Pages

Tuesday, October 22, 2013

အပြာရောင်ကမ္ဘာကြီးဆုအတွက်မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို တင်ပြထား

Photo: အပြာရောင်ကမ္ဘာကြီးဆုအတွက်မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို တင်ပြထား
Tuesday, October 22, 2013

ဂျပန်နိုင်ငံမှ တစ်နှစ်လျှင် တစ်ဦးသာ ပေးအပ်သောအပြာရောင်ကမ္ဘာကြီး (Blue Plannet) ဆုအတွက်မြန်မာနိုင်ငံအနေဖြင့် မိုးလေ၀သ ပညာရှင် ဒေါက်တာဦးထွန်းလွင်ကို တင်ပြထားကြောင်း FREDAမှ ဦးအုန်းက
ပြောကြားသည်။

ယင်း ဆုသည် တကမ္ဘာလုံးတွင် တစ်နှစ်လျှင် တစ်ဦးနှင့်နှစ်ဦးကြားသာ ပေးသော ဆုဖြစ်ပြီး Blue Plannet ဆုကို ဂျပန်ရှင်ဘုရင်က ပေးအပ် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ မိုးလေ၀သပညာရှင် ဦးထွန်းလွင်၏ လုပ်ဆောင်ချက်များကို ကမ္ဘာမြေချစ်သူဆုရရှိထားသူ ဦးအုန်းက ထောက် ခံ၍ ဂျပန်ရှင်ဘုရင်ထံသို့ တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

“အပြာရောင် ကမ္ဘာကြီးဆုဆိုတာ ကမ္ဘာကြီးကောင်းအောင်လုပ်တယ်ပေါ့။ သူသက်ဆိုင်ရာ ပညာရပ်တွေမှာ ကောင်းအောင်လုပ်တယ်ပေါ့။ ဦးထွန်းလွင်ကလည်း သူ့မိုးလေ၀သပညာရပ်နဲ့ ပတ်သက်ပြီး လူတွေအတွက် သဘာဝ ပတ်ဝန်း ကျင်တွေအတွက် ကောင်းအောင်လုပ်လို့ တင်ပေးတာ
ရမရတော့ မသိဘူး”ဟု ဦးအုန်းက ပြောကြားသည်။

ယင်းအပြာဆုရရှိရန် ယခင်နှစ်က June Pharmueutical Ltd ၏ ဥက္ကဋ္ဌ ဒေါက်တာမင်းသိမ်းကို တင်ပြပေးခဲ့သော်လည်း ဆုရရှိခဲ့ခြင်း မရှိ ကြောင်း ယင်းဆုကို ရရှိပါက မြန်မာငွေကျပ် သိန်းပေါင်း ၅၀၀၀ ရရှိမည်ဖြစ်သည်။

Blue Plannet အပြာရောင် ကမ္ဘာကြီးဆုကို ဒေါက်တာထွန်းလွင်ကို ထောက်ခံ၍ အောက်တိုဘာ ၁၄ရက်နေ့တွင်ဂျပန်နိုင်ငံသို့ ပေးပို့ခဲ့ကြောင်း၊ အဖြေကို ၂၀၁၄ ခုနှစ် ဇွန်လမှ သိရမည်ဖြစ်ကြောင်း ဦးအုန်းက ရှင်းလင်းပြောကြားသည်။

ဂျပန်နိုင်ငံတွင် ရှိသော အာဆာရီးဂရပ်(စ်) ဖောင်ဒေးရှင်းအသင်းဝင်များသာ ယခုကဲ့သို့ ဆုကို တင်ပြခွင့်ရှိပြီးဦးအုန်းသည် အဆိုပါအဖွဲ့၏ အသင်းဝင်ဖြစ် သဖြင့်ဦးထွန်းလွင်ကို တင်ပြခွင့်ရရှိခဲ့သည်။

ရေးသားသူ- မောင်ထက်
People power

RangonNewsDaily:: October. 22 .2013
ဂျပန်နိုင်ငံမှ တစ်နှစ်လျှင် တစ်ဦးသာ ပေးအပ်သောအပြာရောင်ကမ္ဘာကြီး (Blue Plannet) ဆုအတွက်မြန်
မာနိုင်ငံအနေဖြင့် မိုးလေ၀သ ပညာရှင် ဒေါက်တာဦးထွန်းလွင်ကို တင်ပြထားကြောင်း FREDAမှ ဦးအုန်း
ကပြောကြားသည်။ ယင်း ဆုသည် တကမ္ဘာလုံးတွင် တစ်နှစ်လျှင် တစ်ဦးနှင့်နှစ်ဦးကြားသာ ပေးသော ဆုဖြစ်ပြီး Blue Plannet ဆု
ကိုဂျပန်ရှင်ဘုရင်က ပေးအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှမိုးလေ၀သပညာရှင်ဦးထွန်းလွင်၏ လုပ်ဆောင်
ချက်များကို ကမ္ဘာမြေချစ်သူဆုရရှိထားသူ ဦးအုန်းက ထောက် ခံ၍ ဂျပန်ရှင်ဘုရင်ထံသို့ တင်ပြခဲ့ကြောင်း ၎င်း
ကဆိုသည်။

“အပြာရောင် ကမ္ဘာကြီးဆုဆိုတာ ကမ္ဘာကြီးကောင်းအောင်လုပ်တယ်ပေါ့။ သူသက်ဆိုင်ရာ ပညာရပ်တွေမှာ
 ကောင်းအောင်လုပ်တယ်ပေါ့။ ဦးထွန်းလွင်ကလည်း သူ့မိုးလေ၀သပညာရပ်နဲ့ ပတ်သက်ပြီး လူတွေအတွက် သဘာဝ ပတ်ဝန်း ကျင်တွေအတွက် ကောင်းအောင်လုပ်လို့ တင်ပေးတာရမရတော့ မသိဘူး”ဟု ဦးအုန်းက
 ပြောကြားသည်။

ယင်းအပြာဆုရရှိရန် ယခင်နှစ်ကJune Pharmueutical Ltd ၏ဥက္ကဋ္ဌ ဒေါက်တာမင်းသိမ်းကိုတင်ပြပေးခဲ့သော်
လည်း ဆုရရှိခဲ့ခြင်း မရှိ ကြောင်း ယင်းဆုကို ရရှိပါက မြန်မာငွေကျပ် သိန်းပေါင်း ၅၀၀၀ ရရှိမည်ဖြစ်သည်။

Blue Plannet အပြာရောင် ကမ္ဘာကြီးဆုကို ဒေါက်တာထွန်းလွင်ကို ထောက်ခံ၍ အောက်တိုဘာ ၁၄ရက်နေ့
တွင်ဂျပန်နိုင်ငံသို့ ပေးပို့ခဲ့ကြောင်း၊ အဖြေကို ၂၀၁၄ ခုနှစ် ဇွန်လမှ သိရမည်ဖြစ်ကြောင်း ဦးအုန်းက ရှင်း
လင်းပြောကြားသည်။

ဂျပန်နိုင်ငံတွင် ရှိသော အာဆာရီးဂရပ်(စ်) ဖောင်ဒေးရှင်းအသင်းဝင်များသာ ယခုကဲ့သို့ ဆုကို တင်ပြခွင့်ရှိ
ပြီးဦးအုန်းသည် အဆိုပါအဖွဲ့၏ အသင်းဝင်ဖြစ် သဖြင့်ဦးထွန်းလွင်ကို တင်ပြခွင့်ရရှိခဲ့သည်။

People power , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment