Pages

Saturday, November 23, 2013

မော်လမြိုင်သို့ နိုင်ငံခြားသားစက်ဘီးစီးအဖွဲ့ရောက်ရှိ

RangonNewsDaily:: November . 23 .2013
မော်လမြိုင်သို့ နိုင်ငံခြားသားစက်ဘီးစီးအဖွဲ့ရောက်ရှိ မော်လမြိုင် နိုဝင်ဘာ ၂၂ ပြင်သစ်နိုင်ငံသား Mr.Tha
ffarzateh ပါ အမျိုးသားခြောက်ဦး၊အမျိုးသမီးလေးဦး၊ ကနေဒါနိုင်ငံသူတစ်ဦး စုစုပေါင်း ၁၁ ဦးသည်နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲခန့်ကသံလွင်တံတား(မော်လမြိုင်)မှတစ်ဆင့် မော်လမြိုင်မြို့သို့ စက်ဘီးစီး၍ ရောက်
ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ဘီးစီးအဖွဲ့သည် Golden Bell Family Tour ကုမ္ပဏီ၏အစီအစဉ်ဖြင့် နိုဝင်ဘာ၅ ရက်တွင် လေ
ယာဉ်ဖြင့် ရှမ်း ပြည်နယ် အင်းလေးသို့ သွားရောက်ပြီးအင်းလေးမှတစ်ဆင့် စက်ဘီးဖြင့် ပင်းတယ၊ ရွာငံ၊
ကျောက်ဆည်၊မန္တလေး၊ မင်းကွန်း၊ စစ်ကိုင်း၊ မုံရွာ၊ပခုက္ကူ၊ ပုဂံညောင်ဦး၊ တောင်ငူ၊ မြို့ များက ကို ဖြတ်သန်း ၍ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်သို့ နိုဝင်ဘာ ၂၀ ရက်က ရောက်ရှိပြီး နိုဝင်ဘာ ၂၁ ရက်နံနက် ၇ နာရီတွင် ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းမှ စက်ဘီးဖြင့်ထွက်ခွာခဲ့ရာ မော်လမြိုင်မြို့သို့ ညနေ ၃ နာရီခွဲတွင်
 ရောက်ရှိခဲ့ကြောင်းသိရသည်။ 

အဖွဲ့ခေါင်းဆောင် Mr.Christion Differline က ပြောကြားရာတွင် လွန်ခဲ့သည့်နှစ်နှစ်ကျော်ကမြန်မာနိုင်ငံသို့ မိမိတစ်ကြိမ် ရောက်ရှိခဲ့ဖူးကြောင်း၊ ယခုအကြိမ်တွင်ပြောင်းလဲမှုများတွေ့ရကြောင်း၊ နိုင်ငံခြားခရီးသွားများ လည်း ပိုမိုများပြားလာကြောင်း၊ 

စက်ဘီးစီးလာသည့်လမ်းတစ်လျှောက်လုံး မြန်မာပြည်သူများက လှိုက်လှဲ ပျူငှာစွာ ကြိုဆိုကြသည်ကို တွေ့ရ
ကြောင်း၊ မြို့ရွာများအခြေအနေလည်း တိုးတက်လာပါကြောင်း၊ ခရီးသွား လမ်းမကြီး များလည်း ပိုမိုကောင်း
မွန်လာကြောင်း၊

အာဆီယံအခြားနိုင်ငံများနှင့်စာလျှင်မြန်မာနိုင်ငံနှင့် လာအို နိုင်ငံ ပြည်သူ များက ပိုမို၍ နွေးထွေးစွာကြိုဆို
ကြကြောင်း ၊ 

ယခုအချိန်တွင်ပိုမိုထူးခြားသည်မှာ လမ်း တစ် လျှောက် စစ်ဆေးမေးမြန်းသူ မရှိတော့ကြောင်း၊ မြန်မာနိုင်
ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြား လာနိုင် ပြီး တစ်ဆင့်ချင်းပြောင်းလဲမှုကိုသာပြုလုပ်ရန် အကြံပြု
ကြောင်း များ ကိုပြောကြားခဲ့ကြောင်းသိရသည်။

MOI Webportal Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment