Pages

Friday, November 8, 2013

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင် ပွဲတော် စည်ကားစွာ ကျင်းပမည်

Photo: တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင် ပွဲတော် စည်ကားစွာ ကျင်းပမည်
͋Friday, November 8, 2013

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်သို့ ပြည်တွင်း ပြည်ပ ဧည့်သည် အများအပြား လာရောက်ဆင် နွှဲ ကြမည် ဖြစ်ရာ တည်းခိုခန်း၊ ဟိုတယ် များမှာ ကြိုတင် စာရင်း ပေးသွင်းထား သူများနှင့် ပြည့် နေပြီး အခန်းများ မရနိုင် တော့ ကြောင်း ဘုရားဖူး ခရီးသွား လုပ်ငန်းများ မှ သိရ သည်။ တောင်ကြီး တန် ဆောင်တိုင် ပွဲတော် သည် နှစ်စဉ် ကြက်ပျံ မကျ စည်ကားလေ့ ရှိပြီး တည်းခို ခန်း၊ ဟိုတယ်များ တွင် လူများ ပြည့်နေရုံ မျှမက ဆွေမျိုး မိတ်ဆွေ၊ သူငယ်ချင်းများ ၏ အိမ်များ ၌ပင် တည်းခို သူများ နှင့် ပြည့် နေလေ့ ရှိသည်။ ပွဲတော် ကာလ အတွင်း အဆိုပါ တည်းခိုခန်း၊ ဟိုတယ် များ မှာ မူလ ဈေးနှုန်း ထက် သုံးဆ မှ ငါးဆ အထိ ပေးရ ကြောင်း တောင်ကြီး တန်ဆောင် တိုင်ပွဲ သို့ ပို့ဆောင် ပေးနေသည့် ခရီးသွား လုပ်ငန်း တစ်ခု က ပြောသည်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော် အား သွားရောက် မည့် မန္တလေးမှ ကိုကျော်ကျော် က ဟိုတယ် အခန်းရရန် ကြိုတင် ပြင်ဆင် ရခြင်း ကို အခုလို ပြောပြသည်။ ''ဒီနှစ် တောင်ကြီး တန်ဆောင် တိုင်ပွဲတော် ကို အရမ်း သွား ချင်နေတာ၊ အရင်က တောင်ကြီး မီးပုံးပျံပွဲ ကို မကြုံဖူး သေးဘူးလေ၊ ရောက်ဖူး သူတွေ က ပျော်စရာ သိပ်ကောင်း တယ် ဆိုတာ နဲ့ သွားဖြစ် မှာပါ၊ သူတို့ အကြံ ပေးတာ နဲ့ပဲ သွားဖို့ တစ်လ ကျော် လောက် ကတည်းက ဟိုတယ် ကို ကြိုတင် ချိတ်ထား ရတယ်၊ အခန်းခ ကို ကြိုတင် သွင်းထား ရတယ်၊ ဒါတောင် အခန်းခ က သုံးဆ ပေးရတာ'' ဟု ဆိုသည်။ တောင်ကြီး တန်ဆောင် တိုင် ပွဲတော် သို့ ဘုရားဖူး ခရီးသွား လုပ်ငန်းများ ကလည်း ပို့ဆောင်ပေး လျက်ရှိပြီး ဟိုတယ်၊ တည်းခိုခန်း တွင် တည်းခို နိုင်ရန် စီစဉ်ပေး သည် များရှိ သကဲ့ သို့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ များ တွင် ညအိပ် နိုင်ရန် စီစဉ် ပေးသည်များ လည်း ရှိသည်။

''စည်ကားတဲ့ ပွဲတော် ဆိုတော့ ထုံးစံ အတိုင်း တည်းခို ဖို့ နေရာရှား တာ တင်မကဘဲ စားဖို့ သောက်ဖို့ လည်း အခက်အခဲ ရှိတယ်၊ စားသောက် ဆိုင်တွေ မှာ လူတွေ ပြည့်နေပြီး နေရာ မရတာတွေ၊ နောက်ကျ လို့ ကုန်သွား တာတွေ လည်း ကြုံရတတ် တယ်'' ဟု တောင်ကြီး မြို့ခံ တစ်ဦး က ပြောသည်။ တောင်ကြီး တန်ဆောင် တိုင် ပွဲတော် သည် မီးပုံးပျံများ လွှတ်တင် ခြင်း ဖြင့် ကမ္ဘာသိ နာမည် ကျော်ကြား ပြီး ပြည်တွင်း ပြည်ပ ခရီးသွား များ ဖြင့် နှစ်စဉ် စည်ကား လျက် ရှိရာ ယခု နှစ် တွင် လည်း နိုဝင်ဘာ ၁ဝ ရက်မှ ၁၈ ရက် အထိ ကျင်းပ မည် ဖြစ်သည်။ နိုဝင်ဘာ ၁၁ ရက် မှ စတင်ကာ မသိုး သင်္ကန်း ရက်ပြိုင်ပွဲ၊ နေ့လွှတ် မီးပုံးပျံ၊ ညလွှတ် မီးပုံးပျံ ပြိုင်ပွဲများ ကို နေ့စဉ် ကျင်းပ သွားမည် ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက် တွင် မြို့လုံးကျွတ် ကထိန်ပွဲ ကျင်းပခြင်း နှင့် နိုဝင်ဘာ ၁၇ ရက် တွင် မီး ပဒေသာ ပူဇော်ပွဲ ကျင်းပခြင်း များ ပြုလုပ် မည် ဖြစ်သည်။ တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ကော်မတီ က ဓာတ်ပုံ ပြိုင်ပွဲ ကိုလည်း ထည့်သွင်း ထားရာ ဓာတ်ပုံ ဆရာများ က တကူးတက လာရောက် မှတ်တမ်း တင် ကြပြီး ပြိုင်ပွဲဝင် ကြမည် ဖြစ်ကြောင်း သိရသည်။

Shan News

RangonNewsDaily:: November . 8 .2013
တောင်ကြီး တန်ဆောင်တိုင် ပွဲတော်သို့ ပြည်တွင်း ပြည်ပ ဧည့်သည် အများအပြား လာရောက်ဆင် နွှဲ ကြမည် ဖြစ်ရာ တည်းခိုခန်း၊ ဟိုတယ် များမှာ ကြိုတင် စာရင်း ပေးသွင်းထား သူများနှင့် ပြည့် နေပြီး အခန်းများ မရနိုင် တော့ ကြောင်း ဘုရားဖူး ခရီးသွား လုပ်ငန်းများ မှ သိရ သည်။ တောင်ကြီး တန် ဆောင်တိုင် ပွဲတော် သည် နှစ်စဉ် ကြက်ပျံ မကျ စည်ကားလေ့ ရှိပြီး တည်းခို ခန်း၊ ဟိုတယ်များ တွင် လူများ ပြည့်နေရုံ မျှမက ဆွေမျိုး မိတ်ဆွေ၊ သူငယ်ချင်းများ ၏ အိမ်များ ၌ပင် တည်းခို သူများ နှင့် ပြည့် နေလေ့ ရှိသည်။ 
 
ပွဲတော် ကာလ အတွင်း အဆိုပါ တည်းခိုခန်း၊ ဟိုတယ် များ မှာ မူလ ဈေးနှုန်း ထက် သုံးဆ မှ ငါးဆ အထိ ပေးရ ကြောင်း တောင်ကြီး တန်ဆောင် တိုင်ပွဲ သို့ ပို့ဆောင် ပေးနေသည့် ခရီးသွား လုပ်ငန်း တစ်ခု က ပြောသည်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော် အား သွားရောက် မည့် မန္တလေးမှ ကိုကျော်ကျော် က ဟိုတယ် အခန်းရရန် ကြိုတင် ပြင်ဆင် ရခြင်း ကို အခုလို ပြောပြသည်။ ''ဒီနှစ် တောင်ကြီး တန်ဆောင် တိုင်ပွဲတော် ကို အရမ်း သွား ချင်နေတာ၊ အရင်က တောင်ကြီး မီးပုံးပျံပွဲ ကို မကြုံဖူး သေးဘူးလေ၊ ရောက်ဖူး သူတွေ က ပျော်စရာ သိပ်ကောင်း တယ် ဆိုတာ နဲ့ သွားဖြစ် မှာပါ၊ 
 
သူတို့ အကြံ ပေးတာ နဲ့ပဲ သွားဖို့ တစ်လ ကျော် လောက် ကတည်းက ဟိုတယ် ကို ကြိုတင် ချိတ်ထား ရတယ်၊ အခန်းခ ကို ကြိုတင် သွင်းထား ရတယ်၊ ဒါတောင် အခန်းခ က သုံးဆ ပေးရတာ'' ဟု ဆိုသည်။
 
 တောင်ကြီး တန်ဆောင် တိုင် ပွဲတော် သို့ ဘုရားဖူး ခရီးသွား လုပ်ငန်းများ ကလည်း ပို့ဆောင်ပေး လျက်ရှိပြီး ဟိုတယ်၊ တည်းခိုခန်း တွင် တည်းခို နိုင်ရန် စီစဉ်ပေး သည် များရှိ သကဲ့ သို့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ များ တွင် ညအိပ် နိုင်ရန် စီစဉ် ပေးသည်များ လည်း ရှိသည်။

''စည်ကားတဲ့ ပွဲတော် ဆိုတော့ ထုံးစံ အတိုင်း တည်းခို ဖို့ နေရာရှား တာ တင်မကဘဲ စားဖို့ သောက်ဖို့ လည်း အခက်အခဲ ရှိတယ်၊ စားသောက် ဆိုင်တွေ မှာ လူတွေ ပြည့်နေပြီး နေရာ မရတာတွေ၊ နောက်ကျ လို့ ကုန်သွား တာတွေ လည်း ကြုံရတတ် တယ်'' ဟု တောင်ကြီး မြို့ခံ တစ်ဦး က ပြောသည်။ 
 
 တောင်ကြီး တန်ဆောင် တိုင် ပွဲတော် သည် မီးပုံးပျံများ လွှတ်တင် ခြင်း ဖြင့် ကမ္ဘာသိ နာမည် ကျော်ကြား ပြီး ပြည်တွင်း ပြည်ပ ခရီးသွား များ ဖြင့် နှစ်စဉ် စည်ကား လျက် ရှိရာ ယခု နှစ် တွင် လည်း နိုဝင်ဘာ ၁ဝ ရက်မှ ၁၈ ရက် အထိ ကျင်းပ မည် ဖြစ်သည်။
 
 နိုဝင်ဘာ ၁၁ ရက် မှ စတင်ကာ မသိုး သင်္ကန်း ရက်ပြိုင်ပွဲ၊ နေ့လွှတ် မီးပုံးပျံ၊ ညလွှတ် မီးပုံးပျံ ပြိုင်ပွဲများ ကို နေ့စဉ် ကျင်းပ သွားမည် ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက် တွင် မြို့လုံးကျွတ် ကထိန်ပွဲ ကျင်းပခြင်း နှင့် နိုဝင်ဘာ ၁၇ ရက် တွင် မီး ပဒေသာ ပူဇော်ပွဲ ကျင်းပခြင်း များ ပြုလုပ် မည် ဖြစ်သည်။
 
 တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ကော်မတီ က ဓာတ်ပုံ ပြိုင်ပွဲ ကိုလည်း ထည့်သွင်း ထားရာ ဓာတ်ပုံ ဆရာများ က တကူးတက လာရောက် မှတ်တမ်း တင် ကြပြီး ပြိုင်ပွဲဝင် ကြမည် ဖြစ်ကြောင်း သိရသည်။

Shan News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment