Pages

Saturday, November 23, 2013

လေယာဉ်ပေါ်မှာ မိုဘိုင်းဖုန်း သုံးနိုင်တော့မည်

========================

ကျွန်တော်တို့ လေယာဉ်စီးပြီး ခရီးသွားကြတဲ့အခါ စမတ်ဖုန်းတွေကို အသုံးပြုခွင့် မပေးထားပါဘူး။ ဒါပေမယ့် အမေရိကန်မှာတော့ လေယာဉ်ပေါ်မှာလည်း စမတ်ဖုန်းသုံးလို့ရမယ့် အစီအစဉ်ကို မကြာခင် ပြုလုပ်ပေးသွားတော့မှာ ဖြစ်ပါတယ်။ 

ဖုန်းတွေသာမက ကွန်ရက်ချိတ်ဆက်ထားတဲ့ မည်သည့်ပစ္စည်းကိုမဆို ပေးသုံးသွားမယ်လို့လည်း သိရပါတယ်။

ဖက်ဒရယ်ကွန်မြူနီကေးရှင်း ကော်မရှင် (FCC) အနေနဲ့ လေယာဉ်စီး ခရီးသည်များအတွက် လေယာဉ်ပျံတက်ချိန်နဲ့ မြေပြင်ပေါ် ဆင်းသက်ချိန်ကလွဲလို့ ဝေဟင်ထဲရှိတဲ့အချိန်မှာ မိမိတို့ရဲ့ မိုဘိုင်းဖုန်းတွေကို အသုံးပြုနိုင်ဖို့ စည်းမျဉ်းစနစ်သစ် တစ်ခုကို ပြုလုပ်နေတယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

“ခေတ်မီနည်းပညာတွေဟာ မိုဘိုင်းဖုန်းဝန်ဆောင်မှုကို လေကြောင်းလိုင်းထဲမှာ လုံခြုံစိတ်ချရစွာ အသုံးပြုနိုင်ဖို့ စွမ်းဆောင်ပေးသွားပါလိမ့်မယ်။ လေယာဉ်စီးတဲ့အချိန် ဖုန်းပိတ်ထားရမယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းအဟောင်းတွေကိုလည်း ပြန်လည်သုံးသပ်ဖို့ အချိန်ရောက်နေပါပြီ။ ကျွန်တော့်အနေနဲ့လည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းကာ ဒီအစီအစဉ်ကို တကယ်ဖြစ်မြောက်လာဖို့ ကြိုးစားလျက် ရှိပါတယ်” လို့ FCC ရဲ့ ဥက္ကဋ္ဌ Tom Wheeler က ပြောကြားခဲ့တာပါ။

ပေတစ်သောင်းအထက် အမြင့်ကနေ မိုဘိုင်းဖုန်းတွေကို အသုံးပြုနိုင်ဖို့ အစီအစဉ် ကမ်းလှမ်းချက်ကိုလည်း လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်သွားမယ့် ကော်မရှင်အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ယခုကိစ္စဟာ စိတ်ချရတဲ့ နည်းပညာဆိုရင် လေယာဉ်စီး ခရီးသည်တွေ အားလုံး ၀မ်းမြောက်ဝမ်းသာ လက်ခံကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ခွင့်ပြုချက်တွေ ရပြီးသည့်တိုင်အောင် တကယ်တမ်း လက်တွေ့ လုပ်ဆောင်ဖို့ကတော့ အချိန်အနည်းငယ် ယူရမှာပါ။

လေကြောင်းလိုင်းတွေ အနေနဲ့လည်း ၎င်းတို့ရဲ့ လေယာဉ်တွေမှာ လိုအပ်တဲ့ နည်းပညာတွေ တပ်ဆင်ဖို့၊ ထောက်ပံ့ပေးဖို့ ပစ္စည်းကိရိယာ စတာတွေလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Ref: Mashable
Kangyi ( @[384466751661427:274:Myanmar Consumer Guide] )

RangonNewsDaily:: November . 23 .2013
ကျွန်တော်တို့ လေယာဉ်စီးပြီး ခရီးသွားကြတဲ့အခါ စမတ်ဖုန်းတွေကို အသုံးပြုခွင့် မပေးထားပါဘူး။ ဒါပေမယ့် အမေရိကန်မှာတော့ လေယာဉ်ပေါ်မှာလည်း စမတ်ဖုန်းသုံးလို့ရမယ့် အစီအစဉ်ကို မကြာခင် ပြုလုပ်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဖုန်းတွေသာမက ကွန်ရက်ချိတ်ဆက်ထားတဲ့ မည်သည့်ပစ္စည်းကိုမဆို ပေးသုံးသွားမယ်လို့လည်း သိရပါတယ်။

ဖက်ဒရယ်ကွန်မြူနီကေးရှင်း ကော်မရှင် (FCC) အနေနဲ့ လေယာဉ်စီး ခရီးသည်များအတွက် လေယာဉ်ပျံတက်ချိန်နဲ့ မြေပြင်ပေါ် ဆင်းသက်ချိန်ကလွဲလို့ ဝေဟင်ထဲရှိတဲ့အချိန်မှာ မိမိတို့ရဲ့ မိုဘိုင်းဖုန်းတွေကို အသုံးပြုနိုင်ဖို့ စည်းမျဉ်းစနစ်သစ် တစ်ခုကို ပြုလုပ်နေတယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

“ခေတ်မီနည်းပညာတွေဟာ မိုဘိုင်းဖုန်းဝန်ဆောင်မှုကို လေကြောင်းလိုင်းထဲမှာ လုံခြုံစိတ်ချရစွာ အသုံးပြုနိုင်ဖို့ စွမ်းဆောင်ပေးသွားပါလိမ့်မယ်။ လေယာဉ်စီးတဲ့အချိန် ဖုန်းပိတ်ထားရမယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းအဟောင်းတွေကိုလည်း ပြန်လည်သုံးသပ်ဖို့ အချိန်ရောက်နေပါပြီ။ ကျွန်တော့်အနေနဲ့လည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းကာ ဒီအစီအစဉ်ကို တကယ်ဖြစ်မြောက်လာဖို့ ကြိုးစားလျက် ရှိပါတယ်” လို့ FCC ရဲ့ ဥက္ကဋ္ဌ Tom Wheeler က ပြောကြားခဲ့တာပါ။

ပေတစ်သောင်းအထက် အမြင့်ကနေ မိုဘိုင်းဖုန်းတွေကို အသုံးပြုနိုင်ဖို့ အစီအစဉ် ကမ်းလှမ်းချက်ကိုလည်း လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်သွားမယ့် ကော်မရှင်အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ယခုကိစ္စဟာ စိတ်ချရတဲ့ နည်းပညာဆိုရင် လေယာဉ်စီး ခရီးသည်တွေ အားလုံး ၀မ်းမြောက်ဝမ်းသာ လက်ခံကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ခွင့်ပြုချက်တွေ ရပြီးသည့်တိုင်အောင် တကယ်တမ်း လက်တွေ့ လုပ်ဆောင်ဖို့ကတော့ အချိန်အနည်းငယ် ယူရမှာပါ။

လေကြောင်းလိုင်းတွေ အနေနဲ့လည်း ၎င်းတို့ရဲ့ လေယာဉ်တွေမှာ လိုအပ်တဲ့ နည်းပညာတွေ တပ်ဆင်ဖို့၊ ထောက်ပံ့ပေးဖို့ ပစ္စည်းကိရိယာ စတာတွေလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Ref: Mashable
Kangyi,   kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment