Pages

Wednesday, February 12, 2014

၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ် မီးလောင်ကျွမ်းမှု ၇၃ ကြိမ်ဖြစ်ပွား

Photo: ၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ် မီးလောင်ကျွမ်းမှု ၇၃ ကြိမ်ဖြစ်ပွားခဲ့

ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၄

အောင်ထက်ခိုင်
ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ခရီးသည်ယာဉ် မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ကားမီးလောင်မှုဖြစ်စဉ်များတွင် ဘက်ထရီဝိုင်ယာရှော့ခ်မှတစ်ဆင့် ကားမီးလောင်မှုဖြစ်စဉ် အများဆုံးဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ကားမီးလောင်မှုဖြစ်စဉ် ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ကားမီးလောင်မှုများတွင် အိမ်စီးကား၊ ခရီးသည်တင်ယာဉ်များ မီးလောင်မှု ပါဝင်ခဲ့ပြီး ပေါင်း ၇၃ စီး မီးလောင်ကျွမ်းခဲ့သည်။ ကားမီးလောင်မှု ဖြစ်စဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ကားမီးလောင်မှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

“ကားဆိုတာက မီးလောင်နိုင်ခြေ အများဆုံးရှိတဲ့ နေရာပါ။ ဘက်ထရီဝိုင်ယာကြိုး အပူလွန်ကဲပြီး မီးလောင်တဲ့ဖြစ်စဉ်က များပါတယ်။ နောက် ဆီပိုက်ယိုပြီး ဓာတ်ဆီယိုစိမ့်မှုတွေကြောင့် လောင်တယ်။ ဂတ်စ်ကားတွေ ဂတ်စ်ယိုစိမ့်မှုတွေကြောင့် လောင်တယ်။ အင်ဂျင်ခန်း အပူလွန်ကဲရာမှ မီးလောင်တဲ့ဖြစ်စဉ်တွေလည်းရှိတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကားတိုင်းကားတိုင်းမှာ မီးသတ်ဆေးဘူးတွေ ဆောင်ထားသင့်ပါတယ်။ မီးသတ်ဆေးဘူး ဆောင်ထားတာက နည်းပါသေးတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခု ၂၀၁၄ ခုနှစ်အတွင်း ခရီးသည်ယာဉ် ကားမီးလောင်မှုမှာ ဇန်န၀ါရီ ၁၀ ရက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်မှထားဝယ်သို့ ခရီးသည် ၃၀ ဦးကျော် တင်ဆောင်လာသော ၉င/---- ခရီးသည်ယာဉ်သည် မိုင်တိုင်အမှတ်၂၂/၁ အနီးအရောက်တွင် ကားနောက်ပိုင်းရှိ အင်ဂျင်အတွင်းမှ မီးခိုးများထွက်လာကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကားမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု မရှိခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူကို ပြစ်မှုပုဒ်မ ၂၈၅(ပ)၂/၂၀၁၄ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည် ၂၀၁၃ ခုနှစ်အတွင်း လအလိုက် ကားမီးလောင်မှုများမှာ ဇန်န၀ါရီတွင် ၇ စီး၊ ဖေဖော်ဝါရီတွင် ၁၀ စီး၊ မတ်တွင် ၉ စီး၊ ဧပြီတွင် ၅ စီး၊ မေတွင် ၇ စီး၊ ဇွန်တွင် ၄ စီး၊ ဇူလိုင်တွင် ၂ စီး၊ သြဂုတ်တွင် ၆ စီး၊ စက်တင်ဘာတွင် ၂ စီး၊ အောက်တိုဘာတွင် ၁၀ စီး၊ နိုဝင်ဘာတွင် ၅ စီးတို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုငွေကျပ် သန်းပေါင်း ၁၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

Myawady News
ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ခရီးသည်ယာဉ် မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
RangonNewsDaily: February . 12 .2014
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ကားမီးလောင်မှုဖြစ်စဉ်များတွင် ဘက်ထရီဝိုင်ယာရှော့ခ်မှတစ်ဆင့် ကားမီးလောင်မှုဖြစ်စဉ် အများ
ဆုံးဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ကားမီးလောင်မှုဖြစ်စဉ် ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ကားမီးလောင်မှုများတွင် အိမ်စီးကား၊ ခရီးသည်တင်
ယာဉ်များ မီးလောင်မှု ပါဝင်ခဲ့ပြီး ပေါင်း ၇၃ စီး မီးလောင်ကျွမ်းခဲ့သည်။ ကားမီးလောင်မှု ဖြစ်စဉ်များတွင် ရန်ကုန်တိုင်းဒေသကြီး
တွင် ကားမီးလောင်မှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

“ကားဆိုတာက မီးလောင်နိုင်ခြေ အများဆုံးရှိတဲ့ နေရာပါ။ဘက်ထရီဝိုင်ယာကြိုးအပူလွန်ကဲပြီး မီးလောင်တဲ့ဖြစ်စဉ်က များပါ
ယ်
။ နောက် ဆီပိုက်ယိုပြီး ဓာတ်ဆီယိုစိမ့်မှုတွေကြောင့် လောင်တယ်။ ဂတ်စ်ကားတွေ ဂတ်စ်ယိုစိမ့်မှုတွေကြောင့် လောင်တယ်။ အင်
ဂျင်ခန်း အပူလွန်ကဲရာမှ မီးလောင်တဲ့ဖြစ်စဉ်တွေလည်းရှိတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကားတိုင်းကားတိုင်းမှာ မီးသတ်ဆေးဘူးတွေ ဆောင်ထားသင့်ပါတယ်။ မီးသတ်ဆေးဘူး ဆောင်ထားတာက နည်းပါသေးတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခု ၂၀၁၄ ခုနှစ်အတွင်းခရီးသည်ယာဉ်ကားမီးလောင်မှုမှာ ဇန်န၀ါရီ ၁၀ ရက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်
မှထားဝယ်သို့ ခရီးသည် ၃၀ ဦးကျော် တင်ဆောင်လာသော ၉င/---- ခရီးသည်ယာဉ်သည် မိုင်တိုင်အမှတ်၂၂/၁ အနီးအရောက်
တွင် ကားနောက်ပိုင်းရှိ အင်ဂျင်အတွင်းမှ မီးခိုးများထွက်လာကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ကားမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု မရှိခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူကို ပြစ်မှုပုဒ်မ ၂၈၅(ပ)၂/၂၀၁၄ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည် ၂၀၁၃ ခုနှစ်အတွင်း လအလိုက် ကားမီးလောင်မှုများမှာ ဇန်န၀ါရီတွင် ၇ စီး၊ ဖေဖော်ဝါရီတွင် ၁၀ စီး၊ မတ်တွင် ၉ စီး၊ ဧပြီတွင် ၅ စီး၊ မေတွင် ၇ စီး၊ ဇွန်တွင် ၄ စီး၊ ဇူလိုင်တွင် ၂ စီး၊ သြဂုတ်တွင် ၆ စီး၊ စက်တင်ဘာတွင် ၂ စီး၊ အောက်တိုဘာတွင် ၁၀ စီး၊ နိုဝင်ဘာတွင် ၅ စီးတို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုငွေကျပ် သန်းပေါင်း ၁၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

Myawady News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment