Pages

Monday, November 18, 2013

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုတော့မည်

Photo: ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုတော့မည်
Monday, November 18, 2013

မြန်မာနိုင်ငံတွင် ၀င်ထွက်အသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလေဆိပ် စုစုပေါင်း ၆၉ ခုရှိပြီး ယင်းလေဆိပ်များတွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများအတွက် အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဒုတိယမြောက် အဓိက ၀င်ပေါက်ဖြစ်သည့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ အပါအ၀င် လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ်မှာ ၃၂ ခုခန့်သာ ရှိသည်ဟု သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုသွားမည့် ပြည်တွင်းလေဆိပ်များမှာ လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ် ၃၂ ခုဖြစ်ကြောင်း သိရသည်။

"နိုင်ငံတကာ လေဆိပ်သစ် တည်ဆောက်ရာမှာ ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်အောင် ဖိတ်ခေါ်တည်ဆောက် သွားသလိုမျိုးပဲ လက်ရှိပြည်တွင်းမှာ အသုံးပြုနေတဲ့ လေဆိပ်တွေကိုလည်း ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားဖို့ ရှိပါတယ်။ အဓိကကတော့ Service ပိုင်းမှာ ပိုကောင်းလာပြီး ဈေးကွက်လိုအပ်ချက်ကို အဆင့်မီမီ ဖြည့်ဆည်းပေးနိုင်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမှာပါ။ မကြာခင် နိုင်ငံပိုင် သတင်းစာကနေ ကြေညာပြီး ဖိတ်ခေါ်သွားမှာပါ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ် ၃၂ ခုအနက် ဟဲဟိုးလေဆိပ်မှာ ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်ပြီး ဒုတိယ ပုဂံညောင်ဦး လေဆိပ်နှင့် တတိယမှာ တာချီလိတ် လေဆိပ်တို့ဖြစ်သည်။

ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်သည့် ဟဲဟိုးလေဆိပ်သည် ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရီးသည် သုံးသိန်းခုနစ်သောင်းကျော် ၀င်ထွက်မှု ရှိခဲ့သည်။ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ပြည်တွင်းလေဆိပ်များကို တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများအား ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်မှုပေါ် မူတည်၍ ဦးစားပေး ရွေးချယ်လုပ်ကိုင်လျက် ရှိသည်။

လာမည့် ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ညောင်ဦး၊ မြိတ်၊ တာချီလိတ်နှင့် မြစ်ကြီးနား လေဆိပ်များ၏ ခရီးသည် အဆောက်အအုံများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Eleven Media Group 

မြစ်ကြီးနားလေဆိပ်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
မြစ်ကြီးနားလေဆိပ်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
RangonNewsDaily:: November . 18 .2013
မြန်မာနိုင်ငံတွင် ၀င်ထွက်အသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းလေဆိပ် စုစုပေါင်း ၆၉ ခုရှိပြီး ယင်းလေဆိပ်များတွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများအတွက် အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဒုတိယမြောက် အဓိက ၀င်ပေါက်ဖြစ်သည့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ အပါအ၀င် လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ်မှာ ၃၂ ခုခန့်သာ ရှိသည်ဟု သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုသွားမည့် ပြည်တွင်းလေဆိပ်များမှာ လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ် ၃၂ ခုဖြစ်ကြောင်း သိရသည်။

"နိုင်ငံတကာ လေဆိပ်သစ် တည်ဆောက်ရာမှာ ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်အောင် ဖိတ်ခေါ်တည်ဆောက် သွားသလိုမျိုးပဲ လက်ရှိပြည်တွင်းမှာ အသုံးပြုနေတဲ့ လေဆိပ်တွေကိုလည်း ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားဖို့ ရှိပါတယ်။ 
 
အဓိကကတော့ Service ပိုင်းမှာ ပိုကောင်းလာပြီး ဈေးကွက်လိုအပ်ချက်ကို အဆင့်မီမီ ဖြည့်ဆည်းပေးနိုင်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမှာပါ။ မကြာခင် နိုင်ငံပိုင် သတင်းစာကနေ ကြေညာပြီး ဖိတ်ခေါ်သွားမှာပါ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ် ၃၂ ခုအနက် ဟဲဟိုးလေဆိပ်မှာ ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်ပြီး ဒုတိယ ပုဂံညောင်ဦး လေဆိပ်နှင့် တတိယမှာ တာချီလိတ် လေဆိပ်တို့ဖြစ်သည်။

ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်သည့် ဟဲဟိုးလေဆိပ်သည် ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရီးသည် သုံးသိန်းခုနစ်သောင်းကျော် ၀င်ထွက်မှု ရှိခဲ့သည်။ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ပြည်တွင်းလေဆိပ်များကို တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများအား ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်မှုပေါ် မူတည်၍ ဦးစားပေး ရွေးချယ်လုပ်ကိုင်လျက် ရှိသည်။

လာမည့် ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ညောင်ဦး၊ မြိတ်၊ တာချီလိတ်နှင့် မြစ်ကြီးနား လေဆိပ်များ၏ ခရီးသည် အဆောက်အအုံများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment