Pages

Saturday, December 14, 2013

ဗီလာနှင့်ပွဲသည် အလွန်အရေးကြီးလာပြီဟု ဂျုံးစ်ဝန်ခံ

Photo: ဗီလာနှင့်ပွဲသည် အလွန်အရေးကြီးလာပြီဟု ဂျုံးစ်ဝန်ခံ
Saturday, December 14, 2013
	 	
အက်စ်တန်ဗီလာနှင့် ပွဲစဉ်သည် မန်ချက်စတာ ယူနိုက်တက်အတွက် အလွန်အရေးကြီးသော အခြေအနေ ဖြစ်လာပြီဟု နောက်ခံလူ ဖီးလ်ဂျုံးစ်က ဝန်ခံ ပြောကြားလိုက်သည်။

လက်ရှိ အင်္ဂလန် ချန်ပီယံ အသင်းသည် ပရီးမီးယားလိဂ်တွင် (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီးနောက် ဗီလာပါ့ခ်တွင် မဖြစ်မနေ (၃)မှတ်ရယူရန် ဖိအားဝင်နေပြီ ဖြစ်သည်။ ထို့အပြင် ယူနိုက်တက်သည် အာဆင်နယ်နောက် (၁၃)မှတ်ထိ ပြတ်ကျန်နေပြီဖြစ်ရာ ချန်ပီယံဆုကို ကာကွယ်ရန် အခွင့်အလမ်း အလွန်နည်းပါးသွားခဲ့သည်။ ဂျုံးစ်က "ဒီပွဲဟာ တကယ့်ကို ကြီးကျယ်တဲ့ အခြေအနေမျိုး ဆိုက်ရောက်လာပါပြီ။ အမှတ်ပေးပွဲမှာ အခြေအနေတွေ မှန်မှန်ကန်ကန် ပြန်ဖြစ်လာဖို့အတွက် ကျွန်တော်တို့ အရာအားလုံး ပုံအောရပါလိမ့်မယ်"ဟု ဆိုသည်။

၎င်းက "(၃)မှတ်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ လုပ်ဆောင်ရပါမယ်။ ဒါကို အရင်ပွဲတွေ ကတည်းက ကျွန်တော်တို့ ပြောခဲ့ပေမယ့် အရှုံးတွေပဲ တွေ့ခဲ့တယ်။ သီတင်းပတ် တချို့မှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ကြုံခဲ့ပြီးပါပြီ။ ခုချိန်မှာ ကျွန်တော်တို့ ပုံစံအသစ်တစ်ခု အစပြုဖို့ ကြိုးစားရပါတော့မယ်။ ဗီလာဟာ မှန်းဆရသိပ်ခက်တဲ့ အသင်းပါ။ ဘာပဲဖြစ်ဖြစ် သူတို့အိမ်ကွင်းမှာ (၃)မှတ်ယူဖို့ ကျွန်တော်တို့ သွားကစားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရမှတ်တွေ များများစားစား မစုဆောင်းနိုင်သေးတာကို သိပါတယ်။ ဒါကြောင့် ပိုပြီးတော့ ကြိုးစားရပါလိမ့်မယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။ 

Ref:skysport
Soccer Myanmar

RangonNewsDaily:: December . 14 .2013
အက်စ်တန်ဗီလာနှင့် ပွဲစဉ်သည် မန်ချက်စတာ ယူနိုက်တက်အတွက် အလွန်အရေးကြီးသော အခြေအနေ ဖြစ်လာပြီဟု နောက်ခံလူ ဖီးလ်ဂျုံးစ်က ဝန်ခံ ပြောကြားလိုက်သည်။ လက်ရှိ အင်္ဂလန် ချန်ပီယံ အသင်းသည် ပရီးမီးယားလိဂ်တွင် (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီးနောက် ဗီလာပါ့ခ်တွင် မဖြစ်မနေ (၃)မှတ်ရယူရန် ဖိအားဝင်နေပြီ ဖြစ်သည်။ ထို့အပြင် ယူနိုက်တက်သည် အာဆင်နယ်နောက် (၁၃)မှတ်ထိ ပြတ်ကျန်နေပြီဖြစ်ရာ ချန်ပီယံဆုကို ကာကွယ်ရန် အခွင့်အလမ်း အလွန်နည်းပါးသွားခဲ့သည်။ 
 
ဂျုံးစ်က "ဒီပွဲဟာ တကယ့်ကို ကြီးကျယ်တဲ့ အခြေအနေမျိုး ဆိုက်ရောက်လာပါပြီ။ အမှတ်ပေးပွဲမှာ အခြေအနေတွေ မှန်မှန်ကန်ကန် ပြန်ဖြစ်လာဖို့အတွက် ကျွန်တော်တို့ အရာအားလုံး ပုံအောရပါလိမ့်မယ်"ဟု ဆိုသည်။

၎င်းက "(၃)မှတ်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ လုပ်ဆောင်ရပါမယ်။ ဒါကို အရင်ပွဲတွေ ကတည်းက ကျွန်တော်တို့ ပြောခဲ့ပေမယ့် အရှုံးတွေပဲ တွေ့ခဲ့တယ်။ သီတင်းပတ် တချို့မှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ကြုံခဲ့ပြီးပါပြီ။ ခုချိန်မှာ ကျွန်တော်တို့ ပုံစံအသစ်တစ်ခု အစပြုဖို့ ကြိုးစားရပါတော့မယ်။ ဗီလာဟာ မှန်းဆရသိပ်ခက်တဲ့ အသင်းပါ။ 
 
ဘာပဲဖြစ်ဖြစ် သူတို့အိမ်ကွင်းမှာ (၃)မှတ်ယူဖို့ ကျွန်တော်တို့ သွားကစားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရမှတ်တွေ များများစားစား မစုဆောင်းနိုင်သေးတာကို သိပါတယ်။ ဒါကြောင့် ပိုပြီးတော့ ကြိုးစားရပါလိမ့်မယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Ref:skysport
Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment