်တိုင် လာလုပ်တဲ့ ပိုင်ရှင်တွေကို အပျောက်လျှောက်၊ ရဲ/တား၊ နယ်မြေ/တားနဲ့ လိပ်စာပြောင်းတာ မဟုတ်ဘူးဆိုရင် တစ်နာရီအတွင်း အပြီးဆောင်ရွက် ပေးနေပါတယ်။ လုပ်ငန်းတွေကို မြန်မြန် ဆန်ဆန် ပြီးမြောက်စေဖို့ အတွက် ဆောင်ရွက်နိုင်သလောက် တိုးမြှင့် ဆောင်ရွက်ပေးမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါဌာနတွင် ယာဉ်မောင်းလိုင်စင် ပြုလုပ်သူများအတွက် ပိုင်ရှင် ဦးစားပေးနှင့် ကိုယ်စားလှယ် ဦးစားပေးဟူ၍ ခွဲခြားထားပြီး မတ်လ ၁၃ ရက်နေ့မှစကာ ကိုယ်စားလှယ် ဆောင်ရွက်ခြင်းများ လျော့နည်းစေရန် အတွက် ပိုင်ရှင် ဦးစားပေး ကောင်တာတစ်ခု သီးသန့် ဖွင့်လှစ်ပေးကာ ပိုင်ရှင်ကိုယ်တိုင် လာရောက် ဆောင်ရွက်သည့် နှစ်လဲ သက်တမ်းတိုးခြင်း များကို တစ်နာရီအတွင်း အပြီး ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။


“ကိုယ်တိုင် သွားမလုပ်ဖြစ်ဘူး ဆိုတာကလည်း မနက်သွားလုပ်ရင် ညနေဘက် တစ်ခါ ပြန်ချိန်းတယ် ဆိုတော့ နှစ်ခေါက် မသွားတော့ဘူး။ ပွဲစားကိုပဲ ငွေပေးပြီး လုပ်ခိုင်းလိုက်တော့တယ်။ အခုလို ပိုင်ရှင်ကိုယ်တိုင် လာလုပ်ရင် တစ်နာရီအတွင်း အပြီး ဆောင်ရွက်ပေးမယ် ဆိုတော့ ကောင်းတာပေါ့။ ကိုယ်အားတဲ့ အချိန်လေး သွားလုပ်လိုက်တော့ ပိုကောင်းတာပေါ့လေ” ဟု အသက် ၅၀ အရွယ် အငှားယာဉ်မောင်း တစ်ဦးက သုံးသပ်ပြောဆိုသည်။


ယခင်က ယာဉ်မောင်းလိုင်စင် နှစ်လဲ သက်တမ်းတိုးခြင်း ပြုလုပ်ရာတွင် နေ့တစ်ဝက် နီးပါးခန့် ကြာသည်ဟု အဆိုပါလိုင်စင် ပြုလုပ်သူများထံမှ သိရသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment