Pages

Tuesday, October 22, 2013

အသစ်စက်စက် ထွက်ရှိလာတော့မည့် Mercedes Benz V-Class

Photo

RangonNewsDaily:: October. 22 .2013
သင့်အနေနဲ့ ဂျာမနီအခြေစိုက် Mercedes Benz က ထုတ်လုပ်တဲ့ မော်တော်ယာဉ် ဘယ် ၂ စီးရဲ့ အမျိုးအမည်
ကို သိပါသလဲ။ A-Class ၊ C-Class ၊ E-Class ၊ S-Class တို့လို လူတိုင်းသိတဲ့ အမျိုးအစားများထက် များပြားလှ
တဲ့ မျိုးကွဲ၊ အမည်ကွဲ မော်တော်ယာဉ်များကို Mercedes Benz မှ ထုတ်လုပ်လျက် ရှိပါတယ်။ ဥရောပမှာ ရောင်းချနေတဲ့ MB တွေထဲမှာ Citan ၊ Vaneo ၊ Viano ၊ Vito စတဲ့ ကားအမျိုးအစားတွေ ပါဝင်နေ
ပါတယ်။ ယခုအခါမှာတော့ MB အနေနဲ့ ဤအမည်ကွဲများကို စုစည်းပြီး V-Class လို့ ခေါ်ဝေါကာ ထုတ်လုပ်
သွားတော့မယ်လို့ သိရှိရပါတယ်။

ဒီ အသစ်စက်စက် V-Class ဟာ အိမ်စီး Van ကား ဖြစ်ပြီး MB ရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းကို အပြည့်
အဝ မှီစေရမယ်လို့လည်း သိရှိရပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ V-Class Van ရဲ့ အတွင်းပိုင်း ဓာတ်ပုံ
တွေကို ကြည့်ခြင်းအားဖြင့်လည်း V-Class ဟာ ဖွဲ့စည်းပုံ အနည်းငယ် ဆန်းပြားနေသည်မှလွဲ၍ MB ထုတ် အဆင့်မြင့် ဇိမ်ခံကားတစ်စီး ဖြစ်တယ်လို့ သေချာပေါက် ဆိုနိုင်ပါတယ်။

လျှို့ဝှက်အမည် W447 လို့ခေါ်တဲ့ ဒီ V-Class ရဲ့ ကိုယ်ထည်ဟာ သံပြား (sheetmetal) နဲ့ ပြုလုပ်ထားမည်ဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မယ့် Geneva နိုင်ငံတကာ မော်တော်ယာဉ်ပြပွဲမှာ ပထမဆုံးအကြိမ်
အဖြစ် မိတ်ဆက်ပြသ သွားဖို့ ရှိနေပါတယ်။

Myanmar Consumer Guide , kolatt(PBDN)
RangonNewsDaily
Photo

Photo

Photo

Photo

0 comments:

Post a Comment