Pages

Wednesday, February 12, 2014

မိုဘိုင်းလ်ဖုန်းနှင့် နည်းပညာသစ်များ ပါဝင်ပြသမည့် Myanmar Mobile Fair ကျင်းပမည်

Photo: မိုဘိုင်းလ်ဖုန်းနှင့် နည်းပညာသစ်များ ပါဝင်ပြသမည့် Myanmar Mobile Fair ကျင်းပမည်
Wednesday, February 12, 2014

မိုဘိုင်းလ် ဖုန်းသစ်များနှင့် မိုဘိုင်းလ် နည်းပညာသစ်များ ပြသမည့် Myanmar Mobile Fair 2014 ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် Zillion Business Services Limited ထံမှ သိရှိရသည်။

အဆိုပါပြပွဲတွင် Apple၊ Samsung၊ Sony၊ Nokia၊ HTC၊ LG၊ Huawei အစရှိသော နာမည်ကျော် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများမှ ထုတ်လုပ်သည့် နောက်ဆုံးပေါ် မိုဘိုင်းလ်ဖုန်းသစ်များကို ပြသ သွားမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ ရောင်းချပေးမည့် အစီအစဉ် ပါဝင်ကြောင်း ပွဲစီစဉ်သည့် ကုမ္ပဏီထံမှ သိရှိရသည်။

ယခုပြပွဲကို မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်ကြီးများနှင့် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများက ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသသွားမည် ဖြစ်ကြောင်း Zillion Business Services Limited မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ပြပွဲတွေကတော့ ခဏခဏ သွားဖြစ်ပါတယ်။ ဈေးလျှော့ပေးတယ် ဆိုပေမယ့်လည်း ကန့်သတ်ချက်လေးတွေနဲ့ပါ။ တကယ်တမ်းက အပြင်နဲ့ သိပ်မကွာပါဘူး။ တကယ်ဖုန်းဝယ်ရင် အပြင်ကဆိုင်တွေမှာပဲ ဝယ်ဖြစ်တယ်” ဟု မိုဘိုင်းလ်ဖုန်းပြပွဲများကို သွားရောက်လေ့ရှိသူ ဦးအာကာစိုးက ဆိုသည်။

ယခုကျင်းပမည့် hfMyanmar Mobile Fair မှာ ငါးကြိမ်မြောက် ရှိပြီဖြစ်သည်။

The Voice Weekly

RangonNewsDaily: February . 12 .2014
မိုဘိုင်းလ် ဖုန်းသစ်များနှင့် မိုဘိုင်းလ် နည်းပညာသစ်များ ပြသမည့် Myanmar Mobile Fair 2014 ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် Zillion Business Services Limited ထံမှ သိရှိရသည်။အဆိုပါပြပွဲတွင် Apple၊ Samsung၊ Sony၊ Nokia၊ HTC၊ LG၊ Huawei အစရှိသော နာမည်ကျော် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများမှ ထုတ်လုပ်သည့် နောက်ဆုံးပေါ် မိုဘိုင်းလ်ဖုန်းသစ်များကို ပြသ သွားမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ ရောင်းချပေးမည့် အစီအစဉ် ပါဝင်ကြောင်း ပွဲစီစဉ်သည့် ကုမ္ပဏီထံမှ သိရှိရသည်။

ယခုပြပွဲကို မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်ကြီးများနှင့် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများက ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသသွားမည် ဖြစ်ကြောင်း Zillion Business Services Limited မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပြပွဲတွေကတော့ ခဏခဏ သွားဖြစ်ပါတယ်။ ဈေးလျှော့ပေးတယ် ဆိုပေမယ့်လည်း ကန့်သတ်ချက်လေးတွေနဲ့ပါ။ တကယ်တမ်းက အပြင်နဲ့ သိပ်မကွာပါဘူး။ တကယ်ဖုန်းဝယ်ရင် အပြင်ကဆိုင်တွေမှာပဲ ဝယ်ဖြစ်တယ်” ဟု မိုဘိုင်းလ်ဖုန်းပြပွဲများကို သွားရောက်လေ့ရှိသူ ဦးအာကာစိုးက ဆိုသည်။


ယခုကျင်းပမည့် hfMyanmar Mobile Fair မှာ ငါးကြိမ်မြောက် ရှိပြီဖြစ်သည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment