Pages

Monday, November 18, 2013

ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင် ဖြိုချ၍ အသစ်တည်ဆောက်နေစဉ် ဂုဏ်ပြုခန်းမဆောင်အား ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် အသုံးပြုမည်

RangonNewsDaily:: November . 18 .2013
ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည်ဆိုက်ရောက်ထွက်ခွာဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်နေစဉ် ရန်

ကုန်လေဆိပ်ဂုဏ်ပြုခန်းမဆောင်အား ပြည်တွင်းခရီးစဉ်နားနေဆောင်အဖြစ်အသုံးပြု သွားမည်ဖြစ်ကြောင်း
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသတင်းရရှိသည်။"ရန်ကုန်လေဆိပ် ပြည်တွင်းဘက် အခြမ်း
ကို ဖြိုချပြီးအသစ်ပြန်လည်တည်ဆောက်မှာ ဖြစ်တဲ့အတွက် ပြည်တွင်းခရီးစဉ်တွေမှာဝန်ဆောင်မှု ပေးနိုင်
အောင် ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်ကိုအသုံးပြု သွားမှာပါ"ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြား
မှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကပာကြားသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်အား ဖြိုချ၍ အသစ်
တည်ဆောက်ခြင်းကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်နိုင်ရန် စီစဉ်ထားပြီး တည်ဆောက်ရေးကာလ ၁၈ လ (တစ်နှစ်ခွဲ) အတွင်း အပြီးတည်ဆောက် ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အားတစ်နှစ်လျှင်ခရီးသည်သန်း၂၀ အထိ ၀င်ထွက်အသုံးပြုနိုင်ေ
အာင်

 တိုးချဲ့တည်ဆောက် နိုင်သော်လည်း လူနေအိမ်ခြေများ၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် စသည့်လေဆိပ်
ဧရိယာတိုးချဲ့ရာတွင် အသုံးပြု မရသည့် မြေဧရိယာများကြောင့် တစ်နှစ်လျှင် ခရီးသည်ခြောက်သန်း အသုံးပြု
နိုင်အောင် တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရလက်ရှိခရီးသည် ၂ ဒသမ ၇ သန်း လက်

ခံနိုင်စွမ်းရှိသည့် ရန်ကုန်လေဆိပ်အား ခရီးသည်ခြောက်သန်း လက်ခံနိုင်စွမ်းရှိရန် တည်ဆောက်ပေးရမည်
ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်

အောက်ခံPioneer Aerodrome Servicesကုမ္ပဏီအား ရွေးချယ်ခဲ့ပြီးအဆိုပါကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်
ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်လေဆိပ်သစ် အဆောက်အအုံ တည်ဆောက်နေစဉ် ကာလအတွင်း ပြည်တွင်းခရီးစဉ်နားနေဆောင်

အဖြစ် အသုံးပြုမည့် ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်အား ၁၉၉၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁၈၈ ပေ ကျယ်ဝန်းကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ လေဆိပ်အဆောက်အအုံသစ်အား တည်

ဆောက်ရာတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်ကိုသာ ဖြိုချ၍ အသစ်တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်ပခရီးသည်ဆိုက်ရောက်ထွက်ခွာဆောင်ကိုမူလက်ရှိအတိုင်း ထား
ရှိသွားမည်ဟု သိရသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment