Pages

Saturday, December 14, 2013

မြန်မာ - ထိုင်း ဘောလုံးပွဲစဉ် အားပေးမည့် သူများအား မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ပန်းချီဆွဲပေးမည်

RangonNewsDaily:: December . 14 .2013
ဆီးဂိမ်း တွင်အားပေးမည့်ပရိသတ်များ ၏မျက်နှာပေါ်တွင် နိုင်ငံတော်အ လံများ၊ ဇီးကွက်အရုပ်များကို မျက်

နှာပန်းချီ၊ ခန္ဓာကိုယ်ပန်းချီများ အဖြစ် NovelArtGardenပန်းချီသင်တန်းကျောင်းမှ ရေးဆွဲပုံ ဖော်အားပေးသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမျက်နှာပေါ်ပန်းချီ များကို လာမည့် မြန်မာ-ထိုင်း ဘောလုံးပွဲ စဉ်ကျင်း ပ
မည့် ဒီဇင် ဘာ ၁၄ရက်တွင် သုဝဏ္ဏဘောလုံးကွင်းဂိတ်အမှတ်(၂)ဘောလုံး ကွင်းရှေ့၌ ရေးဆွဲပေးမည်ဖြစ်
သည်။
''ကျွန်တော်တို့ Novel Art Garden ပန်းချီသင်တန်းကျောင်း က မြန်မာ အသင်းကိုအားပေးဖို့Face Painting (မျက်နှာပန်းချီ)၊ Body Painting (ခန္ဓာကိုယ်ပန်း ချီ)တွေရေးဆွဲဖို့ရှိပါတယ်။ မြန်မာ နဲ့တီမောအသင်းပြိုင်တုန်း ကလဲ ရေးဆွဲပေးခဲ့တယ်။

 မြန်မာအမျိုး သမီးဘောလုံးပြိုင်ပွဲ မန္တလေးမှာ လုပ်တုန်းကလဲ ကျွန်တော်တို့ သွား ဆွဲဖြစ်ပါတယ်။ ဈေးနှုန်း ကတော့ ရေး ဆွဲရ တဲ့အရွယ်အစားပေါ်မူ တည်ပြီး ကွာသွားတယ်''ဟု Novel Art Garden ပန်းချီသင်တန်း
 ကျောင်းမှသင်တန်းဆရာ ကိုကျော် ရှိန်းမြင့်က ပြောသည်။


ဘောလုံးပွဲစဉ်များတွင် မြန် မာပရိသတ်များ သည် မြန်မာ နိုင်ငံ တော်အလံ ကိုမျက်နှာပေါ်တွင် ရေးဆွဲထား

ကြသည့်အတွက် မြန် မာအလံများကို ပိုမိုရေးဆွဲရကြောင်း သိရသည်။

''အဓိကကတော့ မြန်မာ နိုင်ငံအလံတွေကို ရေးပေးရတယ်။ဇီးကွက်ရုပ်တွေရေးရတယ်''ဟုသင်တန်းကျောင်း

မှ တာဝန်ရှိသူ တစ်ဦးက ထပ်မံပြော သည်။

မျက် နှာပန်းချီရေးဆွဲလိုသောပရိသတ်များအနေဖြင့် နိုင်ငံတော် အလံ သေးတစ်ခုလျှင် ရေးဆွဲခ ကျပ် ၁ဝဝဝ

မှ ၂၀၀၀၊ မျက်နှာပြင်တစ် ခြမ်းကို ကျပ် ၃၅၀၀၊ မျက်နှာပြင် အပြည့် နိုင်ငံတော်အလံကို ကျပ် ၅၀၀၀ နှုန်းဖြင့်
ရေးဆွဲနိုင်မည်ဖြစ် ပြီး အသေးစိတ်သိရှိလိုသူများ ရေး ဆွဲလိုသူများအနေဖြင့် Novel Art Garden ပန်းချီသင်
တန်း ကျောင်း ဖုန်း-၀၉-၄၂၈၁၂၂၃၀၂ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

Yangon Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment