Pages

Wednesday, February 12, 2014

(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့၈၈မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ပေးပို့သော သဝဏ်လွှာ

Photo: (၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့၈၈မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ
ပေးပို့သော သဝဏ်လွှာ
Wednesday, February 12, 2014

(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ
ပေးပို့သော သဝဏ်လွှာ

စာအမှတ် ။ ။ ၂/၂၀၁၄ (၈၈)
ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၂ ရက်
၁၃၇၅ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်

ဤနေ့ ဤရက်သည်ကား နိုင်ငံတကာမိသားစုအလယ်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ” ဟူ၍ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် ကြွေးကြော်နိုင်ရန် အထင်ကရ အရေးပါသော ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့် (၆၇)နှစ်မြောက်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ပြည်ထောင်များကို စုစည်းပူးပေါင်း၍ “ပြည်ထောင်စုမြန်မာနိုင်ငံ” အဖြစ်ဖွဲ့စည်းတည်ထောင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆွေးနွေးမှုရလဒ်လည်းဖြစ်သည်။

သို့သော် ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် ယဉ်ကျေးမှု အားနည်းပျက်ပြယ်လာပြီး အင်အားသုံး ဖြေရှင်းမှုများကြောင့် ပြည်ထောင်စု၏ အနှစ်သာရများနှင့် ကင်းဝေးလာခဲ့ကြရခြင်း ဖြစ်သည်ဟု ယုံကြည်သည်။

ယနေ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင် တိုင်းရင်းသား တန်းတူညီမျှရေးသည် အလေးအနက်ထား ဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ 

ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုပေါ် ပေါက် လာမှသာ ပြည်တွင်းစစ်ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။

ထို့ကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်၌ ဒီမိုကရေစီရေးအခြေခံမူများနှင့်အတူ တိုင်းရင်းသားတန်းတူညီမျှရေး အခြေခံမူများကိုပါ ထည့်သွင်းပြင်ဆင်နိုင်ရန် တိုင်းရင်းသားအင်အားစုအားလုံး၊ ဒီမိုကရေစီအင်အားစု အားလုံးနှင့်အတူ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ကြရန် အလေးအနက် နှိုးဆော် တိုက်တွန်းလိုက်ရ ပေသည်။

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

Popular Myanmar News Journal

RangonNewsDaily: February . 12 .2014
(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှပေးပို့သော သဝဏ်လွှာ

စာအမှတ် ။ ။ ၂/၂၀၁၄ (၈၈)
ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၂ ရက်
၁၃၇၅ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်ဤနေ့ ဤရက်သည်ကား နိုင်ငံတကာမိသားစုအလယ်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ” ဟူ၍ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် ကြွေးကြော်နိုင်ရန် အထင်ကရ အရေးပါသော ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့် (၆၇)နှစ်မြောက်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ပြည်ထောင်များကို စုစည်းပူးပေါင်း၍ “ပြည်ထောင်စုမြန်မာနိုင်ငံ” အဖြစ်ဖွဲ့စည်းတည်ထောင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆွေးနွေးမှုရလဒ်လည်းဖြစ်သည်။

သို့သော် ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် ယဉ်ကျေးမှု အားနည်းပျက်ပြယ်လာပြီး အင်အားသုံး ဖြေရှင်းမှုများကြောင့် ပြည်ထောင်စု၏ အနှစ်သာရများနှင့် ကင်းဝေးလာခဲ့ကြရခြင်း ဖြစ်သည်ဟု ယုံကြည်သည်။

ယနေ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင် တိုင်းရင်းသား တန်းတူညီမျှရေးသည် အလေးအနက်ထား ဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ 

ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုပေါ် ပေါက် လာမှသာ ပြည်တွင်းစစ်ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။

ထို့ကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်၌ ဒီမိုကရေစီရေးအခြေခံမူများနှင့်အတူ တိုင်းရင်းသားတန်းတူညီမျှရေး အခြေခံမူများကိုပါ ထည့်သွင်းပြင်ဆင်နိုင်ရန် တိုင်းရင်းသားအင်အားစုအားလုံး၊ ဒီမိုကရေစီအင်အားစု အားလုံးနှင့်အတူ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ကြရန် အလေးအနက် နှိုးဆော် တိုက်တွန်းလိုက်ရ ပေသည်။

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

Popular Myanmar  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment