Pages

Monday, November 18, 2013

အိန္ဒိယရေတပ်ဂုဏ်ဆောင် ဖြစ်လာမည့် လေယာဉ်တင် သင်္ဘောကြီးကို ရုရှားလွှဲအပ်

kolatt(PBDN): November . 18 .2013

အဆင့်မြင့် လက်နက်စနစ်များ မွမ်းမံဖြည့်တင်းထားပြီး တန်ချိန် (၄၄၅၀၀) အလေးချိန်ရှိသော Vikramaditya သင်္ဘောကြီးကို ရုရှားနိုင်ငံ၊ဆီဗီရော့ဗစ့်ခ်ရှိ သင်္ဘောကျင်းတွင် အိန္ဒိယ ရေတပ်မတော်က လက်လွှဲယူခဲ့သည်။
::
အိန္ဒိယ ရေတပ်မတော်အတွက် ဂုဏ်ဆောင်သင်္ဘောကြီး ဖြစ်လာမည့် လေယာဉ်တင် သင်္ဘောကြီးကို ရုရှားနိုင်ငံက လွှဲအပ်ပေးလိုက်ပြီ ဖြစ်သည်။ အဆင့်မြင့် လက်နက်စနစ်များ မွမ်းမံဖြည့်တင်းထားပြီး တန်ချိန် (၄၄၅၀၀) အလေးချိန်ရှိသော Vikramaditya သင်္ဘောကြီးကို ရုရှားနိုင်ငံ၊ ဆီဗီရော့ဗစ့်ခ်ရှိ သင်္ဘောကျင်းတွင် အိန္ဒိယ ရေတပ်မတော်က လက်လွှဲယူခဲ့သည်။ 

အဆိုပါ သင်္ဘောကြီးကို မွမ်းမံအဆင့်မြှင့်မှုများ ပြုလုပ်ရန် အိန္ဒိယ ရေတပ်က ဒေါ်လာ (၂.၃)ဘီလျံထိ အကုန်အကျခံခဲ့သည်။ 
::
ယခင် ဆိုဗီယက် ရေတပ်၏ Kievအဆင့် သတ်မှတ်သော သင်္ဘောကြီးကို ပြင်ဆင်ထိန်းသိမ်းမှုစရိတ် များပြားလွန်းခြင်းကြောင့် (၁၉၉၆)ခုနှစ်တွင် တာဝန်မှ ရပ်စဲခဲ့သည်။ ယင်းကို အိန္ဒိယ ရေတပ်က နှစ်ပေါင်းအတန်ကြာ ဈေးနှုန်းညှိနှိုင်းပြီးနောက် အပြီးသတ် ဝယ်ယူဖြစ်ခဲ့သည်။

မွမ်းမံအဆင့်မြှင့်မှုများ ပြုလုပ်ပြီးနောက် နိုဝင်ဘာလ (၁၆)ရက်နေ့တွင်မူ အိန္ဒိယ ရေတပ်အတွက် တာဝန်ထမ်းရွက်ရန် အဆင်သင့် အခြေအနေ ဖြစ်လာသည်။ 
::
Vikramadityaပေါ်တွင် လေကြောင်းချီ စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာလ ကတည်းက အိန္ဒိယက စမ်းသပ်လုပ်ဆောင်ထားခဲ့သည်။ 

Vikramdityaကို ရရှိလာခြင်းကြောင့် အိန္ဒိယ၏ ရေတပ်စုဖွဲ့မှုသည် ဒေသတွင်း ပြိုင်ဘက်များပေါ် သိသိသာသာ အသာစီးရယူလာနိုင်သည့် သဘောမျိုး ဖြစ်လာခဲ့သည်။ ယခုသင်္ဘောကြီးကို ဆိုဗီယက် ရေတပ်တွင် Bakuဟု အမည်ပေးခဲ့သည်။ 
::
Vikramadityaမှာမူ နေမင်းကဲ့သို့ ရဲရင့်ခြင်းဟု အဓိပ္ပါယ်ရကြောင်း သိရသည်။ ယင်းသည် ဘီစီ(၁)ရာစုက အိန္ဒိယဘုရင်တစ်ပါး၏ အမည်လည်းဖြစ်သည်။ ထိုသင်္ဘောကြီးသည် MiG-29 တိုက်လေယာဉ် (၁၆)စင်းနှင့် Ka-27၊ Ka-31 အမျိုးအစား ရဟတ်ယာဉ် (၁၀)စင်းထိ တင်ဆောင်နိုင်မည်ဟု ဆိုသည်။ 

အမှုထမ်း အရေအတွက်မှာ (၁၆၀၀)ထိ ရှိမည်ဖြစ်သည်။ 
::
အိန္ဒိယ ရေတပ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် Centaur အဆင့် အခြား လေယာဉ်တင်သင်္ဘော တစ်စင်းလည်း ရှိနေပြီး Viraatဟု အမည်ပေးထားကြောင်း သိရှိရသည်။

Planet Myanmar Network::--

See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 18 .2013 အဆင့်မြင့် လက်နက်စနစ်များ မွမ်းမံဖြည့်တင်းထားပြီး တန်ချိန် (၄၄၅၀၀) အလေးချိန်ရှိသော Vikramaditya သင်္ဘောကြီးကို ရုရှားနိုင်ငံ၊ဆီဗီရော့ဗစ့်ခ်ရှိ သင်္ဘောကျင်းတွင် အိန္ဒိယ ရေတပ်မတော်က လက်လွှဲယူခဲ့သည်။အိန္ဒိယ ရေတပ်မတော်အတွက် ဂုဏ်ဆောင်သင်္ဘောကြီး ဖြစ်လာမည့် လေယာဉ်တင် သင်္ဘောကြီးကို ရုရှားနိုင်ငံက လွှဲအပ်ပေးလိုက်ပြီ ဖြစ်သည်။ အဆင့်မြင့် လက်နက်စနစ်များ မွမ်းမံဖြည့်တင်းထားပြီး တန်ချိန် (၄၄၅၀၀) အလေးချိန်ရှိသော Vikramaditya သင်္ဘောကြီးကို ရုရှားနိုင်ငံ၊ ဆီဗီရော့ဗစ့်ခ်ရှိ သင်္ဘောကျင်းတွင် အိန္ဒိယ ရေတပ်မတော်က လက်လွှဲယူခဲ့သည်။

အဆိုပါ သင်္ဘောကြီးကို မွမ်းမံအဆင့်မြှင့်မှုများ ပြုလုပ်ရန် အိန္ဒိယ ရေတပ်က ဒေါ်လာ (၂.၃)ဘီလျံထိ အကုန်အကျခံခဲ့သည်။
::
ယခင် ဆိုဗီယက် ရေတပ်၏ Kievအဆင့် သတ်မှတ်သော သင်္ဘောကြီးကို ပြင်ဆင်ထိန်းသိမ်းမှုစရိတ် များပြားလွန်းခြင်းကြောင့် (၁၉၉၆)ခုနှစ်တွင် တာဝန်မှ ရပ်စဲခဲ့သည်။ ယင်းကို အိန္ဒိယ ရေတပ်က နှစ်ပေါင်းအတန်ကြာ ဈေးနှုန်းညှိနှိုင်းပြီးနောက် အပြီးသတ် ဝယ်ယူဖြစ်ခဲ့သည်။

မွမ်းမံအဆင့်မြှင့်မှုများ ပြုလုပ်ပြီးနောက် နိုဝင်ဘာလ (၁၆)ရက်နေ့တွင်မူ အိန္ဒိယ ရေတပ်အတွက် တာဝန်ထမ်းရွက်ရန် အဆင်သင့် အခြေအနေ ဖြစ်လာသည်။
::
Vikramadityaပေါ်တွင် လေကြောင်းချီ စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာလ ကတည်းက အိန္ဒိယက စမ်းသပ်လုပ်ဆောင်ထားခဲ့သည်။

Vikramdityaကို ရရှိလာခြင်းကြောင့် အိန္ဒိယ၏ ရေတပ်စုဖွဲ့မှုသည် ဒေသတွင်း ပြိုင်ဘက်များပေါ် သိသိသာသာ အသာစီးရယူလာနိုင်သည့် သဘောမျိုး ဖြစ်လာခဲ့သည်။ ယခုသင်္ဘောကြီးကို ဆိုဗီယက် ရေတပ်တွင် Bakuဟု အမည်ပေးခဲ့သည်။
::
Vikramadityaမှာမူ နေမင်းကဲ့သို့ ရဲရင့်ခြင်းဟု အဓိပ္ပါယ်ရကြောင်း သိရသည်။ ယင်းသည် ဘီစီ(၁)ရာစုက အိန္ဒိယဘုရင်တစ်ပါး၏ အမည်လည်းဖြစ်သည်။ ထိုသင်္ဘောကြီးသည် MiG-29 တိုက်လေယာဉ် (၁၆)စင်းနှင့် Ka-27၊ Ka-31 အမျိုးအစား ရဟတ်ယာဉ် (၁၀)စင်းထိ တင်ဆောင်နိုင်မည်ဟု ဆိုသည်။

အမှုထမ်း အရေအတွက်မှာ (၁၆၀၀)ထိ ရှိမည်ဖြစ်သည်။
::
အိန္ဒိယ ရေတပ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် Centaur အဆင့် အခြား လေယာဉ်တင်သင်္ဘော တစ်စင်းလည်း ရှိနေပြီး Viraatဟု အမည်ပေးထားကြောင်း သိရှိရသည်။

Planet Myanmar Network::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment