Pages

Saturday, November 23, 2013

ထိုင်းတွင် ကျောင်းသားလူငယ်ပေါင်း ၈၅၂ဦးနှင့် ကမ္ဘာ့အကြီးဆုံး လူသား ခရစ္စမက်သစ်ပင် စံချိန်တင်ပြုလုပ်

Photo: ထိုင်းတွင် ကျောင်းသားလူငယ်ပေါင်း ၈၅၂ဦးနှင့် ကမ္ဘာ့အကြီးဆုံး လူသား ခရစ္စမက်သစ်ပင် စံချိန်တင်ပြုလုပ်
Saturday, November 23, 2013

ဗုဒ္ဓဘာသာထွန်းကားသည့် ထိုင်းနိုင်ငံတွင် ခရစ္စမတ်ကာလသည် နေ့ရက်ရှည်ကြာ အားလပ်ရပ်အဖြစ် သတ်မှတ်သည့် အလေ့အထမရှိသော်လည်း နိုင်ငံ၏ အကြီးဆုံး ဈေးဝယ်စင်တာတစ်ခုတွင် ကျောင်းသားလူငယ်ပေါင်း ၈၅၂ဦးနှင့် လူသားခရစ္စမတ်သစ်ပင်ကြီးတစ်ခု စံချိန်တင်ပြုလုပ်ခဲ့သည်။

ဈေးဝယ်စင်တာသည် Guinness world record စာအုပ်တွင် စံချိန်သစ်တင်နိုင်ရန် ကြိုးပမ်းအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ရှေ့ပိုင်းက ကမ္ဘာ့အကြီးဆုံး လူသား ခရစ္စမတ်သစ်ပင်ကို ၂၀၀၁ခုနှစ်က  ဂျာမနီတွင် လူပေါင်း ၆၇၂ဦးနှင့် စံချိန်တင် ပြုလုပ်ခဲ့ဖူးသည်။ နိုဝင်ဘာ ၂၂ရက်က ထိုင်းတွင် ပြုလုပ်သည့် စံချိန်သစ်ကို Guinness Records မှ ကိုယ်စားလှယ်တစ်ဦး က တက်ရောက် အတည်ပြု မှတ်တမ်းတင်ပေးခဲ့သည်။

ကျောင်းသားမိဘများ စိုးရိမ်မှုမဖြစ်အောင် ခရစ္စမတ်သစ်ပင်ကို ကတော့ပုံထောင်လျက် မပြုလုပ်ပဲ အပြန့်လိုက်သာ ပြုလုပ်ခဲ့ကြသည်။ အသက် ၆နှစ်မှ ၁၅နှစ်ကြား ကျောင်းသာလူငယ်များ ပါဝင်ခဲ့သည့် လူသားခရစ္စမတ်သစ်ပင်သည် ၁၅မိနစ်နှင့် ၂၉မိနစ်အတွင်း ပုံဖော်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ကမ္ဘာ့စံချိန်သစ်များ တင်သည့် အစီအစဉ်များ ပြုလုပ်နိုင်ခဲ့သော နိုင်ငံဖြစ်သည်။ Valentine’s Day ကလည်း စုံတွဲတစ်တွဲက ကမ္ဘာ့အကြာဆုံး အကြင်နာပေး စံချိန်သစ်ကို ပြုလုပ်ခဲ့ရာ ၅၈နာရီ ၃၅မိနစ်နှင့် ၅၈ တိုင်အောင် အနမ်းပေး စံချိန်တင်ခဲ့ဖူးသည်။

Ref: AFP
The Myanma Age

RangonNewsDaily:: November . 23 .2013
ဗုဒ္ဓဘာသာထွန်းကားသည့် ထိုင်းနိုင်ငံတွင် ခရစ္စမတ်ကာလသည် နေ့ရက်ရှည်ကြာ အားလပ်ရပ်အဖြစ် သတ်မှတ်သည့် အလေ့အထမရှိသော်လည်း နိုင်ငံ၏ အကြီးဆုံး ဈေးဝယ်စင်တာတစ်ခုတွင် ကျောင်းသားလူငယ်ပေါင်း ၈၅၂ဦးနှင့် လူသားခရစ္စမတ်သစ်ပင်ကြီးတစ်ခု စံချိန်တင်ပြုလုပ်ခဲ့သည်။ ဈေးဝယ်စင်တာသည် Guinness world record စာအုပ်တွင် စံချိန်သစ်တင်နိုင်ရန် ကြိုးပမ်းအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ရှေ့ပိုင်းက ကမ္ဘာ့အကြီးဆုံး လူသား ခရစ္စမတ်သစ်ပင်ကို ၂၀၀၁ခုနှစ်က ဂျာမနီတွင် လူပေါင်း ၆၇၂ဦးနှင့် စံချိန်တင် ပြုလုပ်ခဲ့ဖူးသည်။ နိုဝင်ဘာ ၂၂ရက်က ထိုင်းတွင် ပြုလုပ်သည့် စံချိန်သစ်ကို Guinness Records မှ ကိုယ်စားလှယ်တစ်ဦး က တက်ရောက် အတည်ပြု မှတ်တမ်းတင်ပေးခဲ့သည်။

ကျောင်းသားမိဘများ စိုးရိမ်မှုမဖြစ်အောင် ခရစ္စမတ်သစ်ပင်ကို ကတော့ပုံထောင်လျက် မပြုလုပ်ပဲ အပြန့်လိုက်သာ ပြုလုပ်ခဲ့ကြသည်။ အသက် ၆နှစ်မှ ၁၅နှစ်ကြား ကျောင်းသာလူငယ်များ ပါဝင်ခဲ့သည့် လူသားခရစ္စမတ်သစ်ပင်သည် ၁၅မိနစ်နှင့် ၂၉မိနစ်အတွင်း ပုံဖော်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ကမ္ဘာ့စံချိန်သစ်များ တင်သည့် အစီအစဉ်များ ပြုလုပ်နိုင်ခဲ့သော နိုင်ငံဖြစ်သည်။ Valentine’s Day ကလည်း စုံတွဲတစ်တွဲက ကမ္ဘာ့အကြာဆုံး အကြင်နာပေး စံချိန်သစ်ကို ပြုလုပ်ခဲ့ရာ ၅၈နာရီ ၃၅မိနစ်နှင့် ၅၈ တိုင်အောင် အနမ်းပေး စံချိန်တင်ခဲ့ဖူးသည်။

Ref: AFP
The Myanma Age , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment