Pages

Tuesday, October 22, 2013

လှိုင်သာယာမှ ဆရာ ၊ ဆရာမ များ လောင်းကစားမှု နှင့် မပတ်သက်ကြောင်း ဝန်ခံလက်မှတ် ရေးထိုးခိုင်းခံရ

RangonNewsDaily:: October. 22 .2013
လောင်းကစားမှုများနှင့် ပတ် သက်မှု မရှိကြောင်း ဝန်ခံကတိ လက်မှတ်ကို လှိုင်သာယာမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း၅၈ကျောင်းမှ ဆရာ၊ဆရာမများအား ရေးထိုးစေခိုင်းကြောင်း အမှတ်(၃) အခြေခံပညာ

ဦးစီး ဌာနမှသိရသည်။ယင်းကဲ့သို့ လက်မှတ်ရေး ထိုးနိုင်ရန် လောင်းကစားမှုနှင့် ပတ်သက်၍ ဝန်ခံချက်လက်
ှတ် ထိုးစေသည့် မှတ်တမ်းများအား ပေးဝေထားပြီးဖြစ်ကြောင်း အ မှတ်(၃) အခြေခံပညာဦးစီးဌာန မှ ညွှန်
ကြား ရေး မှူး ဦးညွန့်ရွှေ က ပြောသည်။
အဆိုပါဝန်ခံချက်မှတ်တမ်း များပေးပို့ရခြင်းမှာ လှိုင်သာယာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းတချို့ရှိ ဆရာ၊ဆရာမများသည် လောင်းကစားမှုများကျူးလွန်နေကြောင်းသတင်းရရှိထားသဖြင့် ပညာရေးဝန်ထမ်း
များအနေဖြင့် လောင်း ကစားမှု များတွင် ပါဝင်ပတ်သက်ခြင်း မရှိ စေရန်အတွက် သတိပေးလက်မှတ်ထိုးခိုင်း
ထားခြင်းဖြစ်ကြောင်း သိရသည်။ 

''ဒီမှတ်တမ်းတွေကို ပို့ပေး ရတယ်ဆိုတာလိုအပ်လို့ပါ။ ဘယ် ကျောင်းတွေလဲဆိုတာတော့ အ ချိန်နဲ့တစ် ပြေး
ညီ လုပ်နေရတော့ မသိဘူး။ ဆရာတွေကို ဝမ်နင် ပေးလိုက်တဲ့သဘောပဲ။ ဘောလုံး ပွဲတစ်ပွဲမှာ အဝါကတ်ပြ
လိုက်တဲ့ သဘောပဲ။

 နောက်တစ်ခါဆို စစ် ဆေးအရေးယူမှာ။ တိုင်တဲ့စာတွေ က နေ့စွဲတွေများလို့ မမှတ်မိဘူး။ ဒီလောင်းကစား နဲ့ပတ် သက်ရင် လောင်းကစားအက်ဥပဒေနဲ့ အ ရေးယူလို့ရတယ်''ဟု ယင်းကထပ်မံ ပြောသည်။

လှိုင်သာယာပညာရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက မည် သည့်လောင်းကစားမှုနှင့်မှ မပတ် သက်ကြောင်း၊ ပတ်သက်လာပါကဌာနဆိုင်ရာကစစ်ဆေးအရေးယူခံရမည်ကိုသိရှိကြောင်း၊ ဝန်ခံ ကတိလက်မှတ်ထိုးမှတ်

တမ်းကို အထက်မှ ညွှန်ကြား ချက်အရ မြို့ နယ်အတွင်းရှိ ကျောင်းအားလုံး ကို ပေးပို့ထားကြောင်း၊ လှိုင်သာ ယာမြို့နယ်အတွင်းတွင် အခြေခံ ပညာကျောင်းပေါင်း ၅၈ကျောင်း ရှိကြောင်း ပြောသည်။

''ကျောင်းတွေမှာ အေးချမ်း စွာပညာသင်ကြားနိုင်ဖို့ လောင်း ကစားတွေနဲ့ မပတ်သက်ကြစေ ဖို့အတွက် အမြဲ

တမ်းလမ်းညွှန် ချက်ပေးပါတယ်။ တချို့ကျောင်း တွေဖြစ်နေတာတွေတော့ ပညာ ရေးမှူးတွေ ကျောင်းအုပ်
တွေနဲ့ တွေ့တော့ ကြား နေရတယ်။ 

ဒါ တွေက တစ်ဆင့်စကားနဲ့ အပေါ် က လူကြီးတွေဆီ ရောက်သွား တော့ သင်ကြားရေးအတွက် အ နှောင့်
အယှက်တွေရှိတယ်ဆိုပြီး ယူဆလို့ ဒီလိုခံဝန်ကတိမှတ်တမ်း တွေလုပ်တာလို့ထင်တယ်။ 

ဒါတွေ က ဆရာတွေချည်း ပဲလုပ် လို့ မရ ပါဘူး။ ကျောင်းသား၊ ဆရာ၊ မိဘ တွေအားလုံး ပူးပေါင်းပြီးလုပ်မှ ရမယ့်ကိစ္စတွေပါ။ ဒါက အပြု သဘောဆောင်တဲ့ကိစ္စပါ''ဟု လှိုင် သာယာမြို့နယ်တွင် ကိုယ်တိုင်လက်မှတ်
ထိုးခဲ့ရသည့် ကျောင်း ဆရာတစ်ဦးက ပြောသည်။

ယင်းခံဝန်ကတိလက်မှတ်ထိုးမှတ်တမ်းကို လှိုင်သာယာမြို့ နယ်တစ်ခုတည်းကိုသာ ပေးပို့ခြင်း ဖြစ်ပြီး တခြား

မြို့နယ်များတွင် ယင်းကဲ့သို့ စာလက်ခံရရှိမှုမရှိ သေးကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး တက္က သိုလ်
ဆရာများအသင်းမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်က''ဒီကိစ္စက တော့အခွင့်အရေးနဲ့ တိုက်ရိုက် မပတ်သက်တာ
ဖြစ်တဲ့အတွက် သုံးသပ်ရမှာခက်ပါတယ်။

ကျောင်း စည်းကမ်းတွေထဲမှာလဲ လောင်း ကစားမလုပ်ရဘူးဆိုတာ ပါပြီး သားဖြစ်တယ်။ ဒါကိုထပ်ပြီး လက် မှတ် ထိုးခိုင်းတယ်ဆိုတာက ဘာ ရည်ရွယ်ချက်နဲ့လုပ်မှန်း မသိနိုင် ပါဘူး''ဟု သုံးသပ်ပြောသည်။

အောင်သက်ကို
The Yangon Times , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment