Pages

Saturday, December 14, 2013

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ရှိ ဆီယက်တဲလ်တွင် နေထိုင်သည့် မိုက်ခ်သည် ကမ္ဘာပေါ်ရှိ ၎င်းလေးစားအားကျသူ၊ ကြည်ညိုသူ အားလုံးကို Star Warsဇာတ်ဆောင် အရုပ်ကလေးများအဖြစ် ဖန်တီး

Photo

RangonNewsDaily:: December . 14 .2013
ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြသည်။ သို့သော်လည်း မိုက်ခ်လီဗစ်တ်၏ အမြင်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် Star Wars ဇာတ်ကားများ၏ ဇာတ်ဆောင်တစ်ဦးသာ ဖြစ်လေသည်။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ရှိ ဆီယက်တဲလ်တွင် နေထိုင်သည့် မိုက်ခ်သည် ကမ္ဘာပေါ်ရှိ ၎င်းလေးစားအားကျသူ၊ ကြည်ညိုသူ အားလုံးကို Star Warsဇာတ်ဆောင် အရုပ်ကလေးများအဖြစ် ဖန်တီးခဲ့သည်။ 
 
ထူးထူးဆန်းဆန်း အနုပညာလက်ရာလေးများအဖြစ် အသိအမှတ်ပြုရမည့် အရုပ်လေးများတွင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း မကဘဲ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များ၊ အနုပညာရှင်များလည်း ပါဝင်နေသေးသည်။

အဆိုပါ အရုပ်ကလေးများ အားလုံးသည် ဂန္ထဝင်မြောက် Star Warsဇာတ်ကောင် အရုပ်လေးများအတိုင်းပင် ခြေလက်အချိုးအဆစ် နေရာများကို လှုပ်ရှားနိုင်သည့် အပိုင်းလေးများဖြင့် တပ်ဆင်ထားသည်။ မိုက်ခ်အတွက်မူ အဆိုပါ အရုပ်ကလေးများကို ပြုလုပ်ခြင်းသည် မိမိလေးစားသူ တစ်ဦးစီကို ကိုယ်ပိုင်စိတ်ကူးစိတ်သန်းဖြင့် ဂါရဝပြုခြင်းသာ ဖြစ်နေသည်။
 
 ဒေါ်အောင်ဆန်းစုကြည်သည် မိုက်ခ်၏ ဖန်တီးမှုအရ Star Wars ဇာတ်ကားများထဲမှ မင်းသမီး Leiaအဖြစ် အသွင်ပြောင်းနေသည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကမူ Lando Calrissianဖြစ်လာပြီး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကမူ R2D2အဖြစ် ပုံဖော်ခံထားရသည်။

မိုက်ခ်၏ ဖန်တီးမှုများအနက် စတိဗ်ဂျော့ဘ်က C3PO၊ မိုက်ခ်တိုင်ဆင်က Darth Maul၊ ဆာရာပါလင်းက Sithတို့၏ Dark Lord၊ ဒေါ်နယ်လ်ထရမ့်က Darth Vaderဖြစ်နေသည်။ မဟတ္တမ ဂန္ဒီသည်ပင်လျှင် Master Yodaအဖြစ် ပါဝင်လျှက်ရှိသည်။ 
 
မိုက်ခ်သည် ချားလ်စ်ဒါဝင်၊ အော်ပရာဝင်းဖရေး၊ အေဘရာဟမ်လင်ကွန်း၊ အန်ဂျလီနာဂျိုလီ၊ ဟီလာရီကလင်တန်တို့အပြင် ကမ္ဘာကျော် တော်လှန်ရေးသမားကြီး ချေဂွေဗားရားကိုပါ Star Warsဇာတ်ရုပ်များထဲ သွတ်သွင်းခဲ့သည်။

အသက်(၃၆)နှစ်ရှိ မိုက်ခ်က အဆိုပါ အရုပ်လေးများကို (၁၀)နှစ်ကျော်မျှ အချိန်ယူ ဖန်တီးခဲ့ကြောင်းလည်း ဆိုသည်။ ၎င်းသည် အရုပ်ကလေးများကို သစ်သားနှင့် ပေါ်လီမာရွှံစေးတို့ကို အသုံးပြု ပုံဖော်ပြီးမှ အပြီးသတ် ဆေးခြယ်သမှု ပြုလုပ်ခြင်းဟုလည်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
Photo

Photo

Photo

Photo

0 comments:

Post a Comment