Pages

Tuesday, October 22, 2013

အနုပညာရှင်အသင်းနှင့်ခြေစမ်းမည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ

RangonNewsDaily:: October. 22 .2013
ရခိုင်အမျိုးသားကွန်ယက် Arakan National Network (RNN) ဖလားပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရုပ်ရှင်အစည်းအရုံးဝင် မြန်မာ အနုပညာရှင်များဘောလုံးအသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များဘောလုံးအသင်း ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်အောင်ဆန်းကွင်း၌ အောက်တိုဘာ(၂၄)ရက်နေ့၌ ယှဉ်ပြိုင်ဘောလုံးကစားမည်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများယှဉ်ပြိုင်ကစားမည့် ဘောလုံးအသင်းအတွက် အပြီးသတ်ကစားသမား ရွေးချယ်မှုကို အောက်တိုဘာ (၁၇)ရက်နေ့ ရန်ကုန်တက္ကသိုလ်ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ရာ အပြီးသတ်ကစားသမား ရွေးချယ်မှုပြီးစီးသွားပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများဘက်မှ ကန်မည့်သူများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၊ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီနှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းမျိုးစုံမှ နိုင်ငံရေးအကျဉ်းသားဟောင်းများပါဝင်ကြောင်း သိရှိရသည်။

“ကွင်းဆင်းပွဲအနေနဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ကန်မယ်။ ဖျော်ဖြေရေးအစီအစဉ်တွေ ပါမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ကို ရည်ရွယ်တယ်။ စည်းလုံးညီညွှတ်မှုကိုပြချင်တာရယ်၊ ကျွန်တော်တို့ ရန်ပုံငွေအတွက်ပါ။”ဟု ရခိုင်အမျိုးသားကွန်ယက်မှ ကိုတင်ထူးအောင်က ပြောသည်။

ကွင်းဖွင့်ပွဲတစ်ပွဲသာ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး RNN ဖလားပြိုင်ပွဲများကို ကြည်မြင်တိုင်မြို့နယ်ရှိ စလင်းကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း(၁၀)သင်းပါရှိကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများဘက်မှ ပါဝင်ယှဉ်ပြိုင်မည့် သူများစာရင်း၌ ၁။ ကိုဘိုကြည် (ရှေ့တန်း/အသင်းခေါင်းဆောင်) ၂။ကိုအောင်လတ် (ဂိုး) ၃။ကိုသန်းရွှေ (ဂိုး) ၄။ကိုမာကီ (နောက်တန်း) ၅။ကိုကျော်စွာဌေး (နောက်တန်း) ၆။ကိုဇာနည် (နောက်တန်း) ၇။ကိုဝဏ္ဏနွယ် (နောက်တန်း) ၈။ ကိုခင်မောင်ဝင်း (နောက်တန်း) ၉။ကိုပြည့်ဖြိုးကျော် (နောက်တန်း) ၁၀။ကိုဇော်မိုး (နောက်တန်း) ၁၁။ ကိုဂျင်မီ(အလယ်တန်း) ၁၂။ကိုကိုအောင် (အလယ်တန်း) ၁၃။ ကိုပိုင်စိုးဦး (အလယ်တန်း) ၁၄။ကိုဝင်းဇော် (အလယ်တန်း) ၁၅။ ကိုလင်းထက်နိုင် (အလယ်တန်း) ၁၆။ကိုဇော်သန်းထွဋ် (အလယ်တန်း) ၁၇။ကိုဖြိုး (အလယ်တန်း) ၁၈။ ကိုမြအေး (ရှေ့တန်း) ၁၉။ကိုအောင်မျိုးကျော် (ရှေ့တန်း) ၂၀။ကိုတင်ထူးအောင် (ရှေ့တန်း) ၂၁။ကိုမြစိန်ထွန်း (ရှေ့တန်း) ၂၂။ကိုကျော်ဦး (ရှေ့တန်း) ၂၃။ကိုဒီငြိမ်းလင်း (ရှေ့တန်း) တို့ပါဝင်မည်ဖြစ်သည်။

Myit Ma Kha Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment