Pages

Wednesday, February 12, 2014

ကုလအထူးကိုယ်စားလှယ် ကင်တားနား မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်အဖြစ် လာရောက်မည်

Photo: ကုလအထူးကိုယ်စားလှယ် ကင်တားနား မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်အဖြစ် လာရောက်မည်

ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၄

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားသည် မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေများကို အကဲဖြတ်ရန်နှင့် သူ၏ ယခင်အကြံပြုချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် တရားဝင် နောက်ဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်တွင် ရောက်ရှိမည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ဖေဖော်ဝါရီ ၁၁ရက်က သတင်းထုတ်ပြန်ထားသည်။

မစ္စတာ အိုဟေးကင်တားနားသည် သူ၏ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် တို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်း ကြေးနီစီမံကိန်း နှင့် ရန်ကုန်အနီးရှိ သီလဝါ ရေနက်ဆိပ်ကမ်းတို့ကို သွားရောက်ရန် စီစဉ်ထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အထူးကိုယ်စားလှယ် နှင့် လွတ်လပ်သော ကျွမ်းကျင်သူ အဖြစ် သူ၏ ခြောက်နှစ်ကြာ တာဝန် မပြီးဆုံးမီတွင် ထိုကဲ့သို့ လာရောက်ခြင်း ဖြစ်သည်။ မစ္စတာ ကင်တားနားသည် ကရင်ပြည်နယ်သို့ သွားရောက်ခွင့်ရရန် အတွက်လည်း မေတ္တာရပ်ခံထားသည်။

မစ္စတာ ကင်တားနားသည် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း မောင်တောမြို့အပါအဝင် ပြည်နယ်အတွင်း ဒေသများကို သွားရောက်ကာ လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုများကို အကဲဖြတ်နိုင်ရန် ခန့်မှန်းထားသည်ဟု ဆိုသည်။ ထို့အပြင် ကချင်ပြည်နယ် ခရီးစဉ်၌လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့အကြား အပစ်အခတ် ရပ်စဲရေးကိစ္စ တိုးတက်မှုအပေါ် အကဲဖြတ်မည်ဖြစ်ပြီး ဒေသခံများနှင့်လည်း ဆွေးနွေးမည်ဟု သူက ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်တာတွေ၊ အပစ်အခတ် ရပ်စဲရေးကာလ အလွန် ဆွေးနွေးပွဲတွေ စတဲ့အခါ မြန်မာနိုင်ငံက တိုင်းရင်းသားအုပ်စု အမျိုးမျိုးရဲ့ မျိုသိပ်ထားခဲ့ရတဲ့ နာကြည်းချက်တွေကို ဘယ်လို နားထောင်ပေးပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မလဲ ဆိုတာတွေကို ကျွန်တော် ကြည့်ချင်ပါတယ်” ဟု မစ္စတာ အိုဟေး ကင်တားနားက ဆိုသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၄ရက်မှ ၁၉ရက်အတွင်း လာရောက်မည်ဖြစ်ကာ ခရီါ်စဉ်အတွင်း နေပြည်တော်ရှိ အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များ၊ တရားစီရင်ရေးဘက်မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ရက် ညနေ ၆နာရီ ၁၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ၏ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

သူ၏ ခရီးစဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာ အပြည့်အစုံကိုလည်း ၂၀၁၄ခုနှစ် မတ်လ ၁၇ရက်တွင် လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းမည်ဟု ထုတ်ပြန်ထားသည်။

Photo Capttion>>>>. ၂၀၁၃ခုနှစ် သြဂုတ်လက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ ရာမည)

Mizzima - News in Burmese
Photo Capttion>>>>. ၂၀၁၃ခုနှစ် သြဂုတ်လက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ ရာမည)
RangonNewsDaily: February . 12 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားသည် မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေများကို အကဲဖြတ်ရန်နှင့် သူ၏ ယခင်အကြံပြုချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် တရားဝင် နောက်ဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်တွင် ရောက်ရှိမည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ဖေဖော်ဝါရီ ၁၁ရက်က သတင်းထုတ်ပြန်ထားသည်။မစ္စတာ အိုဟေးကင်တားနားသည် သူ၏ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် တို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်း ကြေးနီစီမံကိန်း နှင့် ရန်ကုန်အနီးရှိ သီလဝါ ရေနက်ဆိပ်ကမ်းတို့ကို သွားရောက်ရန် စီစဉ်ထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အထူးကိုယ်စားလှယ် နှင့် လွတ်လပ်သော ကျွမ်းကျင်သူ အဖြစ် သူ၏ ခြောက်နှစ်ကြာ တာဝန် မပြီးဆုံးမီတွင် ထိုကဲ့သို့ လာရောက်ခြင်း ဖြစ်သည်။ မစ္စတာ ကင်တားနားသည် ကရင်ပြည်နယ်သို့ သွားရောက်ခွင့်ရရန် အတွက်လည်း မေတ္တာရပ်ခံထားသည်။

မစ္စတာ ကင်တားနားသည် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း မောင်တောမြို့အပါအဝင် ပြည်နယ်အတွင်း ဒေသများကို သွားရောက်ကာ လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုများကို အကဲဖြတ်နိုင်ရန် ခန့်မှန်းထားသည်ဟု ဆိုသည်။ ထို့အပြင် ကချင်ပြည်နယ် ခရီးစဉ်၌လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့အကြား အပစ်အခတ် ရပ်စဲရေးကိစ္စ တိုးတက်မှုအပေါ် အကဲဖြတ်မည်ဖြစ်ပြီး ဒေသခံများနှင့်လည်း ဆွေးနွေးမည်ဟု သူက ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်တာတွေ၊ အပစ်အခတ် ရပ်စဲရေးကာလ အလွန် ဆွေးနွေးပွဲတွေ စတဲ့အခါ မြန်မာနိုင်ငံက တိုင်းရင်းသားအုပ်စု အမျိုးမျိုးရဲ့ မျိုသိပ်ထားခဲ့ရတဲ့ နာကြည်းချက်တွေကို ဘယ်လို နားထောင်ပေးပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မလဲ ဆိုတာတွေကို ကျွန်တော် ကြည့်ချင်ပါတယ်” ဟု မစ္စတာ အိုဟေး ကင်တားနားက ဆိုသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၄ရက်မှ ၁၉ရက်အတွင်း လာရောက်မည်ဖြစ်ကာ ခရီါ်စဉ်အတွင်း နေပြည်တော်ရှိ အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များ၊ တရားစီရင်ရေးဘက်မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ရက် ညနေ ၆နာရီ ၁၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ၏ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။

သူ၏ ခရီးစဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာ အပြည့်အစုံကိုလည်း ၂၀၁၄ခုနှစ် မတ်လ ၁၇ရက်တွင် လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းမည်ဟု ထုတ်ပြန်ထားသည်။

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment