Pages

Saturday, November 23, 2013

ဒရက်စလာ၏ အားပြိုင်ပွဲအတွင်းသို့ ၀င်ရောက်လာသည့် မန်ချက်စတာယူနိုက်တက်

Photo: ဒရက်စလာ၏ အားပြိုင်ပွဲအတွင်းသို့ ၀င်ရောက်လာသည့် မန်ချက်စတာယူနိုက်တက်
Saturday, November 23, 2013

ဥရောပထိပ်သီးအသင်းကြီးများ စိတ်ဝင်စားနေသည့် ရှောလ်ကာအသင်းမှ လူငယ်ကစားသမား ဒရက်ခစလာ၏အား ပြိုင်ပွဲအတွင်းသို့ အင်္ဂလန်ချန်ပီယံ မန်ချက်စတာယူနိုက်တက်ပါဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ဒရက်စလာသည် ရှော်လ်ကာအသင်းအတွက် ခြေစွမ်းပြကစားနေပြီးနောက် ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားမှုကိုခံလာရခြင်းဖြစ်သည်။

ဒရက်စလာကို လက်ရှိတွင် အာဆင်နယ်၊ ချဲလ်ဆီး၊ ဘိုင်ယန်၊ ဒေါ့မွန်၊ ရီးရဲလ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ ဂျူဗီ၊ အင်တာ အစရှိသည့်အသင်းကြီးများ အားလုံးက ခေါ်ယူရန် စိတ်ဝင်စားနေပြီး စိတ်ဝင်တစားစောင့် ကြည့်လျက်ရှိနေသည်။ 

ဒရက်စလာအနေဖြင့် ဘွန်ဒက်စ်လီဂါပြိုင်ဘက်အသင်းများသို့ ပြောင်းရွှေ့ရန် ထက် ပရီးမီးယားလိဂ်သို့သာ ပြောင်းရွှေ့ရန် စိတ်အားထက်သန်လျက်ရှိနေကြောင်း ဖွင့်ဟခဲ့သည်။ 

“ကျွန်တော် အင်္ဂလန်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အရမ်းကြိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူ၊ အာဆင်နယ်၊ ချဲလ်ဆီးတို့လို အကောင်းဆုံးအသင်းကြီးတွေရှိနေတယ်။ သူတို့ထဲက တစ်သင်းသင်းမှာ ကစားချင်တာက ကျွန်တော့်ရဲ့အိပ်မက်ပါ။ ပရီးမီးယားလိဂ်မှာ ကျွန်တော်အကြိုက်ဆုံး အသင်းရှိပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီအသင်းကို ကျွန်တော် ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရှော်လ်ကာအသင်းသားဖြစ်နေသေးလို့ပါ”ဟု ဒရက်စလာက ပြောကြားခဲ့သည်။

ဒရက်စလာကို မန်ယူအသင်း၏ နည်းပြချုပ် ဒေးဗစ်မိုယက်စ်က နှစ်နှစ်ခန့် အချိန်ယူစောင့်ကြည့်နေခဲ့ ခြင်းဖြစ်ပြီး ယခုနှစ်အတွင်းမှာပင် ယူနိုက်တက်၏ ကင်းထောက်များက ဒရက်စလာ၏ ကစားပုံကို ငါး ကြိမ်ထက်မနည်း လာရောက်ကြည့်ရှုခဲ့ကြသည်။ ဒရက်စလာသည် ပြီးခဲ့သည့်အင်္ဂါနေ့က ၀င်ဘလေကွင်းတွင် အင်္ဂလန်အသင်းကို (၁-၀)ဂိုး ဖြင့် အနိုင်ရခဲ့သည့်ခြေစမ်းပွဲတွင် ဒုတိယပိုင်း၌ လူစားဝင်ကစားခဲ့ပြီး အထင်ကြီးဖွယ်ခြေစွမ်းကို ပြသနိုင်ခဲ့သည့်နောက် ဒရက်စလာ၏ခြေစွမ်းကို မန်ယူ၏ ၀ါရင့် နောက်ခံလူ ဖာဒီနန်က တွစ်တာတွင် ချီးကျူးရေးသားခဲ့သည်။ 

“ကောင်လေး ဒရက်စလာက ဒီပွဲမှာ အထင်ကြီးစရာ ခြေစွမ်းတချို့ကို ပြသနိုင်ခဲ့တယ်။ ကျွန်တော်မြင်လိုက်ရတဲ့ သူ့ရဲ့ခြေစွမ်းက နှစ်သက်စရာပဲ”ဟု ဖာဒီနန်က ရေးသားခဲ့သည်။

ဒရက်စလာသည် ပြီးခဲ့သည့် မေလကမှ ၎င်း၏ မိခင်ကလပ် ရှော်လ်ကာနှင့် စာချုပ်သစ်ချုပ်ဆိုထားခဲ့ပြီး စာချုပ်ထားမှုအရ အဆိုပါကစားသမားကို ခေါ်ယူလိုသည့် အသင်းများအနေဖြင့် ရှော်လ်ကာဆီသို့ ယူရို ၄၅ ဒသမ ၅ သန်း (ပေါင် ၃၈ ဒသမ ၅ သန်း)ပေးရမည်ဖြစ်သည်။

Mizzima - News in Burmese

RangonNewsDaily:: November . 23 .2013
ဥရောပထိပ်သီးအသင်းကြီးများ စိတ်ဝင်စားနေသည့် ရှောလ်ကာအသင်းမှ လူငယ်ကစားသမား ဒရက်ခစလာ၏အား ပြိုင်ပွဲအတွင်းသို့ အင်္ဂလန်ချန်ပီယံ မန်ချက်စတာယူနိုက်တက်ပါဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဒရက်စလာသည် ရှော်လ်ကာအသင်းအတွက် ခြေစွမ်းပြကစားနေပြီးနောက် ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားမှုကိုခံလာရခြင်းဖြစ်သည်။

ဒရက်စလာကို လက်ရှိတွင် အာဆင်နယ်၊ ချဲလ်ဆီး၊ ဘိုင်ယန်၊ ဒေါ့မွန်၊ ရီးရဲလ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ ဂျူဗီ၊ အင်တာ အစရှိသည့်အသင်းကြီးများ အားလုံးက ခေါ်ယူရန် စိတ်ဝင်စားနေပြီး စိတ်ဝင်တစားစောင့် ကြည့်လျက်ရှိနေသည်။

ဒရက်စလာအနေဖြင့် ဘွန်ဒက်စ်လီဂါပြိုင်ဘက်အသင်းများသို့ ပြောင်းရွှေ့ရန် ထက် ပရီးမီးယားလိဂ်သို့သာ ပြောင်းရွှေ့ရန် စိတ်အားထက်သန်လျက်ရှိနေကြောင်း ဖွင့်ဟခဲ့သည်။

“ကျွန်တော် အင်္ဂလန်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အရမ်းကြိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူ၊ အာဆင်နယ်၊ ချဲလ်ဆီးတို့လို အကောင်းဆုံးအသင်းကြီးတွေရှိနေတယ်။ သူတို့ထဲက တစ်သင်းသင်းမှာ ကစားချင်တာက ကျွန်တော့်ရဲ့အိပ်မက်ပါ။ ပရီးမီးယားလိဂ်မှာ ကျွန်တော်အကြိုက်ဆုံး အသင်းရှိပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီအသင်းကို ကျွန်တော် ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရှော်လ်ကာအသင်းသားဖြစ်နေသေးလို့ပါ”ဟု ဒရက်စလာက ပြောကြားခဲ့သည်။

ဒရက်စလာကို မန်ယူအသင်း၏ နည်းပြချုပ် ဒေးဗစ်မိုယက်စ်က နှစ်နှစ်ခန့် အချိန်ယူစောင့်ကြည့်နေခဲ့ ခြင်းဖြစ်ပြီး ယခုနှစ်အတွင်းမှာပင် ယူနိုက်တက်၏ ကင်းထောက်များက ဒရက်စလာ၏ ကစားပုံကို ငါး ကြိမ်ထက်မနည်း လာရောက်ကြည့်ရှုခဲ့ကြသည်။ ဒရက်စလာသည် ပြီးခဲ့သည့်အင်္ဂါနေ့က ၀င်ဘလေကွင်းတွင် အင်္ဂလန်အသင်းကို (၁-၀)ဂိုး ဖြင့် အနိုင်ရခဲ့သည့်ခြေစမ်းပွဲတွင် ဒုတိယပိုင်း၌ လူစားဝင်ကစားခဲ့ပြီး အထင်ကြီးဖွယ်ခြေစွမ်းကို ပြသနိုင်ခဲ့သည့်နောက် ဒရက်စလာ၏ခြေစွမ်းကို မန်ယူ၏ ၀ါရင့် နောက်ခံလူ ဖာဒီနန်က တွစ်တာတွင် ချီးကျူးရေးသားခဲ့သည်။

“ကောင်လေး ဒရက်စလာက ဒီပွဲမှာ အထင်ကြီးစရာ ခြေစွမ်းတချို့ကို ပြသနိုင်ခဲ့တယ်။ ကျွန်တော်မြင်လိုက်ရတဲ့ သူ့ရဲ့ခြေစွမ်းက နှစ်သက်စရာပဲ”ဟု ဖာဒီနန်က ရေးသားခဲ့သည်။

ဒရက်စလာသည် ပြီးခဲ့သည့် မေလကမှ ၎င်း၏ မိခင်ကလပ် ရှော်လ်ကာနှင့် စာချုပ်သစ်ချုပ်ဆိုထားခဲ့ပြီး စာချုပ်ထားမှုအရ အဆိုပါကစားသမားကို ခေါ်ယူလိုသည့် အသင်းများအနေဖြင့် ရှော်လ်ကာဆီသို့ ယူရို ၄၅ ဒသမ ၅ သန်း (ပေါင် ၃၈ ဒသမ ၅ သန်း)ပေးရမည်ဖြစ်သည်။

Mizzima - News, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment