Pages

Friday, November 8, 2013

“မူဘောင်မှာ လက်နက်စွန့်လွှတ်ရေးလမ်းစဉ်ပါလာတာဟာ တိုင်းရင်းသားတွေဘက်က အကျေအလည်ဆွေးနွေးရမယ့် ကိစ္စပဲ”

Photo: “မူဘောင်မှာ လက်နက်စွန့်လွှတ်ရေးလမ်းစဉ်ပါလာတာဟာ တိုင်းရင်းသားတွေဘက်က အကျေအလည်ဆွေးနွေးရမယ့် ကိစ္စပဲ”
Thursday, November 8, 2013 

ဗိုလ်မှူးကြီးစိုင်းလနှင့်တွေ့ဆုံခြင်း


အပစ်အခတ်ရပ်စဲရေး ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသော်လည်း အစိုးရတပ်နှင့် RCSS တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း တိုက်ပွဲနှင့် ထိတွေ့မှု တစ်ရာကျော် ဖြစ်ပွားခဲ့သည်။ ထို့အပြင် လိုင်ဇာညီလာခံတွင် ဘုံသဘောတူညီချက် ၁၁ ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်မှတ်ရေးထိုးရာတွင် RCSS ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ ရှမ်းပြည်ညီညွတ်ရေးလုပ်ငန်းကော်မတီသို့ တင်ပြပြီးမှ ဆုံးဖြတ်ချက်ချမည်ဟု သိရသည်။ ထို့ကြောင့် မြစ်ကြီးနားဆွေးနွေးပွဲအတွင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလနှင့် 7Day News တို့တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး - အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက်မှာ RCSS နဲ့ အစိုးရတပ် တိုက်ပွဲတွေလည်း ညတိုင်းနီးပါးဖြစ်တယ်လို့ ကြားရတယ်။ အဲဒီအခြေအနေကို နည်းနည်းပြောပြပေးပါ။
ဖြေ - ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း အခုဆိုရင် ၂ နှစ်နီးပါးလောက်ရှိသွားပြီ။ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲပဲ။ ကျွန်တော်တို့ RCSSA /SSA နဲ့ တိုက်ပွဲဖြစ်တာ တိုက်ပွဲပေါင်း ၁၄၀ ကျော်သွားပါပြီ။ လက်မှတ်ရေးထိုးပြီးတော့ ရရှိလာတဲ့ သဘောတူညီချက် ၃၁ ချက်ထဲမှာ ကျွန်တော်တို့ အစိုးရနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်နိုင်တာ နှစ်ခုပဲ ရှိပါတယ်။ (၁)ကတော့ ဆက်ဆံရေးရုံးဖွင့်ချင်တာ။ (၂) ကတော့ လွတ်လပ်စွာသွားလာခွင့်နဲ့ ပြည်သူတွေကို လွတ်လပ်စွာထိတွေ့ခွင့်။ ဒီလောက်ပဲ ရရှိပါတယ်။

မေး - အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး အခုလို တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ် ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ - အပစ်အခတ်ရပ်စဲရေး ပြုလုပ်တယ်ဆိုတာ နှစ်ဖက်စလုံးသဘောတူညီပြီးတော့ လက်မှတ်ရေးထိုးပြီးမှ ပြုလုပ်တာ။ အဲဒါတော့ တကယ်အပစ်အခတ် ရပ်ချင်လို့လို့ ကျွန်တော်တို့ သဘောပေါက်တယ်။ ဒါပေမဲ့ အစိုးရတပ်ဘက်က မရပ်ဘူး။ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထားပေမယ့်လည်း တပ်မတော်က အပစ်အခတ်မရပ်ဘူး။ စစ်ဆင်ရေးတွေ လုပ်နေတယ်။ နောက်ပြီးတော့ ကျွန်တော်တို့သဘောတူညီချက်အရ ကျွန်တော်တို့ ရောက်တဲ့နေရာမှာ ရပ်ဆိုင်းထားရမယ်။ တောထဲမှာ ကျွန်တော်တို့ သွားလာမြဲအတိုင်းပဲ လှုပ်ရှားနေမယ်။ မြို့ပေါ်တို့၊ ကားလမ်းတို့၊ ကျွန်တော်တို့ မသွားဘူး။ အစိုးရတပ်တွေကိုလည်း သွားပြီးတော့ တိုက်ခိုက်တာတွေ ပြုလုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့နေမယ်။ အစိုးရတပ်တွေကိုတွေ့လည်း ကျွန်တော်တို့မပစ်ဘူး။ ဒါပေမဲ့ လက်နက်ကိုင်တပ်ချင်းအတူတူ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲမှာ သဘောတူညီချက်တစ်စုံတစ်ရာ မရရှိသေးခင်မှာ ဒီအပစ်အခတ်ရပ်စဲရေးတွေ အမှန်တကယ်ရပ်နိုင်ဖို့အတွက် လိုအပ်နေတဲ့အချက်တွေက စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာမယ်ဆိုရင် နှစ်ဖက်စလုံးကြိုတင်ညှိနှိုင်းပြီးလုပ်ဆောင်ဖို့ အချက်အလက်ပါပါတယ်။ အခုတိုက်ပွဲဖြစ်ရတဲ့အကြောင်းက အစိုးရတပ်မတော်ဘက်ကဆိုရင် စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ပါတယ်။ နယ်မြေစိုးမိုးရေး နယ်မြေရှင်းလင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ စစ်လှုပ်ရှားမှုတွေ၊ စစ်ဆင်ရေးတွေ ပြုလုပ်ပါတယ်။ ကျွန်တော်တို့ကို တွေ့တဲ့နေရာတိုင်းမှာ ပစ်ခတ်ပါတယ်။ ဆိုတော့ ဒီလိုဖြစ်နေတဲ့အပေါ်မှာဆိုရင် အပစ်အခတ်ရပ်စဲရေးဟာ ဘာမှမယုံကြည်နိုင်ဘူး။ ဒီတော့ ကျွန်တော်တို့ အမှန်တကယ်အပစ်အခတ်ရပ်စဲရေးကို လုပ်ချင်တယ်။ နောက်ပြီးတော့ ဒီတိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကိုလည်း ရပ်ပြီးတော့ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာဖို့ (စနစ်ပွား)ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။

မေး - အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်တာနဲ့ နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲတာ ဘယ်ဟာက ပိုအရေးကြီးတယ်လို့ ထင်ပါသလဲ။
ဖြေ - တကယ်စစ်မှန်တဲ့ စေတနာနဲ့ စိတ်ထားတွေရှိတယ်ဆိုရင် အပစ်ရပ်ချင်တယ်ဆိုရင် ရပ်လိုက်ပေါ့။ နှစ်ဖက်စလုံး သေနတ်တွေ ကိုင်ထားပေမယ့်လည်း သူမပစ်ကြေး၊ ကိုယ်မပစ်ကြေးဆိုရင် တိုက်ပွဲကလည်းဖြစ်မှာမဟုတ်ဘူး။ အခုဖြစ်နေတာက လက်မှတ်သာထိုးထားပြီးတော့ တကယ်မရပ်ချင်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ဆိုတော့ အပစ်အခတ်ရပ်စဲရေးတွေနော်။ တကယ်စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး၊ တည်တံ့ခိုင်မာတဲ့ ရပ်စဲရေးမရှိဘူးဆိုရင်လည်း ဒီနိုင်ငံရေးပွဲကို တစ်ဆင့်တက်လှမ်းဖို့ အခက်အခဲအများကြီးရှိပါတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ ယုံကြည်မှုဆိုတာကလည်း မရှိဘူး။ အပြန်အလှန်အပစ်အခတ်ရပ်စဲရေးတွေ တကယ်မလုပ်တော့ တွေ့တဲ့နေရာမှာ ပစ်တယ်ခတ်ကြတယ်။ နောက်ပြီးတော့ ပြည်သူတွေကို ဖြစ်ဖြစ်၊ နောက်ပြီးတော့ ကျွန်တော်တို့ကိုဖြစ်ဖြစ် ဒီ ၁၇/၁၊ ၁၇/၂ နဲ့ပတ်သက်တဲ့ အမှုတွေနဲ့ ဖမ်းလားဆီးလားတွေ လုပ်နေတာလည်းရှိနေတုန်းပါပဲ။ ဆိုတော့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်တဲ့အပိုင်းမှာလည်း အားနည်းသွားတယ်။ ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲ တစ်ဆင့် တက်လှမ်းသွားဖို့အရေးမှာ အခက်အခဲဖြစ်စေတယ်။ အပစ်အခတ်ရပ်စဲရေးဟာ တကယ်တည်တံ့ရေရှည်ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်ရပါလိမ့်မယ်။ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့အတွက် အာမခံချက်တွေရှိရပါလိမ့်မယ်။ နိုင်ငံရေးမူဘောင်တွေကို ကျွန်တော်တို့ နှစ်ဖက်စလုံးသဘောတူတဲ့မူတွေ ဖြစ်လာအောင် ပူးပေါင်းပြီးတော့ ရေးဆွဲရမယ်။ ဒီလိုအမှန်တကယ်လုပ်မယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးကို အာမခံပေးနိုင်မယ့် နည်းစနစ်တွေ၊ နည်းနာတွေ၊ သဘောတူညီချက်တွေရှိလာပြီဆိုရင် အပစ်အခတ်ရပ်စဲရေးပဲ အရင်လုပ်လုပ်၊ မူဘောင်ပဲအရင် ရေးဆွဲရေးဆွဲ အလုပ်ဖြစ်ပါတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုကျတော့ လက်နက်စစ်မဟုတ် လမ်းစဉ်ကိုပဲ ပြောလာမယ်ဆိုရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒီနိုင်ငံရေး ပြဿနာများကို ဖြေရှင်းပြီးတော့ ငြိမ်းချမ်းရေးကို အမှန်တည်ဆောက်နိုင်ပါလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

မေး - လိုင်ဇာညီလာခံမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ မူဘောင်အတွက် RCSS အနေနဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရတဲ့ အချက်ရှိခဲ့လား။
ဖြေ - ဒီလိုင်ဇာဆွေးနွေးပွဲကနေပြီး ရရှိလာတဲ့ ဘုံသဘောထားရပ်တည်ချက်ဟာ ဒီနေ့အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ တိုင်းရင်းသားဘက်ကနေ တင်ပြပါတယ်။ အစိုးရဘက်က ဘယ်လိုပြန်ကြားသလဲဆိုရင် ဒီတိုင်းရင်းသားဘက်က ဘုံသဘောထားရပ်တည်ချက်ဟာ အစိုးရဘက်က ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူထဲမှာ အားလုံးပါရှိပြီးသား ဖြစ်ပါတယ်ဆိုပြီးတော့ အစိုးရကနေ ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဘောင်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ အပ်နှင်းပေးသွားပါတယ်။ အဲဒီအထဲမှာ ပါရှိတဲ့အချက်အလက်တွေ၊ အနှစ်သာရတွေ အားလုံးကို လေ့လာကြည့်ပြီး သဘောတူညီတယ်ဆိုရင် လက်မှတ်ထိုးဖို့ အစိုးရဘက်က အဆင်သင့် ဖြစ်ပါတယ်ဆိုတာ ပြန်လည်ပြောကြားပါတယ်။ အဲဒီ အစိုးရပေးလာတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူကို တိုင်းရင်းသားဖက်က လေ့လာဖို့နှစ်ရက်အချိန်ရှိပါတယ်။ အဲဒီမူကို လေ့လာပြီးတော့ ဖတ်ပြီးတော့ လိုအပ်တဲ့အချက်အလက်ကို ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မေး - ကျွန်တော်တို့ နားလည်တာက ဗိုလ်မှူးကြီးတို့နဲ့ ကေအင်န်ယူတို့က မူကြမ်းကို အစိုးရနဲ့ ညှိနှိုင်းပြီးပြီလို့ နားလည်ထားတယ်။
ဖြေ - ကျွန်တော်တို့ ပြောရမယ်ဆိုရင်တော့ ဒီတိုင်းရင်းသားတွေ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးသွားတော့ ကျွန်တော်တို့ စုပေါင်းပြီးတော့ ဒီတစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို ကျွန်တော်တို့ ချမှတ်နိုင်ခဲ့ပါတယ်။ ဒီမူဘောင်ကို ကေအင်န်ယူနဲ့ RCSS တို့က အစိုးရထံယူလာပြီးမှ ညှိနှိုင်းဆွေးနွေးကြတယ်။ အစိုးရအနေနဲ့လည်း ကျွန်တော်တို့ ရေးဆွဲထားတဲ့ မူဘောင်ကို အခြေခံပြီး မူဘောင်တစ်ခု ထပ်မံရေးဆွဲပါတယ်။ အခုအစိုးရဘက်က ထွက်လာတဲ့ မူဘောင်က ဒီတိုင်းရင်းသားတွေဘက်က ထွက်လာတဲ့ မူဘောင်ကို မှီပြီးရေးဆွဲထားတယ်လို့ အစိုးရဘက်က ပြောပါတယ်။ ဒါပေမဲ့ တကယ်လေ့လာကြည့်ရင်တော့ နိဒါန်းခေါင်းစဉ်အောက်မှာပဲ ကျွန်တော်တို့တွေ့ရှိရတာတော့ လက်နက်စွန့်လွှတ်ရေး လမ်းစဉ်ဆိုတာပါလာတယ်။ ဆိုတော့ တိုင်းရင်းသားဘက်ကလည်း အကျေအလည် ဆွေးနွေးရမယ့် ခေါင်းစဉ်လို့ ကျွန်တော်မြင်ပါတယ်။

မေး - အစိုးရက ဗိုလ်မှူးကြီးတို့နဲ့ ကေအင်န်ယူရဲ့ မူကြမ်းကို မှီပြီး ရေးဆွဲတာဆိုပေမယ့် ကွဲလွဲမှုတွေ ရှိနေတယ်လို့ ပြောရမလား။
ဖြေ - ကွဲလွဲတာတွေ အများကြီးရှိပါတယ်။ မှီငြမ်းပြီး ရေးဆွဲတယ်ဆိုတာ အားလုံးကို ယူပြီးတော့ ရေးဆွဲတာ မဟုတ်ပါဘူး။ သူတို့လိုအပ်နေတဲ့ အချက်အလက်တွေကို ယူပြီးရေးဆွဲပါတယ်။ နောက်ပြီးတော့စဉ်းစားထားတဲ့ဟာကို ဖြည့်ပြီး
ရေးဆွဲတာ ဖြစ်ပါတယ်။ 

မေး - ရာခိုင်နှုန်းဘယ်လောက်ထိ ကွဲလွဲမှုတွေ ရှိနေသလဲ။
ဖြေ - သူတို့ပြောပုံအရတော့ ၉၀ ရာခိုင်နှုန်း တူပါတယ်တဲ့။ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ မူထဲက။ တိုင်းရင်းသားများရဲ့ ဘုံသဘောထား ရပ်တည်ချက်ဟာလည်း အစိုးရဘက်က ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူထဲမှာအများ
ကြီးပါပြီး ဖြစ်ပါတယ်လို့ သူတို့ကပြောတယ်။ ဒါဟာ ကျွန်တော်တို့ ပြန်လေ့လာကြည့်ရမယ်။ ကျွန်တော်တို့ ခေါင်းစဉ်နဲ့ မကိုက်ညီ
တဲ့အချက်တွေ ဘယ်လိုပါသလဲဆိုတာကို။ နောက်ပြီးတော့ ထပ်ဖြည့်ရမယ့် ခေါင်းစဉ်တွေ ဘာတွေ ဘယ်လိုရှိသလဲဆိုတာကို ပြန်လည်ပြီး ညှိနှိုင်းရမည် ဖြစ်ပါတယ်။

မေး - ဗိုလ်မှူးကြီး နောက်ပြီးတော့လည်း RCSS နဲ့ KNU ဆွဲတဲ့ မူကြမ်းကရော။
ဖြေ - ကျွန်တော်တို့ ဆွဲတဲ့မူကြမ်း မဟုတ်ပါဘူး။ တိုင်းရင်းသားများ ပြုစုရေးဆွဲထားတဲ့ မူပါ။

မေး - တိုင်းရင်းသားများဆိုတော့ ဘယ်နှဖွဲ့လောက်ပါပဲ။
ဖြေ - အားလုံးပါပါတယ်။ UNFC လည်း ပါတယ်။ တိုင်းရင်းသားများ ၁၈ ဖွဲ့စုပေါင်းပြီးမှ ရေးဆွဲထားတဲ့ မူဖြစ်ပါတယ်။

မေး - အဲဒီမူကို ဗိုလ်မှူးကြီးတို့က ကေအင်န်ယူနဲ့ အစိုးရကိုသွားပြီး ညှိနှိုင်းတာလား။
ဖြေ - အစိုးရနဲ့ လာညှိနှိုင်းရမယ့် အဖွဲ့ဖွဲ့တဲ့ အချိန်မှာ ကျွန်တော်တို့ သဘောထားတွေက ကွဲလွဲသွားပါတယ်။ တချို့လည်း ခေါင်းဆောင်ပြီးလာချင်တာတွေ ရှိသလို ကျန်တဲ့အဖွဲ့တွေလည်း အဖွဲ့အသစ်တွေ၊ ကော်မတီတစ်ရပ်ဖွဲ့ပြီး သွားညှိနှိုင်းရင် ကောင်းမယ်ဆိုတဲ့ အမြင်သဘောထားတွေ ရှိလာနေတဲ့အပေါ်မှာ ကျွန်တော်တို ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ကလည်း ပျက်ပြားသွားပါတယ်။ ဆိုတော့ ထွက်ရှိလာတဲ့ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို RCSS နှင့် KNU က သယ်လာပြီးမှ အစိုးရနှင့် ညှိနှိုင်းတာပါ။ ကျွန်တော်တို့ အမြင်မဟုတ်ပါဘူး။ တိုင်းရင်းသားများအားလုံး ပူးပေါင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ 

မေး - ဗိုလ်မှူးကြီးတို့က ရှမ်းပြည်ညီညွတ်ရေး လုပ်ငန်းကော်မတီနဲ့ ပြန်ညှိမှာလား။
ဖြေ - ဟုတ်ပါတယ်။ အောက်တိုဘာ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်မှာ ကျွန်တော်တို့ ရှမ်းပြည်မှာရှိတဲ့ အဖွဲ့အစည်းကနေပြီးတော့ အဖွဲ့အစည်းအသီးသီးဆိုတဲ့နေရာမှာ ကျွန်တော်တို့ RCSS ပါတယ်။ နောက်ပြီးတော့ SNLD ပါတယ်။ နောက်ပြီး SSJC ဆိုတဲ့ SNLD နဲ့ SSP တို့ စုပေါင်းထားတဲ့ အဖွဲ့တွေပါတယ်။ ကျွန်တော်တို့ သဘောတူညီချက် ရရှိထားကတော့ ဒီနိုင်ငံရေးနှင့်ပတ်သက်လာရင် သဘောတူညီမှုရရှိလာရင် တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချတာပဲဖြစ်ဖြစ်၊ လက်မှတ်ရေးထိုးတာပဲဖြစ်ဖြစ်၊ အားလုံးရဲ့ သဘောထားရယူပြီးမှ ဆုံးဖြတ်ရမယ်ဆိုတော့ အခုကျွန်တော်တို့ လက်မှတ်မထိုးနိုင်ခြင်းဘဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သဘောထားနဲ့ အညီ ကျွန်တော်တို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

မေး - လက်မှတ်မထိုးဖြစ်ခဲ့ဘူးဆိုရင် ဗိုလ်မှူးကြီးတို့အနေနဲ့ ဘယ်လိုဆက်လက်ဆောင်ရွက်ဖို့ ရှိလဲ။
ဖြေ - ဒီလိုင်ဇာဘုံသဘောထားအပေါ်မှာ ကျွန်တော်တို့ထိုးတာ မထိုးတာက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ထိုးမယ်၊ မထိုးဘူးဆိုတာနဲ့ မဆိုင်သေးပါဘူး။ အကယ်၍ ဒီတစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမယ်ဆိုလည်း သဘောထားတွေအားလုံးကို ပြန်ညှိနှိုင်းရယူရမှာ ဖြစ်ပါတယ်။

မေး - ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုသဘောထားလဲ။	
ဖြေ - ဒီအခြေခံဥပဒေကို ပြန်လေ့လာကြည့်မယ်ဆိုရင် တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုလာနေတဲ့ ဒီတန်းတူရေးတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်တို့ဆိုတာ ကျွန်တော်တို့ဆိုတာ ကျွန်တော်တို့ရသင့်တဲ့ ရထိုက်တဲ့ သဘောတွေမပါရှိပါဘူး။ ကျွန်တော်တို့ ရသင့်ရထိုက်သည့် တန်းတူရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို၊့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်
ဆောက်ရေး အခွင့်အရေးများ ရရှိဖို့အတွက် အသစ်ရေးဆွဲတာပဲဖြစ်ဖြစ်၊ ပြန်လည်ပြင်ဆင် ရေးဆွဲတာပဲဖြစ်ဖြစ် အများဆန္ဒနှင့်အညီ ကျွန်တော်တို့က လိုက်နာဆောင်ရွက်ဖို့ ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။ 
7Day News Journal

RangonNewsDaily:: November . 8 .2013
ဗိုလ်မှူးကြီးစိုင်းလနှင့်တွေ့ဆုံခြင်း
အပစ်အခတ်ရပ်စဲရေး ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသော်လည်း အစိုးရတပ်နှင့် RCSS တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း တိုက်ပွဲနှင့် ထိတွေ့မှု တစ်ရာကျော် ဖြစ်ပွားခဲ့သည်။ ထို့အပြင် လိုင်ဇာညီလာခံတွင် ဘုံသဘောတူညီချက် ၁၁ ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်မှတ်ရေးထိုးရာတွင်RCSS ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ ရှမ်းပြည်ညီညွတ်ရေးလုပ်ငန်းကော်မတီသို့ တင်ပြပြီး
မှဆုံးဖြတ်ချက်ချမည်ဟု သိရသည်။ထို့ကြောင့် မြစ်ကြီးနားဆွေးနွေးပွဲအတွင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်
မှူးကြီးစိုင်းလနှင့် 7Day News တို့တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး - အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက်မှာ RCSS နဲ့ အစိုးရတပ် တိုက်ပွဲတွေလည်း ညတိုင်း
နီးပါးဖြစ်တယ်လို့ ကြားရတယ်။ အဲဒီအခြေအနေကို နည်းနည်းပြောပြပေးပါ။
ဖြေ - ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း အခုဆိုရင် ၂ နှစ်နီးပါးလောက်
ရှိသွားပြီ။ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲပဲ။ 
 
ကျွန်တော်တို့RCSSA /SSA နဲ့တိုက်ပွဲဖြစ်တာတိုက်ပွဲပေါင်း၁၄၀ ကျော်သွားပါပြီ။ လက်မှတ်ရေးထိုးပြီးတော့
ရရှိလာတဲ့ သဘောတူညီချက်၃၁ ချက်ထဲမှာကျွန်တော်တို့အစိုးရနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်နိုင်တာ နှစ်
ခုပဲ ရှိပါတယ်။ (၁)ကတော့ ဆက်ဆံရေးရုံးဖွင့်ချင်တာ။ (၂) ကတော့ လွတ်လပ်စွာသွားလာခွင့်နဲ့ ပြည်သူတွေ
ကို လွတ်လပ်စွာထိတွေ့ခွင့်။ ဒီလောက်ပဲ ရရှိပါတယ်။

မေး - အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး အခုလို တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ် ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ - အပစ်အခတ်ရပ်စဲရေး ပြုလုပ်တယ်ဆိုတာ နှစ်ဖက်စလုံးသဘောတူညီပြီးတော့ လက်မှတ်ရေးထိုးပြီး
မှ ပြုလုပ်တာ။အဲဒါတော့တကယ်အပစ်အခတ်ရပ်ချင်လို့လို့ ကျွန်တော်တို့ သဘောပေါက်တယ်။ ဒါပေမဲ့ အစိုး
ရတပ်ဘက်က မရပ်ဘူး။ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထားပေမယ့်လည်း တပ်မတော်က အပစ်
အခတ်မရပ်ဘူး။ 
 
စစ်ဆင်ရေးတွေ လုပ်နေတယ်။ နောက်ပြီးတော့ ကျွန်တော်တို့သဘောတူညီချက်အရ ကျွန်တော်တို့ ရောက်
တဲ့နေရာမှာ ရပ်ဆိုင်းထားရမယ်။ တောထဲမှာ ကျွန်တော်တို့ သွားလာမြဲအတိုင်းပဲ လှုပ်ရှားနေမယ်။ မြို့ပေါ်
တို့၊ ကားလမ်းတို့၊ကျွန်တော်တို့ မသွားဘူး။အစိုးရတပ်တွေကိုလည်း သွားပြီးတော့ တိုက်ခိုက်တာတွေ ပြုလုပ်
မှာမဟုတ်ဘူး။ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့နေမယ်။ အစိုးရတပ်တွေကိုတွေ့လည်း ကျွန်တော်တို့မ
ပစ်ဘူး။ 
 
ဒါပေမဲ့လက်နက်ကိုင်တပ်ချင်းအတူတူ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲမှာသဘောတူညီချက်တစ်
စုံတစ်ရာမရရှိသေးခင်မှာဒီအပစ်အခတ်ရပ်စဲရေးတွေအမှန်တကယ်ရပ်နိုင်ဖို့အတွက် လိုအပ်နေတဲ့အချက်
တွေက စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာမယ်ဆိုရင် နှစ်ဖက်စလုံးကြိုတင်ညှိနှိုင်းပြီးလုပ်ဆောင်ဖို့ အချက်အ
လက်ပါပါတယ်။ 
 
အခုတိုက်ပွဲဖြစ်ရတဲ့အကြောင်းက အစိုးရတပ်မတော်ဘက်ကဆိုရင် စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ပါ
တယ်။ နယ်မြေစိုးမိုးရေး နယ်မြေရှင်းလင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ စစ်လှုပ်ရှားမှုတွေ၊ စစ်ဆင်ရေးတွေ ပြုလုပ်
ပါတယ်။ 
 
ကျွန်တော်တို့ကို တွေ့တဲ့နေရာတိုင်းမှာပစ်ခတ်ပါတယ်။ဆိုတော့ဒီလိုဖြစ်နေတဲ့အပေါ်မှာဆိုရင် အပစ်အခတ်
ရပ်စဲရေးဟာ ဘာမှမယုံကြည်နိုင်ဘူး။ ဒီတော့ ကျွန်တော်တို့ အမှန်တကယ်အပစ်အခတ်ရပ်စဲရေးကို လုပ်ချင်
တယ်။
 
နောက်ပြီးတော့ ဒီတိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကိုလည်း ရပ်ပြီးတော့ မပြေလည်သေးတဲ့ နိုင်ငံရေး
ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာဖို့(စနစ်ပွား)ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ ကျွန်တ်ာတို့ လိုလားပါတယ်။

မေး -အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်တာနဲ့ နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်
အခတ်ရပ်စဲတာ ဘယ်ဟာက ပိုအရေးကြီးတယ်လို့ ထင်ပါသလဲ။
ဖြေ -တကယ်စစ်မှန်တဲ့ စေတနာနဲ့စိတ်ထားတွေရှိတယ်ဆိုရင်အပစ်ရပ်ချင်တယ်ဆိုရင်ရပ်လိုက်ပေါ့။ နှစ်ဖက်
စလုံး သေနတ်တွေ ကိုင်ထားပေမယ့်လည်း သူမပစ်ကြေး၊ ကိုယ်မပစ်ကြေးဆိုရင် တိုက်ပွဲကလည်းဖြစ်မှာမ
ဟုတ်ဘူး။ 
 
အခုဖြစ်နေတာကလက်မှတ်သာထိုးထားပြီးတော့တကယ်မရပ်ချင်တဲ့ပုံစံမျိုးဖြစ်နေတယ်။ဆိုတော့အပစ်အခတ်
ရပ်စဲရေးတွေနော်။ တကယ်စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး၊ တည်တံ့ခိုင်မာတဲ့ ရပ်စဲရေးမရှိဘူးဆိုရင်လည်း ဒီနိုင်ငံရေးပွဲကို တစ်ဆင့်တက်လှမ်းဖို့ အခက်အခဲအများကြီးရှိပါတယ်။ 
 
ဒီကြားထဲမှာကျွန်တော်တို့ယုံကြည်မှုဆိုတာကလည်းမရှိဘူး။အပြန်အလှန်အပစ်အခတ်ရပ်စဲရေးတွေတကယ်
မလုပ်တော့ တွေ့တဲ့နေရာမှာ ပစ်တယ်ခတ်ကြတယ်။ နောက်ပြီးတော့ ပြည်သူတွေကို ဖြစ်ဖြစ်၊ နောက်ပြီး
တော့ ကျွန်တော်တို့ကိုဖြစ်ဖြစ် ဒီ ၁၇/၁၊ ၁၇/၂ နဲ့ပတ်သက်တဲ့ အမှုတွေနဲ့ ဖမ်းလားဆီးလားတွေ လုပ်နေတာ
လည်းရှိနေတုန်းပါပဲ။ 
 
ဆိုတော့အပြန်အလှန်ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာလည်းအားနည်းသွားတယ်။ဆိုတော့ နိုင်ငံရေး
ဆွေးနွေးပွဲ တစ်ဆင့် တက်လှမ်းသွားဖို့အရေးမှာ အခက်အခဲဖြစ်စေတယ်။အပစ်အခတ်ရပ်စဲရေးဟာတကယ်
တည်တံ့ရေရှည်ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်ရပါလိမ့်မယ်။ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့အ
တွက် အာမခံချက်တွေရှိရပါလိမ့်မယ်။
 
နိုင်ငံရေးမူဘောင်တွေကိုကျွန်တော်တို့ နှစ်ဖက်စလုံးသဘောတူတဲ့မူတွေ ဖြစ်လာအောင်ပူးပေါင်းပြီးတော့
ရေးဆွဲရမယ်။ ဒီလိုအမှန်တကယ်လုပ်မယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးကို အာမခံပေးနိုင်မယ့် နည်းစနစ်တွေ၊ နည်းနာတွေ၊ သဘောတူညီချက်တွေရှိလာပြီဆိုရင် အပစ်အခတ်ရပ်စဲရေးပဲ အရင်လုပ်လုပ်၊ မူဘောင်ပဲအ
ရင် ရေးဆွဲရေးဆွဲ အလုပ်ဖြစ်ပါတယ်လို့ ကျွန်တော်မြင်ပါတယ်။ 
 
အခုကျတော့လက်နက်စစ်မဟုတ် လမ်းစဉ်ကိုပဲ ပြောလာမယ်ဆိုရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒီနိုင်ငံရေး
ပြဿနာများကို ဖြေရှင်းပြီးတော့ ငြိမ်းချမ်းရေးကို အမှန်တည်ဆောက်နိုင်ပါလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

မေး - လိုင်ဇာညီလာခံမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ မူဘောင်အတွက် RCSS အနေနဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရတဲ့ အချက်ရှိခဲ့လား။
ဖြေ-ဒီလိုင်ဇာဆွေးနွေးပွဲကနေပြီးရရှိလာတဲ့ဘုံသဘောထားရပ်တည်ချက်ဟာဒီနေ့အစိုးရနဲ့ တွေ့ဆုံဆွေးနွေး
တဲ့နေရာမှာ တိုင်းရင်းသားဘက်ကနေ တင်ပြပါတယ်။ 
 
အစိုးရဘက်ကဘယ်လိုပြန်ကြားသလဲဆိုရင်ဒီတိုင်းရင်းသားဘက်က ဘုံသဘောထားရပ်တည်ချက်ဟာ အစိုး
ရဘက်က ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူထဲမှာ အားလုံးပါရှိပြီးသား ဖြစ်ပါတယ်ဆိုပြီး
တော့ အစိုးရကနေ ရေးဆွဲထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဘောင်ကို တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့များထံ အပ်နှင်းပေးသွားပါတယ်။ အဲဒီအထဲမှာ ပါရှိတဲ့အချက်အလက်တွေ၊ အနှစ်သာ
ရတွေ အားလုံးကို လေ့လာကြည့်ပြီး သဘောတူညီတယ်ဆိုရင် လက်မှတ်ထိုးဖို့ အစိုးရဘက်က အဆင်သင့်
 ဖြစ်ပါတယ်ဆိုတာ ပြန်လည်ပြောကြားပါတယ်။ 
 
အဲဒီ အစိုးရပေးလာတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူကို တိုင်းရင်းသားဖက်က လေ့လာဖို့နှစ်
ရက်အချိန်ရှိပါတယ်။အဲဒီမူကို လေ့လာပြီးတော့ ဖတ်ပြီးတော့ လိုအပ်တဲ့အချက်အလက်ကို ဆက်ပြီးတော့
 ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မေး - ကျွန်တော်တို့ နားလည်တာက ဗိုလ်မှူးကြီးတို့နဲ့ ကေအင်န်ယူတို့က မူကြမ်းကို အစိုးရနဲ့ ညှိနှိုင်းပြီးပြီလို့ နားလည်ထားတယ်။
ဖြေ - ကျွန်တော်တို့ ပြောရမယ်ဆိုရင်တော့ ဒီတိုင်းရင်းသားတွေ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးသွားတော့ ကျွန်တော်တို့ စုပေါင်းပြီးတော့ ဒီတစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို ကျွန်တော်တို့ ချ
မှတ်နိုင်ခဲ့ပါတယ်။ ဒီမူဘောင်ကို ကေအင်န်ယူနဲ့ RCSS တို့က အစိုးရထံယူလာပြီးမှ ညှိနှိုင်းဆွေးနွေးကြ
တယ်။ 
 
အစိုးရအနေနဲ့လည်း ကျွန်တော်တို့ ရေးဆွဲထားတဲ့ မူဘောင်ကို အခြေခံပြီး မူဘောင်တစ်ခု ထပ်မံရေးဆွဲပါ
တယ်။ အခုအစိုးရဘက်က ထွက်လာတဲ့ မူဘောင်က ဒီတိုင်းရင်းသားတွေဘက်က ထွက်လာတဲ့ မူဘောင်ကို မှီပြီးရေးဆွဲထားတယ်လို့ အစိုးရဘက်က ပြောပါတယ်။ 
 
ဒါပေမဲ့ တကယ်လေ့လာကြည့်ရင်တော့ နိဒါန်းခေါင်းစဉ်အောက်မှာပဲ ကျွန်တော်တို့တွေ့ရှိရတာတော့ လက်
နက်စွန့်လွှတ်ရေးလမ်းစဉ်ဆိုတာပါလာတယ်။ဆိုတော့တိုင်းရင်းသားဘက်ကလည်းအကျေအလည် ဆွေးနွေး
ရမယ့် ခေါင်းစဉ်လို့ ကျွန်တော်မြင်ပါတယ်။

မေး - အစိုးရက ဗိုလ်မှူးကြီးတို့နဲ့ ကေအင်န်ယူရဲ့ မူကြမ်းကို မှီပြီး ရေးဆွဲတာဆိုပေမယ့် ကွဲလွဲမှုတွေ ရှိနေတယ်လို့ ပြောရမလား။
ဖြေ - ကွဲလွဲတာတွေ အများကြီးရှိပါတယ်။ မှီငြမ်းပြီး ရေးဆွဲတယ်ဆိုတာ အားလုံးကို ယူပြီးတော့ ရေးဆွဲတာ မဟုတ်ပါဘူး။ သူတို့လိုအပ်နေတဲ့ အချက်အလက်တွေကို ယူပြီးရေးဆွဲပါတယ်။ နောက်ပြီးတော့စဉ်းစားထား
တဲ့ဟာကို ဖြည့်ပြီးရေးဆွဲတာ ဖြစ်ပါတယ်။

မေး - ရာခိုင်နှုန်းဘယ်လောက်ထိ ကွဲလွဲမှုတွေ ရှိနေသလဲ။

ဖြေ - သူတို့ပြောပုံအရတော့ ၉၀ ရာခိုင်နှုန်း တူပါတယ်တဲ့။ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ မူထဲက။ တိုင်း
ရင်းသားများရဲ့ ဘုံသဘောထား ရပ်တည်ချက်ဟာလည်း အစိုးရဘက်က ရေးဆွဲထားတဲ့တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေးမူထဲမှာအများကြီးပါပြီး ဖြစ်ပါတယ်လို့ သူတို့ကပြောတယ်။ 
 
ဒါဟာ ကျွန်တော်တို့ ပြန်လေ့လာကြည့်ရမယ်။ ကျွန်တော်တို့ ခေါင်းစဉ်နဲ့ မကိုက်ညီတဲ့အချက်တွေ ဘယ်လိုပါ
သလဲဆိုတာကို။ နောက်ပြီးတော့ ထပ်ဖြည့်ရမယ့် ခေါင်းစဉ်တွေဘာတွေဘယ်လိုရှိသလဲဆိုတာကို ပြန်လည်
ပြီး ညှိနှိုင်းရမည် ဖြစ်ပါတယ်။

မေး - ဗိုလ်မှူးကြီး နောက်ပြီးတော့လည်း RCSS နဲ့ KNU ဆွဲတဲ့ မူကြမ်းကရော။
ဖြေ - ကျွန်တော်တို့ ဆွဲတဲ့မူကြမ်း မဟုတ်ပါဘူး။ တိုင်းရင်းသားများ ပြုစုရေးဆွဲထားတဲ့ မူပါ။

မေး - တိုင်းရင်းသားများဆိုတော့ ဘယ်နှဖွဲ့လောက်ပါပဲ။
ဖြေ - အားလုံးပါပါတယ်။ UNFC လည်း ပါတယ်။ တိုင်းရင်းသားများ ၁၈ ဖွဲ့စုပေါင်းပြီးမှ ရေးဆွဲထားတဲ့ မူဖြစ်
ပါတယ်။

မေး - အဲဒီမူကို ဗိုလ်မှူးကြီးတို့က ကေအင်န်ယူနဲ့ အစိုးရကိုသွားပြီး ညှိနှိုင်းတာလား။
ဖြေ - အစိုးရနဲ့ လာညှိနှိုင်းရမယ့် အဖွဲ့ဖွဲ့တဲ့ အချိန်မှာ ကျွန်တော်တို့ သဘောထားတွေက ကွဲလွဲသွားပါတယ်။ တချို့လည်း ခေါင်းဆောင်ပြီးလာချင်တာတွေ ရှိသလိုကျန်တဲ့အဖွဲ့တွေလည်းအဖွဲ့အသစ်တွေ၊ ကော်မတီတစ်
ရပ်ဖွဲ့ပြီး သွားညှိနှိုင်းရင် ကောင်းမယ်ဆိုတဲ့ အမြင်သဘောထားတွေ ရှိလာနေတဲ့အပေါ်မှာ ကျွန်တော်တို ပူး
ပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ကလည်း ပျက်ပြားသွားပါတယ်။ ဆိုတော့ ထွက်ရှိလာတဲ့ နိုင်ငံရေး
ဆွေးနွေးရေးမူဘောင်ကိုRCSS နှင့် KNU က သယ်လာပြီးမှ အစိုးရနှင့် ညှိနှိုင်းတာပါ။ ကျွန်တော်တို့ အမြင်မ
ဟုတ်ပါဘူး။ တိုင်းရင်းသားများအားလုံး ပူးပေါင်းရေးဆွဲထားတာ ဖြစ်ပါတယ်။

မေး - ဗိုလ်မှူးကြီးတို့က ရှမ်းပြည်ညီညွတ်ရေး လုပ်ငန်းကော်မတီနဲ့ ပြန်ညှိမှာလား။
ဖြေ - ဟုတ်ပါတယ်။ အောက်တိုဘာ ၁၄၊ ၁၅၊ ၁၆၊၁၇ ရက်မှာ ကျွန်တော်တို့ ရှမ်းပြည်မှာရှိတဲ့အဖွဲ့အစည်းက
နေပြီးတော့ အဖွဲ့အစည်းအသီးသီးဆိုတဲ့နေရာမှာ ကျွန်တော်တို့ RCSS ပါတယ်။ နောက်ပြီးတော့ SNLD ပါ
တယ်။
 
နောက်ပြီး SSJC ဆိုတဲ့ SNLD နဲ့ SSP တို့ စုပေါင်းထားတဲ့ အဖွဲ့တွေပါတယ်။ ကျွန်တော်တို့ သဘောတူညီ
ချက် ရရှိထားကတော့ ဒီနိုင်ငံရေးနှင့်ပတ်သက်လာရင် သဘောတူညီမှုရရှိလာရင် တစ်စုံတစ်ရာဆုံးဖြတ်ချက်
 ချတာပဲဖြစ်ဖြစ်၊ လက်မှတ်ရေးထိုးတာပဲဖြစ်ဖြစ်၊ အားလုံးရဲ့ သဘောထားရယူပြီးမှ ဆုံးဖြတ်ရမယ်ဆိုတော့ အခုကျွန်တော်တို့ လက်မှတ်မထိုးနိုင်ခြင်းဘဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သဘောထားနဲ့ အညီ ကျွန်တော်တို့ လုပ်
ဆောင်သွားရမှာ ဖြစ်ပါတယ်။

မေး - လက်မှတ်မထိုးဖြစ်ခဲ့ဘူးဆိုရင် ဗိုလ်မှူးကြီးတို့အနေနဲ့ ဘယ်လိုဆက်လက်ဆောင်ရွက်ဖို့ ရှိလဲ။
ဖြေ - ဒီလိုင်ဇာဘုံသဘောထားအပေါ်မှာကျွန်တော်တို့ထိုးတာမထိုးတာကတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်
ရပ်စဲရေး ထိုးမယ်၊ မထိုးဘူးဆိုတာနဲ့ မဆိုင်သေးပါဘူး။ အကယ်၍ ဒီတစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ
ရေး လက်မှတ်ရေးထိုးမယ်ဆိုလည်း သဘောထားတွေအားလုံးကို ပြန်ညှိနှိုင်းရယူရမှာ ဖြစ်ပါတယ်။

မေး - ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုသဘောထားလဲ။
ဖြေ - ဒီအခြေခံဥပဒေကို ပြန်လေ့လာကြည့်မယ်ဆိုရင် တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုလာနေတဲ့ ဒီတန်းတူရေးတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ဖက်ဒရယ်ပြည်ထောင်စုစနစ်တို့ဆိုတာကျွန်တော်တို့ဆိုတာကျွန်တော်
တို့ရသင့်တဲ့ ရထိုက်တဲ့ သဘောတွေမပါရှိပါဘူး။ 
 
ကျွန်တော်တို့ ရသင့်ရထိုက်သည့် တန်းတူရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို၊့ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်
ဆောက်ရေးအခွင့်အရေးများရရှိဖို့အတွက် အသစ်ရေးဆွဲတာပဲဖြစ်ဖြစ်၊ ပြန်လည်ပြင်ဆင် ရေးဆွဲတာပဲဖြစ်
ဖြစ် အများဆန္ဒနှင့်အညီ ကျွန်တော်တို့က လိုက်နာဆောင်ရွက်ဖို့ ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။
7Day News ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment