Pages

Saturday, December 14, 2013

သရေ ရလဒ်သာထွက်ပေါ်ခဲ့တဲ့ မြန်မာ နဲ့ထိုင်းအသင်းပွဲစဉ်

Photo: အနိုင်ရရှိရေး ကြိုးစားခဲ့သော်လည်း သရေ ရလဒ်သာထွက်ပေါ်ခဲ့တဲ့ မြန်မာ နဲ့ထိုင်းအသင်းပွဲစဉ်
Saturday, December 14, 2013

ယနေ့ပွဲစဉ်မှာတော့ အရင်နေ့ကပွဲစဉ်များမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ နေလင်းထွန်းကိုအရန်စာရင်းထုတ်ထားပြီး အဓိက ကစားသမားများဖြင့် ထိုင်းအသင်းကို အနိုင်ရရှိရေး မြန်မာအသင်း ပွဲထွက်ကစားလာခဲ့ပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲများမှာ ၁၅ ကြိမ်တွေ့ဆုံဖူးထားပြီး ထိုင်းမှ ၁၂ ကြိမ်နိုင်ခဲ့ပြီး၊ မြန်မာအသင်းကတော့ ၂ ကြိမ်နိုင် နှင့် သရေ (၁)ပွဲရှိခဲ့ပါတယ်။ ၁၉၈၃ နောက်ပိုင်းမှာ ထိုင်းအသင်းကိုမနိုင်ခဲ့တာ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီဟုလည်း သိရပါတယ်။ အပြေးအယူအချိတ်အဆက် မိမိဖြင့်စတင်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ထိုင်းအသင်းမှတော့ ညာတောင်ပံမှ တချက်တချက် အဓိက ထားတိုက်စစ်ဆင်ကစားလာခဲ့ပါတယ်။ ဧည့်သည်ထိုင်းအသင်းကတော့ ပွဲအစတွေမှာ ပြာနေခဲ့ပြီး မြန်မာအသင်း ဂိုးရရှိရေး ပိုမိုကြိုးစားကစားတာကိုတွေ့မြင်ရပါတယ်။ ပွဲကစားချိန် ၁၃ မိနစ်မှာ ကျော်ကိုကိုကန်ချက် ကောင်းပေမဲ့ ဘေးထွက်ခဲ့ပါတယ်။ ထို့နောက်မှာလည်း ကြည်လင်း၊ ကျော်ကိုကိုတို့အစွမ်းပြပြီး တရစပ်ဂိုးရရှိရေး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ရဲလင်းအောင် ထိုင်းဂိုးဧရိယာထိပ်ကနေ ဘယ်ခြေကန်ချက် ကောင်းခဲ့ပေမယ့်လည်း ဂိုးဘေးထွက်ခဲ့လို့ အနိုင်ဂိုးရရှိရေး ဆုံးရှုံးခဲ့ရပါတယ်။ ပွဲချိန် (၂၂)မိနစ်အထိ မြန်မာအသင်းက ဂိုးပေါက်ချိန်းခြောက်မှု (၂)ကြိမ်ရှိခဲ့ပါတယ်။ ပွဲချိန် (၂၃)မိနစ်မှာ ကြည်လင်းဒဏ်ရာရရှိခဲ့တဲ့ အတွက် ထမ်းစင်နဲ့ထုတ်ခဲ့ရပါတယ်။ 

အရင်ဒဏ်ရာဟောင်းပြန်ဖြစ်ခဲ့ပုံရခဲ့ဖြစ်ခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် နေလင်းထွန်းနဲ့အစားထိုးလှဲလှယ်ခဲ့ရပါတယ်။ ကြည်လင်းမရှိတော့တဲ့နောက် တိုက်စစ်ပိုင်း ကစားကွက်အနည်းငယ်အေးခဲ့သလို ထိုင်းအသင်းက အနည်းငယ် ပြန်လည်ဖိကစားလာမှုနဲ့အတူ ထိုင်းအသင်း အနိုင်ဂိုးအတွက် အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ ဘယ်တောင်ပံက ဖြတ်တင်ဘောကို ဂိုးသမားပြည့်ဖြိုးအောင် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီးနောက် ထိုင်းတိုက်စစ်မှုး မှ မရယူနိုင်ခဲ့တာကြောင့် အိမ်ရှင်အသင်း သက်သာခဲ့ပါတယ်။ ပွဲကစားချိန် (၃၃) မိနစ်မှာတော့ မြန်မာအသင်းအတွက်နိုင်ဂိုးတစ်ဂိုးကို လူစားဝင်လာတဲ့ ကစားသမားနေလင်းထွန်းမှ ကျော်ဇေယျာဝင်း၏ ပြစ်ဒဏ်ဘော ထောင့်ဖြတ် ကန်တင်ပေးမှုကို လှလှပပခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ အနိုင်ရရှိရေးအတွက် အစွမ်းကုန်ရုန်းကန်ကစားကြတာကြောင့် ပွဲစဉ်ဟာ ကြမ်းသလိုဖြစ်ခဲ့ပြီး ဒဏ်ရာရမှုများနှင့်အတူ ကွင်းလယ်ဒိုင်၏ အ၀ါကတ်သတိပေးဆုံးမမှုများကိုလည်းတွေ့ရပါတယ်။ မြန်မာအသင်းက ပထမပိုင်းမှာ ဇော်မင်းထွန်း နဲ့ စည်သူအောင်တို့ အ၀ါကတ်ပြသတိပေးခံခဲ့ရပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်း အိမ်ရှင်ပရိတ်သတ်၏ အားပေးမှုနဲ့အတူ အင်တိုက်အားတိုက် ထိုင်းအသင်းကို ခြေစွမ်းအသာနဲ့တိုက်စစ်ဆင်နိုင်ခဲ့တာပါ။ ဒါကြောင့်မို့လည်း ပထမပိုင်းမှာ ထိုင်း အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပါတယ်။ 
ဒုတိယပိုင်းအစမှာတော့ ကျော်မင်းဦးက ထိုင်းအသင်း၏ ထိုးဖောက်မှုကို ဖြတ်ထုတ်တာ ကြမ်းတမ်းခဲ့တဲ့အတွက် ပြစ်ဒဏ်ဘောပေးခဲ့ရပါတယ်။ 

ထိုပြစ်ဒဏ်ဘောကို ထိုင်းအသင်းမှ ကန်တင်ရာတွင် မြန်မာဂိုးတိုင်ကိုထိထွက်လာပြီး၊ ထွက်လာခဲ့တဲ့ ဘောလုံးကိုထိုင်းအသင်းရှေ့တန်းမှ ပိတ်သွင်းယူခဲ့တာ ကြောင့်ပွဲကစားချိန်(၄၈)မိနစ်မှာ ခြေပဂိုး ပြန်လည်ရရှိသွားပါတယ်။ ဒုတိယပိုင်းမှာတော့ ထိုင်းအသင်းကစားကွက်က ပိုမိုတည်ငြိမ်လာပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် (၅၂)မိနစ်မှာ ကျော်ဇေယျာဝင်းအပိုင်ဂိုးသွင်းခွင့်ရရှိခဲ့သော်လည်း ကန်ချက်လွဲချော်ခဲ့တာကြောင့် အနိုင်ဂိုးရရှိရေး အခွင့်အရေးတစ်ခု လက်လွတ်ခဲ့ရပါတယ်။ အကယ်၍ တိုက်ရိုက်မကန်သေးဘဲ သေချာလူပေးကစားပြီး ကန်သွင်းခဲ့မည်ဆိုပါက ဂိုးရရှိရေးတစ်ရပ် ဖြစ်လာနိုင်မည်ဟုထင်ပါတယ်။ မြန်မာအသင်းသည် ပိုမိုကစားကွက်ကောင်းမွန်လာမှုနဲ့အတူ ထိုင်းအသင်းကို အကောင်းဆုံးတိုက်စစ်ဆင် ကစားခဲ့ပါတယ်။ မြန်မာတိုက်စစ်ပိုင်းမှာကျော်ကိုကိုအကောင်းဆုံးခြေစွမ်းနဲ့ ထိုင်းနောက်တန်းကို ခြိမ်းခြောက်ကစားနိုင်ခဲ့ပါတယ်။ ဒေးဗစ်ထန်း၊ ကျော်ဇေယျာဝင်း နှင့် နေလင်းထွန်းတို့ကလည်း ဂိုးရရှိရေး တိုက်စစ်ဆင်မှုတွေနဲ့ ကြိုးစားခဲ့ကြပါတယ်။ ပွဲချိန် (၆၅)မိနစ်မှာလည်း ကျော်ဇေယျာဝင်း အပိုင်ဂိုးသွင်းခွင့်ရရှိခဲ့ပေမည့်လည်း ဖြုန်းတီးခဲ့သလို ဖြစ်ခဲ့ရပါတယ်။ ယနေ့ပွဲမှာကျော်ဇေယျာဝင်း၏ အဆုံးသတ်ဂိုးသွင်းယူမှုတွေ ကောင်းမွန်ခဲ့မည်ဆိုပါက ထိုင်းအသင်းကို ဂိုးအသာနဲ့ဦးဆောင်နေနိုင်မည်ဟု ထင်ပါတယ်။ တိုက်စစ်ပိုင်းမှာ ကျော်ကိုကို ကွင်းလယ်အထိဆင်းယူပြီး အကောင်းဆုံးပံ့ပိုးမှုတွေ ပြုလုပ်နေပါတယ်။

 ကျော်ဇေယျာဝင်းကတော့ ဘောလုံးပေးပို့ကန်တင်မှုတွေ ကောင်းခဲ့ပေမည့် အဆုံးသတ်မှုပိုင်းတွေ အားနည်းခဲ့တာတွေကိုတော့ တွေ့ရပါတယ်။ ပွဲကစားချိန် (၇၆) မှာ နှစ်သင်းစလုံးလူစားလှဲမှုတွေပြုလုပ်ခဲ့ပြီး၊ သိန်းသန်းဝင်းက အနာတရဖြစ်နေတဲ့ ဒေးဗစ်ထန်းနေရာမှာ အစားထိုးဝင်ရောက်ကစားခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ပိုင်းမှာ ကျော်ကိုကို နှင့် ကျော်ဇေယျာဝင်းတို့၏ အကောင်းဆုံးစွမ်းဆောင်မှုများဖြင့် ထိုးဖောက်ကစားနိုင်မှုများကို မြင်ရပါတယ်။ မြန်မာနောက်တန်းကစားသမားတွေကလည်း ဖြတ်ထုတ်တာတွေကြမ်းခဲ့တဲ့အတွက် ပြစ်ဒဏ်ဘောခကြာခဏပေးခဲ့ရပြီး ထိုပြစ်ဒဏ်ဘောတွေကနေတဆင့် ထိုင်းအသင်းက မြန်မာ အသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခြင်းဘဲပြုလုပ်နေခဲ့တာပါ။ ပြစ်ဒဏ်ဘောရရှိမှုကတဆင့် ကန်တင်ပေးတဲ့ ဘောလုံးကို ဇော်မင်းထွန်းခေါင်းတိုက်သွင်းနိုင်ခဲ့သော်လည်း လူကျွံဘောအဖြစ်သတ်မှတ်ခံရတာကြောင့် အနိုင်ဂိုးတစ်ဂိုးနစ်နာခဲ့ရပါတယ်။ မြန်မာအသင်း၏ တိုက်စစ်ပိုင်းကို ပံ့ပိုးမှုတွေမှာ ကန်တင်ပေးမှုတွေက အပျက်များခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့က ဆက်လက်အနိုင်ဂိုးများ မသွင်းနိုင်ကြတော့တဲ့အတွက် သရေ (၁)မှတ်စီ ခွဲယူသွားပါတယ်။

https://www.facebook.com

RangonNewsDaily:: December . 14 .2013
ယနေ့ပွဲစဉ်မှာတော့ အရင်နေ့ကပွဲစဉ်များမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ နေလင်းထွန်းကိုအရန်စာရင်း
ထုတ်ထားပြီး အဓိက ကစားသမားများဖြင့် ထိုင်းအသင်းကို အနိုင်ရရှိရေး မြန်မာအသင်း ပွဲထွက်ကစားလာခဲ့
ပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲများမှာ ၁၅ ကြိမ်တွေ့ဆုံဖူးထားပြီး ထိုင်းမှ ၁၂ ကြိမ်နိုင်ခဲ့ပြီး
၊ မြန်မာအသင်းကတော့ ၂ ကြိမ်နိုင် နှင့် သရေ (၁)ပွဲရှိခဲ့ပါတယ်။ ၁၉၈၃ နောက်ပိုင်းမှာ ထိုင်းအသင်းကို
မနိုင်ခဲ့တာ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီဟုလည်း သိရပါတယ်။ အပြေးအယူအချိတ်အဆက် မိမိဖြင့်စတင်ယှဉ်ပြိုင်
ကစားခဲ့ပါတယ်။ 
 
ထိုင်းအသင်းမှတော့ညာတောင်ပံမှတချက်တချက်အဓိက ထားတိုက်စစ်ဆင်ကစားလာခဲ့ပါတယ်။ ဧည့်သည်
ထိုင်းအသင်းကတော့ ပွဲအစတွေမှာ ပြာနေခဲ့ပြီး မြန်မာအသင်း ဂိုးရရှိရေး ပိုမိုကြိုးစားကစားတာကိုတွေ့မြင်ရ
ပါတယ်။ ပွဲကစားချိန် ၁၃ မိနစ်မှာ ကျော်ကိုကိုကန်ချက် ကောင်းပေမဲ့ ဘေးထွက်ခဲ့ပါတယ်။ 
 
ထို့နောက်မှာလည်း ကြည်လင်း၊ ကျော်ကိုကိုတို့အစွမ်းပြပြီး တရစပ်ဂိုးရရှိရေး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ရဲလင်းအောင်ထိုင်းဂိုးဧရိယာထိပ်ကနေ ဘယ်ခြေကန်ချက် ကောင်းခဲ့ပေမယ့်လည်း ဂိုးဘေးထွက်ခဲ့လို့ အနိုင်
ဂိုးရရှိရေး ဆုံးရှုံးခဲ့ရပါတယ်။ 
 
ပွဲချိန် (၂၂)မိနစ်အထိ မြန်မာအသင်းက ဂိုးပေါက်ချိန်းခြောက်မှု (၂)ကြိမ်ရှိခဲ့ပါတယ်။ ပွဲချိန် (၂၃)မိနစ်မှာ ကြည်လင်းဒဏ်ရာရရှိခဲ့တဲ့ အတွက် ထမ်းစင်နဲ့ထုတ်ခဲ့ရပါတယ်။

အရင်ဒဏ်ရာဟောင်းပြန်ဖြစ်ခဲ့ပုံရခဲ့ဖြစ်ခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် နေလင်းထွန်းနဲ့အစားထိုးလှဲလှယ်
ခဲ့ရပါတယ်။ ကြည်လင်းမရှိတော့တဲ့နောက် တိုက်စစ်ပိုင်း ကစားကွက်အနည်းငယ်အေးခဲ့သလို ထိုင်းအသင်း
က အနည်းငယ် ပြန်လည်ဖိကစားလာမှုနဲ့အတူ ထိုင်းအသင်း အနိုင်ဂိုးအတွက် အခွင့်အရေးတစ်ခုရခဲ့ပါ
တယ်။ ဘယ်တောင်ပံက ဖြတ်တင်ဘောကို ဂိုးသမားပြည့်ဖြိုးအောင် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီးနောက် ထိုင်းတိုက်စစ်မှုး မှ မရယူနိုင်ခဲ့တာကြောင့် အိမ်ရှင်အသင်း သက်သာခဲ့ပါတယ်။ 
 
ပွဲကစားချိန် (၃၃) မိနစ်မှာတော့ မြန်မာအသင်းအတွက်နိုင်ဂိုးတစ်ဂိုးကို လူစားဝင်လာတဲ့ ကစားသမားနေ
လင်းထွန်းမှ ကျော်ဇေယျာဝင်း၏ ပြစ်ဒဏ်ဘော ထောင့်ဖြတ် ကန်တင်ပေးမှုကို လှလှပပခေါင်းတိုက်သွင်း
ယူခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ အနိုင်ရရှိရေးအတွက် အစွမ်းကုန်ရုန်းကန်ကစားကြတာကြောင့် ပွဲစဉ်ဟာ ကြမ်းသလိုဖြစ်ခဲ့ပြီး ဒဏ်ရာရမှုများနှင့်အတူ ကွင်းလယ်ဒိုင်၏ အ၀ါကတ်သတိပေးဆုံးမမှုများကိုလည်းတွေ့ရ
ပါတယ်။
 
 မြန်မာအသင်းက ပထမပိုင်းမှာ ဇော်မင်းထွန်း နဲ့ စည်သူအောင်တို့ အ၀ါကတ်ပြသတိပေးခံခဲ့ရပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်း အိမ်ရှင်ပရိတ်သတ်၏ အားပေးမှုနဲ့အတူ အင်တိုက်အားတိုက် ထိုင်းအသင်းကို ခြေစွမ်းအသာနဲ့တိုက်စစ်ဆင်နိုင်ခဲ့တာပါ။ 
 
ဒါကြောင့်မို့လည်းပထမပိုင်းမှာ ထိုင်း အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ
တော့ ကျော်မင်းဦးက ထိုင်းအသင်း၏ ထိုးဖောက်မှုကို ဖြတ်ထုတ်တာ ကြမ်းတမ်းခဲ့တဲ့အတွက် ပြစ်ဒဏ်ဘော
ပေးခဲ့ရပါတယ်။

ထိုပြစ်ဒဏ်ဘောကို ထိုင်းအသင်းမှ ကန်တင်ရာတွင် မြန်မာဂိုးတိုင်ကိုထိထွက်လာပြီး၊ ထွက်လာခဲ့တဲ့ ဘော
လုံးကိုထိုင်းအသင်းရှေ့တန်းမှ ပိတ်သွင်းယူခဲ့တာ ကြောင့်ပွဲကစားချိန်(၄၈)မိနစ်မှာ ခြေပဂိုး ပြန်လည်ရရှိသွား
ပါတယ်။ ဒုတိယပိုင်းမှာတော့ ထိုင်းအသင်းကစားကွက်က ပိုမိုတည်ငြိမ်လာပါတယ်။ 
 
ဒုတိယပိုင်း ပွဲကစားချိန် (၅၂)မိနစ်မှာ ကျော်ဇေယျာဝင်းအပိုင်ဂိုးသွင်းခွင့်ရရှိခဲ့သော်လည်း ကန်ချက်လွဲချော်ခဲ့
တာကြောင့် အနိုင်ဂိုးရရှိရေး အခွင့်အရေးတစ်ခု လက်လွတ်ခဲ့ရပါတယ်။ အကယ်၍ တိုက်ရိုက်မကန်သေး
ဘဲ သေချာလူပေးကစားပြီး ကန်သွင်းခဲ့မည်ဆိုပါက ဂိုးရရှိရေးတစ်ရပ် ဖြစ်လာနိုင်မည်ဟုထင်ပါတယ်။
 
မြန်မာအသင်းသည်ပိုမိုကစားကွက်ကောင်းမွန်လာမှုနဲ့အတူ ထိုင်းအသင်းကို အကောင်းဆုံးတိုက်စစ်ဆင် က
စားခဲ့ပါတယ်။ မြန်မာတိုက်စစ်ပိုင်းမှာကျော်ကိုကိုအကောင်းဆုံးခြေစွမ်းနဲ့ ထိုင်းနောက်တန်းကို ခြိမ်းခြောက်
ကစားနိုင်ခဲ့ပါတယ်။ ဒေးဗစ်ထန်း၊ ကျော်ဇေယျာဝင်း နှင့် နေလင်းထွန်းတို့ကလည်း ဂိုးရရှိရေး တိုက်စစ်ဆင်
မှုတွေနဲ့ ကြိုးစားခဲ့ကြပါတယ်။ ပွဲချိန် (၆၅)မိနစ်မှာလည်း ကျော်ဇေယျာဝင်း အပိုင်ဂိုးသွင်းခွင့်ရရှိခဲ့ပေမည့်
လည်း ဖြုန်းတီးခဲ့သလို ဖြစ်ခဲ့ရပါတယ်။ 
 
ယနေ့ပွဲမှာကျော်ဇေယျာဝင်း၏ အဆုံးသတ်ဂိုးသွင်းယူမှုတွေ ကောင်းမွန်ခဲ့မည်ဆိုပါက ထိုင်းအသင်းကို ဂိုး
အသာနဲ့ဦးဆောင်နေနိုင်မည်ဟု ထင်ပါတယ်။ တိုက်စစ်ပိုင်းမှာ ကျော်ကိုကို ကွင်းလယ်အထိဆင်းယူပြီး အကောင်းဆုံးပံ့ပိုးမှုတွေ ပြုလုပ်နေပါတယ်။

ကျော်ဇေယျာဝင်းကတော့ ဘောလုံးပေးပို့ကန်တင်မှုတွေ ကောင်းခဲ့ပေမည့် အဆုံးသတ်မှုပိုင်းတွေ အားနည်း
ခဲ့တာတွေကိုတော့ တွေ့ရပါတယ်။ပွဲကစားချိန်(၇၆) မှာ နှစ်သင်းစလုံးလူစားလှဲမှုတွေပြုလုပ်ခဲ့ပြီး၊ သိန်းသန်း
ဝင်းက အနာတရဖြစ်နေတဲ့ ဒေးဗစ်ထန်းနေရာမှာ အစားထိုးဝင်ရောက်ကစားခဲ့ပါတယ်။ တန်ပြန်တိုက်စစ်
ပိုင်းမှာ ကျော်ကိုကို နှင့် ကျော်ဇေယျာဝင်းတို့၏ အကောင်းဆုံးစွမ်းဆောင်မှုများဖြင့် ထိုးဖောက်ကစားနိုင်မှု
များကို မြင်ရပါတယ်။
 
မြန်မာနောက်တန်းကစားသမားတွေကလည်း ဖြတ်ထုတ်တာတွေကြမ်းခဲ့တဲ့အတွက်ပြစ်ဒဏ်ဘောခကြာခဏ
ပေးခဲ့ရပြီး ထိုပြစ်ဒဏ်ဘောတွေကနေတဆင့် ထိုင်းအသင်းက မြန်မာ အသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်
ခြင်းဘဲပြုလုပ်နေခဲ့တာပါ။
 
 ပြစ်ဒဏ်ဘောရရှိမှုကတဆင့် ကန်တင်ပေးတဲ့ ဘောလုံးကို ဇော်မင်းထွန်းခေါင်းတိုက်သွင်းနိုင်ခဲ့သော်လည်း လူကျွံဘောအဖြစ်သတ်မှတ်ခံရတာကြောင့် အနိုင်ဂိုးတစ်ဂိုးနစ်နာခဲ့ရပါတယ်။
 
မြန်မာအသင်း၏တိုက်စစ်ပိုင်းကိုပံ့ပိုးမှုတွေမှာ ကန်တင်ပေးမှုတွေက အပျက်များခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာ
တော့ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့က ဆက်လက်အနိုင်ဂိုးများ မသွင်းနိုင်ကြတော့တဲ့အတွက် သရေ (၁)မှတ်စီ ခွဲယူသွားပါတယ်။
 
kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment