Pages

Friday, November 8, 2013

ရွာမ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဒီဇင်ဘာတွင် စတင် လည်ပတ်မည်

Photo: ရွာမ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဒီဇင်ဘာတွင် စတင် လည်ပတ်မည်
Thursday, November 8, 2013 

ထိုင်းနိုင်ငံက ကူညီထောက်ပံ့သော ဓာတ်ငွေ့ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စက်ရုံကို ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင် ကျေးရွာတွင် တည်ဆောက်လျက် ရှိပြီး ဒီဇင်ဘာ လကုန်တွင် စတင် လည်ပတ်တော့မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။
နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ၎င်းက ယင်းသို့ ပြောကြားသွားခြင်း ဖြစ်သည်။

လျှပ်စစ်ဝန်ကြီးဌာနသည် ဆောင်ရွက် လုပ်ဆောင်မည်ဟု ပြောဆိုထားသည့် အချက်များကို ပြီးဆုံးခြင်း မရှိဘဲ လွှတ်တော်တွင် လာရောက် တင်ပြခြင်းသည် လွှတ်တော်ကို အသုံးချ၍ ပြည်သူများကို လှည့်စားခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မှတ်ချက် ပေးသည်။
“ရွာမ ဂက်စ်တာဘိုင်ကို တစ်လအတွင်း အပြီးလုပ်နိုင်မလား ဆိုတာကို စောင့်ကြည့်ရမယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက ဓာတ်အားခွဲရုံ ၄၄ ရုံ၊ ဓာတ်အားလိုင်း အရှည် ၃၃၄ ကီလိုမီတာနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် ဓာတ်အားခွဲရုံ ၉၃ ရုံ ဓာတ်အားလိုင်း အရှည် ၂၂၃ ကီလိုမီတာ၊ မီတာ အရေအတွက် ၅၅,၀၀၀ လုံး တို့ကို ဆောင်ရွက်ရန် လျာထားကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဖော်ပြထားသည်။

၂၀၁၂- ၂၀၁၃ ဘဏ္ဍရေးနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ယူနစ် သန်းပေါင်း ၃၇၅၂ ဒသမ ၄၈၃ ရှိပြီး တစ်နိုင်ငံလုံးတွင် ယူနစ် သန်းပေါင်း ၈၂၅၅ ဒသမ ၁၈၈ ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly

RangonNewsDaily:: November . 8 .2013
ထိုင်းနိုင်ငံက ကူညီထောက်ပံ့သော ဓာတ်ငွေ့ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စက်ရုံကို ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင် ကျေးရွာတွင် တည်ဆောက်လျက် ရှိပြီး ဒီဇင်ဘာ လကုန်တွင် စတင် လည်ပတ်တော့မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ၎င်းက ယင်းသို့ ပြောကြားသွားခြင်း ဖြစ်သည်။

လျှပ်စစ်ဝန်ကြီးဌာနသည် ဆောင်ရွက် လုပ်ဆောင်မည်ဟု ပြောဆိုထားသည့် အချက်များကို ပြီးဆုံးခြင်း မရှိဘဲ လွှတ်တော်တွင် လာရောက် တင်ပြခြင်းသည် လွှတ်တော်ကို အသုံးချ၍ ပြည်သူများကို လှည့်စားခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မှတ်ချက် ပေးသည်။
“ရွာမ ဂက်စ်တာဘိုင်ကို တစ်လအတွင်း အပြီးလုပ်နိုင်မလား ဆိုတာကို စောင့်ကြည့်ရမယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက ဓာတ်အားခွဲရုံ ၄၄ ရုံ၊ ဓာတ်အားလိုင်း အရှည် ၃၃၄ ကီလိုမီတာနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် ဓာတ်အားခွဲရုံ ၉၃ ရုံ ဓာတ်အားလိုင်း အရှည် ၂၂၃ ကီလိုမီတာ၊ မီတာ အရေအတွက် ၅၅,၀၀၀ လုံး တို့ကို ဆောင်ရွက်ရန် လျာထားကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဖော်ပြထားသည်။

၂၀၁၂- ၂၀၁၃ ဘဏ္ဍရေးနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ယူနစ် သန်းပေါင်း ၃၇၅၂ ဒသမ ၄၈၃ ရှိပြီး တစ်နိုင်ငံလုံးတွင် ယူနစ် သန်းပေါင်း ၈၂၅၅ ဒသမ ၁၈၈ ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment