Pages

Saturday, December 14, 2013

ရှုံးရင်လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ ဟု ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ ကို ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: ရှုံးရင်လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ ဟု ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ ကို ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Saturday, December 14, 2013

(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင် မြန်မာအားကစားသမားများကို ရှုံးရင် လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ နိုင်တယ်ဆိုတာတောင် မှ သိက္ခာရှိရှိနိုင်တာမှ တန်ဖိုးရှိ တာဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အားပေးစကားပြောကြား ခဲ့သည်။

ယနေ့ နေပြည်တော်ဝဏ္ဏ သိဒ္ဓိအားကစား(B)ရုံတွင် ကျင်းပ သော (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသမီးပြိုင် ပွဲ မြန်မာနှင့်ထိုင်းပွဲ ယှဉ်ပြိုင်မှု ကို တက်ရောက်အားပေးပြီး အ ပြန်တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တကယ်တော့ ကိုယ့်ရဲ့အား ကစားသမားတွေကို အကောင်း ဆုံးဖြစ်စေချင် တာပေါ့။ ဒါပေမဲ့ အဓိကတော့ စိတ်ဓာတ်ပဲလေ။ စိတ်ဓာတ်အပေါ် အခြေခံ ရမယ်။ အမေကတော့ ပြိုင်တယ်ဆိုရင် အတတ်နိုင်ဆုံးလုပ်ရမယ်။ စိတ် ဓာတ် ခိုင်ခိုင် မာမာထားရမယ်။ ရှုံးလို့ရှိရင်လဲ မယိုင်နဲ့ နိုင်လို့ရှိရင် လဲ မကျောနဲ့ နိုင် တယ်ဆိုရင် တောင်မှ သိက္ခာရှိရှိနိုင်တာမှ တန် ဖိုးရှိတာ''ဟု ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်း ယနေ့ပြုလုပ်သောအား ကစားပြိုင်ပွဲများကို လည်းကောင်း၊ မြင်းပြိုင် ကွင်း၌ပြုလုပ်သော မြင်း အလှစီးပြိုင်ပွဲသို့ လည်းကောင်း သွားရောက် ကြည့်ရှုအားပေးခဲ့ သည်။

ယနေ့ကျင်းပသော နေပြည် တော် ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲ တွင် ပြု လုပ်သော မြင်း အလှစီးပြိုင်ပွဲ တွင် သူမ၏မြင်းဖြစ်သော မြန်မာ့ အလှမြင်း အား ကမ္ဘောဒီးယားနိုင်ငံ မှ မြင်းစီးအားကစားသမားက စီး ၍ ယှဉ်ပြိုင်ခြင်းကိုလည်း လာ ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ မြန်မာ့အလှမြင်းမှာ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ၁၃ရက်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲတွင် ဆုရအားကစားသမားများအား ဒေါ်အောင်ဆန်းစုကြည် ဆုချီးမြှင့်နေစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/

ရန်ကုန်တိုင်းမ်

RangonNewsDaily:: December . 14 .2013
(၂၇) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားသမားများကိုရှုံးရင်လည်းမယိုင်နဲ့ နိုင်ရင်လည်း မကျော
နဲ့ နိုင်တယ်ဆိုတာတောင်မှသိက္ခာရှိရှိနိုင်တာမှတန်ဖိုးရှိတာဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်
ဆန်းစု ကြည်က အားပေးစကားပြောကြား ခဲ့သည်။ ယနေ့ နေပြည်တော်ဝဏ္ဏ သိဒ္ဓိအားကစား(B)ရုံတွင် ကျင်းပ သော (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသမီးပြိုင် ပွဲ မြန်မာနှင့်ထိုင်းပွဲ ယှဉ်ပြိုင်မှု ကို တက်ရောက်အားပေးပြီး အ ပြန်တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တကယ်တော့ ကိုယ့်ရဲ့အား ကစားသမားတွေကို အကောင်း ဆုံးဖြစ်စေချင် တာပေါ့။ ဒါပေမဲ့ အဓိကတော့ စိတ်ဓာတ်ပဲလေ။စိတ်ဓာတ်အပေါ်အခြေခံ ရမယ်။အမေကတော့ ပြိုင်တယ်ဆိုရင် အတတ်နိုင်ဆုံးလုပ်ရမယ်
။ စိတ် ဓာတ် ခိုင်ခိုင် မာမာထားရမယ်။ ရှုံးလို့ရှိရင်လဲမယိုင်နဲ့ နိုင်လို့ရှိရင်လဲ မကျောနဲ့နိုင်တယ်ဆိုရင် တောင်
မှ သိက္ခာရှိရှိနိုင်တာမှ တန် ဖိုးရှိတာ''ဟု ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဝဏ္ဏသိဒ္ဓိ
အားကစားကွင်း အတွင်း ယနေ့ပြုလုပ်သောအား ကစားပြိုင်ပွဲများကို လည်းကောင်း၊ မြင်းပြိုင် ကွင်း၌ပြုလုပ်
သော မြင်း အလှစီးပြိုင်ပွဲသို့ လည်းကောင်း သွားရောက် ကြည့်ရှုအားပေးခဲ့ သည်။

ယနေ့ကျင်းပသော နေပြည် တော် ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲ တွင် ပြု လုပ်သော မြင်း အလှစီးပြိုင်ပွဲ တွင်သူမ၏မြင်း
ဖြစ်သော မြန်မာ့ အလှမြင်း အား ကမ္ဘောဒီးယားနိုင်ငံ မှ မြင်းစီးအားကစားသမားက စီး ၍ ယှဉ်ပြိုင်ခြင်းကို
လည်း လာ ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ မြန်မာ့အလှမြင်းမှာ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ၁၃ရက်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲတွင် ဆုရအားကစားသမားများအား ဒေါ်အောင်ဆန်း
စုကြည် ဆုချီးမြှင့်နေစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/

ရန်ကုန်တိုင်းမ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment