Pages

Friday, November 8, 2013

မြန်မာဘီယာနှင့် စင်ကာပူကုမ္ပဏီတို့အကြား ရှယ်ယာ ပိုင်ဆိုင်မှု ခံသမာဓိရုံးတွင် ကြားနာမှုစတင်

RangonNewsDaily:: November . 8 .2013
ဈေးကွက် အတွင်း နာမည်ကျော်မြန်မာဘီ ယာထုတ်လုပ်လျက်ရှိသည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်ပိုင် Myanmar Brewery Ltd ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံ Fraser and Neave ကုမ္ပဏီတို့အကြား အစု ရှယ်ယာ ပိုင်ဆိုင်မှုအငြင်းပွားခြင်းကို စင် ကာပူခုံသမာဓိရုံးတွင် စတင်ကြား နာစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအစု ရှယ်ယာများကို ဦးပိုင်လီမိတက် က ၄၅ရာခိုင်နှုန်းနှင့် Fraser and Neave ကုမ္ပဏီမှ ၅၅ ရာခိုင် နှုန်း ပိုင်ဆိုင်ထားပြီး ယင်းအစုရှယ် ယာများကို ဦးပိုင်လီမိတက်မှရယူ လိုသည်ဟု The Straits Times သတင်းစာ၏ဖော်ပြချက်အရ သိ ရသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီ မိတက်မှ တာဝန်ရှိသူတစ်ဦးက ''ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တို့က ရှေ့နေကို အပ်ထားတယ်။ သူကပဲ ဆက်လက်လုပ်ဆောင် သွားမှာပါ''ဟု ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။

The Straits Times သတင်း စာ တွင်ဖော်ပြချက်အရ ၎င်းတို့ ရှယ်ယာရှင် နှစ်ဦး၏ အခြေခံ သဘောတူညီချက်များတွင် ရှယ် ယာရှင်တစ်ဦးသည် အခြားရှယ် ယာရှင်များ၏ ရှယ်ယာပိုင်ဆိုင် မှုကိုဝယ်ယူခွင့်ရှိသော်လည်း ရှယ် ယာကိုရောင်းချ မည်ဆိုပါက ပြင်ပ မှလုပ်ငန်း ရှင်များကို ရောင်းချခွင့် မပြုရဟုဆိုသည့် သဘောတူညီ ချက်ကိုဖောက်ဖျက်ခဲ့သည့် Fraser and Neave ကုမ္ပဏီနှင့် Myanmar Brewery Ltd ကုမ္ပဏီအ ငြင်းပွားမှုကို မြန်မာနိုင်ငံ၏ရင်း နှီးမြှုပ်နှံမှုဥပဒေအောက်တွင် ဆုံး ဖြတ်မည် ဖြစ်သော်လည်း တရားရုံး ကြားနာစစ်ဆေးမှုများကို စင် ကာပူနိုင်ငံတွင် ပြုလုပ်မည်ဖြစ် ကြောင်း အဆိုပါသတင်းတွင် ဖော်ပြပါရှိသည်။

Myanmar Brewery Ltd ကုမ္ပဏီနှင့် Fraser and Neave ကုမ္ပဏီတို့သည် ၁၉၉၅ခုနှစ်တွင် ဂျေဘီစနစ်ဖြင့် ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အ ဆိုပါ Fraser and Neave Ltd ကို ထိုင်းနိုင်ငံ၏ဘီလျံနာ Charoen Sirivadhanabhakdi က ပိုင်ဆိုင်ထားကြောင်း နိုင်ငံတကာ သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိ သည်။

Myanmar Brewery ကုမ္ပဏီ မှထုတ်လုပ်သည့် မြန်မာဘီယာ၊ မြန်မာ Double Strong and Andaman Gold တွင် မြန်မာဘီယာ သည် ဈေးကွက်အားအကောင်း ဆုံးဖြစ်ပြီး ယင်းတို့အနက်မှ မြန် မာဘီယာမှ ၈၃ရာခိုင်နှုန်း ပိုင် ဆိုင်ထား ကြောင်းလည်း Fraser and Neave ကုမ္ပဏီက ဆိုသည်။ 


လက်ရှိတွင် Myanmar Brewery Ltd ကုမ္ပဏီအနေဖြင့် Fraser and Neave ကုမ္ပဏီမှ ရှယ် ယာ ၅၅ရာခိုင်နှုန်းကို ပြန်လည် ဝယ်ယူမည်ဆိုပါက ကန်ဒေါ်လာ သန်း၂၅ဝကျော်ခန့် ပေးချေရ မည် ဖြစ်ကြောင်း သိရသည်။

The Yangon Times , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment