Pages

Wednesday, February 12, 2014

ပြည်ထောင်စုနေ့ ဒို့မမေ့... MYANMAR UNION DAY

Photo: ပြည်ထောင်စုနေ့ ဒို့မမေ့... MYANMAR UNION DAY
(၁၂.၂.၂၀၁၄ သည် ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်)

ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၄

ဗိုလ်ချုပ်အောင်ဆန်းမဏ္ဌပ်အပြင်ဖက်သို့ရောက်ရှိချိန်တွင် တစ်စုံတစ်ယောက်က အမှတ်တရဓါတ်ပုံရိုက်ကူးထားသင့်ကြောင်း အကြံပြုလိုက်သည်။ ထိုအခါ ယင်းအသံကိုကြားသည်နှင့် အားလုံးကထောက်ခံသဘောတူလိုက်ကြသည်။ မဏ္ဌပ်တွင်တာဝန်ကျနေသော ကချင်တိုင်းရင်းသူအမျိုးသမီးခြောက်ဦးက ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူအမှတ်တရဓါတ်ပုံရိုက်ကြရန်ဝိုင်းဝန်းတောင်းဆိုပြီး မဏ္ဌပ်အတွင်းမှ ထွက်လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်ကချင်တိုင်းရင်းသူကလေးများ၏တောင်းဆိုချက်ကိုမငြင်းပယ်ဘဲအတူဓါတ်ပုံအရိုက်ခံရန်ပြင်ဆင်လိုက်၏။လွယ်အိတ်နှင့်ဓါးလွယ်ကအဆင်သင့်ရှိပြီဖြစ်သော်လည်းကချင်တိုင်းရင်းသားတစ်ဦးကဲ့သို့ ခေါင်းပေါင်းပါလျှင်ပိုကောင်းမည်ဟုတွေးမိသူက တွေးမိခဲ့ဟန်တူပါသည်။ ကချင်တိုင်းရင်းသားခေါင်းဆောင်ဒူဝါဇော်ရစ်ကသူ၏ဦးခေါင်းထက်မှခေါင်းပေါင်းကိုပုံစံမပျက်ဖြုတ်ပြီး ဗိုလ်ချုပ်၏ဦးခေါင်းထက်သို့ စွပ်ပေးလိုက်သည်။ဓါတ်ပုံအရိုက်ခံမည့်ဆဲဆဲကချင်တိုင်းရင်းသူအမျိုးသမီးတစ်ဦးက"ဗိုလ်ချုပ်ကချင်မလေးတွေနဲ့တွဲရိုက်တဲ့ဓါတ်ပုံကိုဗိုလ်ချုပ်ကတော်မြင်ရင်စိတ်ဆိုးနေဦးမယ်"ဟုပြောလိုက်ရာဗိုလ်ချုပ်အောင်ဆန်းမှာသဘောကျပြီးရယ်လေတော့သည်။ကချင်တိုင်းရင်းသူအားလုံးကလည်းလိုက်ရယ်ကြသည်။

ထိုစဉ်ဓါတ်ပုံဆရာကခလုတ်နှိပ်လိုက်ရာဓါတ်ပုံထဲတွင်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ကချင်တိုင်းရင်းသူကလေးများအားလုံးပြုံးရွှင်လျက်ရှိနေကြပုံကို တွေ့ကြရလေသည်။

.......................................
သမိုင်းဝင်ဓါတ်ပုံလေးတစ်ပုံ(တင်နိုင်တိုး)
The Daily Eleven-သတင်းစာ(၁၁-၂-၂၀၁၄)

ဗိုလ်ချုပ်အောင်ဆန်းသည် မြစ်ကြီးနားမြို့သို့ရောက်ရှိစဉ် မြို့ခံလူထုနှင့်တွေ့ဆုံကာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် တိုင်ပင်ဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းမြစ်ကြီးနားမြို့သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ချင်း ကချင် စသည့်တိုင်းရင်းသားခေါင်းဆောင်များကအားတက်သရောလာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

တိုင်းရင်းသားခေါင်းဆောင်များကသူတို့အနေဖြင့် မြန်မာများနှင့်ရင်းရင်းနှီးနှီးနေလိုကြရုံမျှမက သူတို့အားအင်္ဂလိပ်တို့ကကတိအမျိုးမျိုးပေးခဲ့ကြသော်လည်း ယနေ့ထက်တိုင်အကြောင်းမထူးသေးကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြသည်။ အရာရှိအချို့က တိုင်းရင်းသားအချင်းချင်း သွေးခွဲနေကြပုံကိုလည်း ပြောဆိုခဲ့ကြ၏။

၂၆နိုဝင်ဘာ၁၉၄၆တွင် ဗိုလ်ချုပ်အောင်ဆန်း မန်ခိန်ကျေးရွာသို့ ရောက်ရှိခဲ့သည်။ မန်ခိန်အစိုးရအထက်တန်းကျောင်းရှိ ကောက်သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ထားသောမဏ္ဌပ်တွင် ဗိုလ်ချုပ်အားကြိုဆိုခဲ့ကြသည်။ ထို၌ကချင်တိုင်းရင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ကချင်တိုင်းရင်းသား ခေါင်းဆောင်များကဗိုလ်ချုပ်အောင်ဆန်းအား မိမိတို့ကချင်လူထုအနေဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အတူတကွပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။

ကချင်တိုင်းရင်းသားများသည်ရိုးသားဖြောင့်မြတ်သူများဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကချင်မြေသို့လာရောက်စဉ် ဗိုလ်ချုပ်အတွက် ဒေသထွက်လက်ဆောင်ပစ္စည်းတစ်စုံတရာကိုပေးအပ်ရန်စီစဉ်ကြသောအခါ ကချင်တိုင်းရင်းသားရိုးရာလွယ်အိတ်နှင့် ဓါးလွယ်ကို စဉ်းစားမိကြသည်။ လွယ်အိတ်သည်ကချင်တိုင်းရင်းသားများ၏အသုံးအဆောင်ဖြစ်သကဲ့သို့ ဓါးလွယ်မှာလည်းမရှိမဖြစ်ယူဆောင်လေ့ရှိကြသည့်ရိုးရာအမှတ်လက္ခဏာတစ်ခုဖြစ်သည်။ သို့ဖြင့် ကချင်လူထုကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းအား လွယ်အိတ်နှင့်လက်ဆောင်ဓါးပေးရန် ဒေါ်ဂေါ့လူလုကိုတာဝန်ပေးခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းအားလွယ်အိတ်နှင့်လက်ဆောင်ဓါးပေးအပ်မည့်အခမ်းအနားတွင် ဒေါ်ဂေါ့လူလုကယင်းသို့အမှတ်တရအဖြစ်ရိုးရာပစ္စည်းများပေးအပ်ရပုံနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဒေါ်ဂေါ့လူလုက

"ကျွန်မတို့ကချင်လူမျိုးတွေဟာ ကျွန်မတို့ရဲ့ဆွေမျိုးရင်းခြာလို့ မှတ်ယူအသိအမှတ်ပြုတဲ့သူတွေကိုသာ လွယ်အိတ်ဓါးလွယ်ကိုပေးတဲ့ ရိုးရာထုံးတမ်းစဉ်လာရှိပါတယ်။ ဒါကြောင့် ဒီနေ့ဒီချိန်ကစပြီး ဗိုလ်ချုပ်ကို ကျွန်မတို့ကချင်လူမျိုးတွေရဲ့ ဆွေမျိုးအရင်းအချာအဖြစ် လက်ခံအသိအမှတ်ပြုကြပြီးဖြစ်ပါတယ်။ အသိအမှတ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ ဒီလွယ်အိတ်နဲ့ဓါးလွယ်ကို အဖိုးမတန်ပေမယ့်ကချင်လူမျိုးတွေရဲ့ထုံးတမ်းစဉ်လာအရ အရေးကြီးပြီးအဖိုးတန်လှတဲ့အတွက်ယနေ့ကျွန်မတို့ကချင်လူထုကပေးအပ်တဲ့ကတိစကားကို အထိမ်းအမှတ်ဖြစ်ဖို့ ကျွန်မတို့ကပေးအပ်ခြင်းကိုလက်ခံပါလို့ တင်ပြခြင်းဖြစ်ပါတယ်ရှင့်"ဟူ၍ပြောကြားခဲ့သည်။

ဒေါ်ဂေါ့လူလု၏ရှင်းလင်းပြောကြားချက်ကို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကချင်လူထုပရိသတ်အားလုံးက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါသည်။

ထို့နောက်ကချင်တိုင်းရင်းသားတို့၏ထုံးတမ်းစဉ်လာအတိုင်းစကောထက်တွင်ငှက်ပျောဖက်များခင်းပြီး လွယ်အိတ်နှင့်ဓါးလွယ်ကိုထည့်ကာ ဗိုလ်ချုပ်အောင်ဆန်းအားအမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ဒေါ်ဂေါ့လူလုကကချင်တိုင်းရင်းသားလူထုကိုယ်စား ပေးအပ်ခဲ့ပါသည်။ လက်ဆောင်ပစ္စည်းများပေးအပ်ပြီးသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်လွယ်အိတ်နှင့်ဓါးလွယ်ကိုလွယ်ကာ မဏ္ဌပ်အတွင်းမှအပြင်သို့ ထွက်လာခဲ့သည်။ကချင်တိုင်းရင်းသားလူထုမှာဝမ်းသာအားရနှင့် ပျော်ရွှင်နေကြလေသည်။

ဗိုလ်ချုပ်အောင်ဆန်းမဏ္ဌပ်အပြင်ဖက်သို့ရောက်ရှိချိန်တွင် တစ်စုံတစ်ယောက်က အမှတ်တရဓါတ်ပုံရိုက်ကူးထားသင့်ကြောင်း အကြံပြုလိုက်သည်။ ထိုအခါ ယင်းအသံကိုကြားသည်နှင့် အားလုံးကထောက်ခံသဘောတူလိုက်ကြသည်။ မဏ္ဌပ်တွင်တာဝန်ကျနေသော ကချင်တိုင်းရင်းသူအမျိုးသမီးခြောက်ဦးက ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူအမှတ်တရဓါတ်ပုံရိုက်ကြရန်ဝိုင်းဝန်းတောင်းဆိုပြီး မဏ္ဌပ်အတွင်းမှ ထွက်လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်ကချင်တိုင်းရင်းသူကလေးများ၏တောင်းဆိုချက်ကိုမငြင်းပယ်ဘဲအတူဓါတ်ပုံအရိုက်ခံရန်ပြင်ဆင်လိုက်၏။လွယ်အိတ်နှင့်ဓါးလွယ်ကအဆင်သင့်ရှိပြီဖြစ်သော်လည်းကချင်တိုင်းရင်းသားတစ်ဦးကဲ့သို့ ခေါင်းပေါင်းပါလျှင်ပိုကောင်းမည်ဟုတွေးမိသူက တွေးမိခဲ့ဟန်တူပါသည်။ ကချင်တိုင်းရင်းသားခေါင်းဆောင်ဒူဝါဇော်ရစ်ကသူ၏ဦးခေါင်းထက်မှခေါင်းပေါင်းကိုပုံစံမပျက်ဖြုတ်ပြီး ဗိုလ်ချုပ်၏ဦးခေါင်းထက်သို့ စွပ်ပေးလိုက်သည်။ဓါတ်ပုံအရိုက်ခံမည့်ဆဲဆဲကချင်တိုင်းရင်းသူအမျိုးသမီးတစ်ဦးက"ဗိုလ်ချုပ်ကချင်မလေးတွေနဲ့တွဲရိုက်တဲ့ဓါတ်ပုံကိုဗိုလ်ချုပ်ကတော်မြင်ရင်စိတ်ဆိုးနေဦးမယ်"ဟုပြောလိုက်ရာဗိုလ်ချုပ်အောင်ဆန်းမှာသဘောကျပြီးရယ်လေတော့သည်။ကချင်တိုင်းရင်းသူအားလုံးကလည်းလိုက်ရယ်ကြသည်။

ထိုစဉ်ဓါတ်ပုံဆရာကခလုတ်နှိပ်လိုက်ရာဓါတ်ပုံထဲတွင်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ကချင်တိုင်းရင်းသူကလေးများအားလုံးပြုံးရွှင်လျက်ရှိနေကြပုံကို တွေ့ကြရလေသည်။

(ဓါတ်ပုံရိုက်ကူးရာ၌ပါဝင်ခဲ့ကြသူများမှာလက်ဝဲမှလက်ယာသို့အစဉ်အလိုက်အားဖြင့်…ဒေါ်ဂေါ့လူလု ဒေါ်အယ်လ်နန်ဆိုင်း ဒေါ်အန်ခွန်ဘောက် ဒေါ်ခေါ်န်ရော် ဒေါ်ဂျာဘောက် နှင့် ဒေါ်အယ်လ်နန်ရာ)

ကျမ်းကိုး
၁။မြန်မာအလင်းသတင်းစာ(၄-၁၂-၁၉၄၆)
၂။ဒေါ်ဂေါ့လူလှ၏ မြစ်ကြီးနားမဂ္ဂဇင်းပါမှတ်တမ်း

credit:The Daily Eleven,

နှင်းဆီဖူးလေးများ-Love BUDS
သမိုင်းဝင်ဓါတ်ပုံလေးတစ်ပုံ(တင်နိုင်တိုး)
The Daily Eleven-သတင်းစာ(၁၁-၂-၂၀၁၄)
(၁၂.၂.၂၀၁၄ သည် ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်)ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၄
ဗိုလ်ချုပ်အောင်ဆန်းမဏ္ဌပ်အပြင်ဖက်သို့ရောက်ရှိချိန်တွင်တစ်စုံတစ်ယောက်ကအမှတ်တရဓါတ်ပုံရိုက်ကူးထားသင့်ကြောင်းအကြံပြု
လိုက်သည်။ ထိုအခါ ယင်းအသံကိုကြားသည်နှင့် အားလုံးကထောက်ခံသဘောတူလိုက်ကြသည်။ မဏ္ဌပ်တွင်တာဝန်ကျနေသော ကချင်တိုင်းရင်းသူအမျိုးသမီးခြောက်ဦးက ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူအမှတ်တရဓါတ်ပုံရိုက်ကြရန်ဝိုင်းဝန်းတောင်းဆိုပြီး မဏ္ဌပ်
အတွင်းမှ ထွက်လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်ကချင်တိုင်းရင်းသူကလေးများ၏တောင်းဆိုချက်ကိုမငြင်းပယ်ဘဲအတူဓါတ်ပုံအရိုက်ခံရန်ပြင်ဆင်လိုက်၏။လွယ်အိတ်နှင့်ဓါးလွယ်ကအဆင်သင့်ရှိပြီဖြစ်သော်လည်းကချင်တိုင်းရင်းသားတစ်ဦးကဲ့သို့ ခေါင်းပေါင်းပါလျှင်ပိုကောင်းမည်
ဟုတွေး
မိသူက တွေးမိခဲ့ဟန်တူပါသည်။ 

ကချင်တိုင်းရင်းသားခေါင်းဆောင်ဒူဝါဇော်ရစ်ကသူ၏ဦးခေါင်းထက်မှခေါင်းပေါင်းကိုပုံစံမပျက်ဖြုတ်ပြီး ဗိုလ်ချုပ်၏ဦးခေါင်းထက်သို့ စွပ်ပေးလိုက်သည်။

ဓါတ်ပုံအရိုက်ခံမည့်ဆဲဆဲကချင်တိုင်းရင်းသူအမျိုးသမီးတစ်ဦးက"ဗိုလ်ချုပ်ကချင်မလေးတွေနဲ့တွဲရိုက်တဲ့ဓါတ်ပုံကိုဗိုလ်ချုပ်ကတော်မြင်ရင်စိတ်ဆိုးနေဦးမယ်"ဟုပြောလိုက်ရာဗိုလ်ချုပ်အောင်ဆန်းမှာသဘောကျပြီးရယ်လေတော့သည်။ကချင်တိုင်းရင်းသူအားလုံးကလည်းလိုက်ရယ်ကြသည်။

ထိုစဉ်ဓါတ်ပုံဆရာကခလုတ်နှိပ်လိုက်ရာဓါတ်ပုံထဲတွင်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ကချင်တိုင်းရင်းသူကလေးများအားလုံးပြုံးရွှင်လျက်ရှိနေကြပုံကို တွေ့ကြရလေသည်။

.......................................

ဗိုလ်ချုပ်အောင်ဆန်းသည် မြစ်ကြီးနားမြို့သို့ရောက်ရှိစဉ် မြို့ခံလူထုနှင့်တွေ့ဆုံကာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် တိုင်ပင်ဆွေးနွေးခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းမြစ်ကြီးနားမြို့သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ချင်း ကချင် စသည့်တိုင်းရင်းသား
ခေါင်းဆောင်များကအားတက်သရောလာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

တိုင်းရင်းသားခေါင်းဆောင်များကသူတို့အနေဖြင့် မြန်မာများနှင့်ရင်းရင်းနှီးနှီးနေလိုကြရုံမျှမကသူတို့အားအင်္ဂလိပ်တို့ကကတိ
အမျိုး
မျိုးပေးခဲ့ကြသော်လည်း ယနေ့ထက်တိုင်အကြောင်းမထူးသေးကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြသည်။ အရာရှိအချို့က တိုင်း
ရင်းသားအချင်းချင်း သွေးခွဲနေကြပုံကိုလည်း ပြောဆိုခဲ့ကြ၏။

၂၆နိုဝင်ဘာ၁၉၄၆တွင် ဗိုလ်ချုပ်အောင်ဆန်း မန်ခိန်ကျေးရွာသို့ ရောက်ရှိခဲ့သည်။ မန်ခိန်အစိုးရအထက်တန်းကျောင်းရှိ ကောက်
သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ထားသောမဏ္ဌပ်တွင်ဗိုလ်ချုပ်အားကြိုဆိုခဲ့ကြသည်။ထို၌ကချင်တိုင်းရင်းသားခေါင်းဆောင်
များနှင့်တွေ့ဆုံစဉ် ကချင်တိုင်းရင်းသား ခေါင်းဆောင်များကဗိုလ်ချုပ်အောင်ဆန်းအား မိမိတို့ကချင်လူထုအနေဖြင့် မြန်မာ့လွတ်
လပ်ရေးအတွက် အတူတကွပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။

ကချင်တိုင်းရင်းသားများသည်ရိုးသားဖြောင့်မြတ်သူများဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကချင်မြေသို့လာရောက်စဉ် ဗိုလ်ချုပ်အ
တွက် ဒေသထွက်လက်ဆောင်ပစ္စည်းတစ်စုံတရာကိုပေးအပ်ရန်စီစဉ်ကြသောအခါ ကချင်တိုင်းရင်းသားရိုးရာလွယ်အိတ်နှင့် ဓါး
လွယ်ကို စဉ်းစားမိကြသည်။ 

လွယ်အိတ်သည်ကချင်တိုင်းရင်းသားများ၏အသုံးအဆောင်ဖြစ်သကဲ့သို့ ဓါးလွယ်မှာလည်းမရှိမဖြစ်ယူဆောင်လေ့ရှိကြသည့်ရိုးရာ
အမှတ်လက္ခဏာတစ်ခုဖြစ်သည်။ သို့ဖြင့် ကချင်လူထုကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းအား လွယ်အိတ်နှင့်လက်ဆောင်ဓါးပေးရန် ဒေါ်ဂေါ့လူလုကိုတာဝန်ပေးခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းအားလွယ်အိတ်နှင့်လက်ဆောင်ဓါးပေးအပ်မည့်အခမ်းအနားတွင် ဒေါ်ဂေါ့လူလုကယင်းသို့အမှတ်တရအဖြစ်ရိုး
ရာပစ္စည်းများပေးအပ်ရပုံနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဒေါ်ဂေါ့လူလုက

"ကျွန်မတို့ကချင်လူမျိုးတွေဟာ ကျွန်မတို့ရဲ့ဆွေမျိုးရင်းခြာလို့ မှတ်ယူအသိအမှတ်ပြုတဲ့သူတွေကိုသာ လွယ်အိတ်ဓါးလွယ်ကိုပေးတဲ့ ရိုးရာထုံးတမ်းစဉ်လာရှိပါတယ်။ ဒါကြောင့် ဒီနေ့ဒီချိန်ကစပြီး ဗိုလ်ချုပ်ကို ကျွန်မတို့ကချင်လူမျိုးတွေရဲ့ ဆွေမျိုးအရင်းအချာအဖြစ် လက်ခံအသိအမှတ်ပြုကြပြီးဖြစ်ပါတယ်။ 

အသိအမှတ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ဒီလွယ်အိတ်နဲ့ဓါးလွယ်ကိုအဖိုးမတန်ပေမယ့်ကချင်လူမျိုးတွေရဲ့ထုံးတမ်းစဉ်လာအရ အရေး
ကြီးပြီးအဖိုးတန်လှတဲ့အတွက်ယနေ့ကျွန်မတို့ကချင်လူထုကပေးအပ်တဲ့ကတိစကားကိုအထိမ်းအမှတ်ဖြစ်ဖို့ကျွန်မတို့ကပေးအပ်ခြင်း
ကိုလက်ခံပါလို့ တင်ပြခြင်းဖြစ်ပါတယ်ရှင့်"ဟူ၍ပြောကြားခဲ့သည်။

ဒေါ်ဂေါ့လူလု၏ရှင်းလင်းပြောကြားချက်ကို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကချင်လူထုပရိသတ်အားလုံးက သောင်းသောင်းဖြဖြ
ကြိုဆိုခဲ့ကြပါသည်။

ထို့နောက်ကချင်တိုင်းရင်းသားတို့၏ထုံးတမ်းစဉ်လာအတိုင်းစကောထက်တွင်ငှက်ပျောဖက်များခင်းပြီးလွယ်အိတ်နှင့်ဓါးလွ
ယ်ကို
ထည့်ကာ ဗိုလ်ချုပ်အောင်ဆန်းအားအမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ဒေါ်ဂေါ့လူလုကကချင်တိုင်းရင်းသားလူထုကိုယ်စား ပေး
အပ်ခဲ့ပါသည်။ လက်ဆောင်ပစ္စည်းများပေးအပ်ပြီးသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်လွယ်အိတ်နှင့်ဓါးလွယ်ကိုလွယ်ကာ မဏ္ဌပ်အတွင်းမှအပြင်သို့ ထွက်လာခဲ့သည်။ကချင်တိုင်းရင်းသားလူထုမှာဝမ်းသာအားရနှင့် ပျော်ရွှင်နေကြလေသည်။

ဗိုလ်ချုပ်အောင်ဆန်းမဏ္ဌပ်အပြင်ဖက်သို့ရောက်ရှိချိန်တွင်တစ်စုံတစ်ယောက်ကအမှတ်တရဓါတ်ပုံရိုက်ကူးထားသင့်ကြောင်းအကြံပြု
လိုက်သည်။ ထိုအခါ ယင်းအသံကိုကြားသည်နှင့် အားလုံးကထောက်ခံသဘောတူလိုက်ကြသည်။ မဏ္ဌပ်တွင်တာဝန်ကျနေသော ကချင်တိုင်းရင်းသူအမျိုးသမီးခြောက်ဦးက ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူအမှတ်တရဓါတ်ပုံရိုက်ကြရန်ဝိုင်းဝန်းတောင်းဆိုပြီး မဏ္ဌပ်
အတွင်းမှ ထွက်လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်ကချင်တိုင်းရင်းသူကလေးများ၏တောင်းဆိုချက်ကိုမငြင်းပယ်ဘဲအတူဓါတ်ပုံအရိုက်ခံရန်ပြင်ဆင်လိုက်၏။လွယ်အိတ်နှင့်ဓါးလွယ်ကအဆင်သင့်ရှိပြီဖြစ်သော်လည်းကချင်တိုင်းရင်းသားတစ်ဦးကဲ့သို့ ခေါင်းပေါင်းပါလျှင်ပိုကောင်းမည်
ဟုတွေး
မိသူက တွေးမိခဲ့ဟန်တူပါသည်။ 

ကချင်တိုင်းရင်းသားခေါင်းဆောင်ဒူဝါဇော်ရစ်ကသူ၏ဦးခေါင်းထက်မှခေါင်းပေါင်းကိုပုံစံမပျက်ဖြုတ်ပြီး ဗိုလ်ချုပ်၏ဦးခေါင်းထက်သို့ စွပ်ပေးလိုက်သည်။

ဓါတ်ပုံအရိုက်ခံမည့်ဆဲဆဲကချင်တိုင်းရင်းသူအမျိုးသမီးတစ်ဦးက"ဗိုလ်ချုပ်ကချင်မလေးတွေနဲ့တွဲရိုက်တဲ့ဓါတ်ပုံကိုဗိုလ်ချုပ်ကတော်မြင်ရင်စိတ်ဆိုးနေဦးမယ်"ဟုပြောလိုက်ရာဗိုလ်ချုပ်အောင်ဆန်းမှာသဘောကျပြီးရယ်လေတော့သည်။ကချင်တိုင်းရင်းသူအားလုံးက
လည်းလိုက်ရယ်ကြသည်။

ထိုစဉ်ဓါတ်ပုံဆရာကခလုတ်နှိပ်လိုက်ရာဓါတ်ပုံထဲတွင်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ကချင်တိုင်းရင်းသူကလေးများအားလုံးပြုံးရွှင်လျက်ရှိနေကြပုံကို တွေ့ကြရလေသည်။

(ဓါတ်ပုံရိုက်ကူးရာ၌ပါဝင်ခဲ့ကြသူများမှာလက်ဝဲမှလက်ယာသို့အစဉ်အလိုက်အားဖြင့်…ဒေါ်ဂေါ့လူလု ဒေါ်အယ်လ်နန်ဆိုင်း ဒေါ်အန်
ခွန်ဘောက် ဒေါ်ခေါ်န်ရော် ဒေါ်ဂျာဘောက် နှင့် ဒေါ်အယ်လ်နန်ရာ)

ကျမ်းကိုး
၁။မြန်မာအလင်းသတင်းစာ(၄-၁၂-၁၉၄၆)
၂။ဒေါ်ဂေါ့လူလှ၏ မြစ်ကြီးနားမဂ္ဂဇင်းပါမှတ်တမ်း


The Daily Eleven,
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment