Pages

Monday, November 18, 2013

အာဏာရှင် ဦးနေ၀င်း ရဲ့  မြေး ကျော်နေ၀င်း တို့  ညီအကို နယ်စည်မခြား အမျိုး ၊ ဘာသာ ၊ သာသနာ စောင့်ရှောက် သူများ အဖွဲ့  ဖွဲ့  မည်

RangonNewsDaily:: November . 18 .2013
မကြာ သေးခင် က မှ အကျဉ်းထောင် က နေ ပြန် လွှတ်လာ တဲ့ အာဏာရှင် ဦးနေ၀င်း ရဲ့  မြေး တွေ က နည်း စည်း မခြား အမျိုး ဘာသာ သာသနာ စောင့် ရှောက် သူများ ဆို တဲ့ အဖွဲ့  ကို ဖွဲ့  စည်း ကာ မြန်မာ နိုင်ငံ တွင်း မှာ သာ မက ဒေသ တွင်း နဲ့  နိုင်ငံ တကာ ရောက် ဗုဒ္ဓ ဘာသာ ၀င် ကို ကာကွယ် စောင့်ရှောက် မှု လုပ် ငန်း တွေ ကို လုပ်မယ် လို့  FNG က သတင်း ရရှိ ပါတယ်။နတ်တော် လ ပြည့် နေ့  က စ ပြီး နိုင်ငံ ခြား ခရစ်ယာန် သာသနာ ပြု တွေ စည်း ရုံး ခံ နေ ရ တဲ့ မြန်မာ နိုင်ငံ အလယ် ပိုင်း က ရွာ တွေ ကို ဆန် ၊ ပဲ နဲ့ 
ဆီ စတဲ့ ရိက္ခာ တွေ ကို မော်တော် ကား နဲ့  တင်ဆောင် ပြီး သွားရောက် လှုဒါန်းမှာ ဖြစ် သလို ၊ မလေးရှား လို နိုင်ငံ က လူနည်း စု မြန်မာ ဗုဒ္ဓဘာသာ အလုပ် သမား တွေ အတွက် တတ် နိုင် သရွေ့  ကူညီ မယ် လို့  သူတို့  ရဲ့  မိသားစု ၀င် တစ်ဦး က FNG ကို ပြော ပါတယ်။

အရင် က မြန်မာ နိုင်ငံ အလယ် ပိုင်း က ခရစ်ယာန် မစ်ရှင် တွေ စည်း ရုံး ခံရတဲ့ ရွာ တွေ ကို ဦးသောင်း က ကူညီ ခဲ့ ပါတယ်။
::
ဦးနေ၀င်း ရဲ့  မြေးတွေ က အလျှဉ်းသင့် ရင် ခရစ်ယာန်တွေ ၊ မွတ်ဆလင် တွေ စည်းရုံး ခံ ရ လို့  ဘာသာ ပြောင်း သွား တဲ့ မြန်မာ တွေ ကို ဗုဒ္ဓဘာသာ ကို ပြန်လည် သက် ၀င်ယုံကြည် လာ အောင် ပြု လုပ် မှု တွေ မှာ ကူညီမယ် လို့  ဆို ပါတယ်။

Freedom News Group(Burma)::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment