Pages

Monday, November 18, 2013

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ သန်ပန်ချောင်းရပ်ကွက်ဗလီ ဖျက်ဆီးခံနေရပြီ

RangonNewsDaily:: November . 18 .2013
နိုဝင်ဘာလ ၁၈ ည ၉း ၃၀ နာရီ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဂျာမေဗလီအား OIC အဖွဲ့လာရောက်သော ကိစ္စကို မကျေနပ်၍ဟု အကြောင်းပြကာ ယခု ည ၈ နာရီခန့်မှ စတင်ကာ ရခိုင်အကြမ်းဖက်များမှ ၀ိုင်းဝန်းဖြိုဖျက်နေကြောင်း၊ ၄င်းအကြမ်းဖက်သမားလူအုပ်မှာ OIC အား ဆန္ဒပြရန် အကြောင်းပြကာ တောဖက်မှမော်တော်ဘုတ်ဖြင့် တက်လာသော အဖွဲ့များဟု သိရကာ ယနေ့ညတွင် သန်ပန်ချောင်းဂျာမေဗလီအား ဖျက်ဆီးကြခြင်းဟု တိုက်ရိုက် ဖုံးသတင်း ရရှိနေပါသည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မွတ်ဆလင်မ်အားလုံးမှာ ယမန်နှစ် ၂၀၁၂ အောက်တိုဘာ ၂၂ မှ ၂၄ ရက်အတွင်း အကြမ်းဖက်ခံရမှုအပြီး ကျောက်ဖြူမြို့ပြင်ရှိ ဒုက္ခသည်စခန်းသို့ အတင်းပို့ဆောင်ခံခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ကျောက်ဖြူမြို့ပေါ် ဗလီ ၇ လုံးအနက်
အကောင်းပကတိအတိုင်း ကျန်ရစ်ခဲ့သော တစ်လုံးတည်းသော ဂျာမေဗလီအား
လူအုပ်ဖြင့် ၀ိုင်းဝန်းဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရပါသည်။

ယခု ဖုံးသတင်း လက်ခံ ရရှိချိန်တွင် ဗလီ အာဇာန်ပေးသော မျှော်စင်အား ဖျက်ဆီးလိုက်ကြပြီ ဖြစ်ကြောင်း နှင့် လုံခြုံရေးများ ရှိမနေကြောင်း ကျောက်ဖြူမြို့ပေါ်မှ ဗုဒ္ဓဘာသာဝင် မိတ်ဆွေများမှ လင်းရောင်ခြည်သို့ တိုက်ရိုက် ဖုံးဆက်
အကြောင်းကြားပါသည်။

လင်းရောင်ခြည် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment