Pages

Tuesday, October 22, 2013

မြန်မာနိုင်ငံတွင် ဒီရေတော လေးရာခိုင်နှုန်းသာကျန်

Photo: မြန်မာနိုင်ငံတွင် ဒီရေတော လေးရာခိုင်နှုန်းသာကျန်
Tuesday, October 22, 2013

မြန်မာနိုင်ငံတွင် ဒီရေတော လေးရာခိုင်နှုန်းခန့်သာကျန်ရှိပြီး မြို့နယ် အများအပြားတွင် ဒီရေတောများ ပျက်စီးပျောက်ကွယ်နေကြောင်း EREDAမှ ဥက္ကဋ္ဌဦးအုန်းက ပြောကြားသည်။

ဒီရေတောအများဆုံးရှိခဲ့သော ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်များတွင်ဒီရေတောများ ပျက်စီပြုန်းတီးမှု အများဆုံး ဖြစ်ပွား
နေကြောင်း၊ အဆိုပါ ဒီရေတောများကို ပြုပြင်ပြောင်းလဲပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လာမှု များပြားလာသော ကြောင့် ဒီရေ
တောများ ပျက်စီးပျောက်ကွယ်လာကြောင်းဦးအုန်းက ပြောကြားသည်။

“ဧရာဝတီတိုင်းမှာ အင်္ဂလိပ်ခေတ်တည်းက စပါးစိုက်လို့ဒီရေတောတွေ ပျက်တယ်။ ရခိုင်မှာက ပုဇွန်၊ ငါးကန်တွေလုပ်တယ်။ တနင်္သာရီမှာက ဒီတောတွေ ခုတ်ပြီး ဆီအုန်း၊ရာဘာတွေ စိုက်ကြတယ်။ ဒါတွေကြောင့် တောတွေကုန်လာတယ်”ဟု ၎င်းက ရှင်းလင်းပြောကြားသည်။

၂၀၀၈ ခုနှစ်၌ ၀င်ခဲ့သော နာဂစ်မုန်တိုင်းကြောင့်ဧရာဝတီတိုင်းတွင် ဒီရေတော ၈၀ ရာခိုင်နှုန်း ပျက်စီး သွားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ ရှိသော ဒီရေ
တောလေးရာခိုင်နှုန်းထက် ပိုမို တိုးစိုက်နိုင်ပြီးတစ်နိုင်ငံလုံး ၆ ရာခိုင်နှုန်းခန့် ရှိပါက သဘာဝဘေးအန္တရာယ်နှင့် မုန်တိုင်းဒဏ်များ ခံရန်စိတ်ချရ မည်ကြောင်း ဦးအုန်းက ပြောကြားသည်။

ဒီရေတောများကို ဧရာဝတီတိုင်း အနှံ့တွင် ဂျပန်နှင့်ဂျာမန် အကူအညီဖြင့် ဧက ၅၀၀၀ စိုက်ပျိုးထားပြီးဧရာဝတီတိုင်းရှိ ဘိုကလေးကျွန်း (မိန်းမလှကျွန်းအနီး
တွင်)လည်း ဒီရေတောများ စိုက်ထားသည်။

“ဘိုကလေးကျွန်းကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်စိုက်တာ၊ဧက ၁၀၀ စိုက်တယ်။ ဧက ၅၀၀ ကတော့ တခြားနိုင်ငံကအကူအညီတွေနဲ့ အများ ကြီးထပ်စိုက်ဖို့ လိုသေးတယ်”ဟု၎င်းကဆိုသည်။

သဘာဝပတ်ဝန်းကျင်ပညာရှင်များ၏ ပြောကြားချက်အရတစ်ကမ္ဘာလုံးတွင် ကမ်းရိုးတန်းဒေသများသည် ရာသီဥတု ဒဏ်ကို ပြင်းထန်စွာ ခံစား နေရပြီး ကမ်းရိုးတန်းဒေသများသည် ပင်လယ်နှင့် ကုန်းမြေစပ်သည့်နေရာတွင် တည်ရှိ၍မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်းများ ဖြစ်နေသည်။

ယင်းကဲ့သို့ သဘာဝဘေးအန္တရာယ် ကမ်းရိုးတန်းဒေသများနှင့် (marine life) ငါး၊ ပုဇွန်၊ ဂဏန်း၊ ရေသတ္တ၀ါတို့၏(Habitat) နေထိုင် အသက် ရှင်ရန်အတွက် ဒီရေတောများသည် အကောင်းဆုံး အထိန်းအကွပ်ဖြစ်သည်။

ရေးသားသူ - မောင်ထက်
People power

RangonNewsDaily:: October. 22 .2013
မြန်မာနိုင်ငံတွင် ဒီရေတော လေးရာခိုင်နှုန်းခန့်သာကျန်ရှိပြီး မြို့နယ် အများအပြားတွင် ဒီရေတောများပျက်စီး
ပျောက်ကွယ်နေကြောင်း EREDAမှ ဥက္ကဋ္ဌဦးအုန်းက ပြောကြားသည်။ဒီရေတောအများဆုံးရှိခဲ့သောဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊တနင်္သာရီတိုင်း၊ မွန်ပြည်နယ်များတွင်ဒီရေတော
များ ပျက်စီပြုန်းတီးမှု အများဆုံး ဖြစ်ပွားနေကြောင်း၊ အဆိုပါ ဒီရေတောများကို ပြုပြင်ပြောင်းလဲပြီး တစ်နိုင်
တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လာမှု များပြားလာသော ကြောင့် ဒီရေတောများ ပျက်စီးပျောက်ကွယ်
လာကြောင်းဦးအုန်းက ပြောကြားသည်။

“ဧရာဝတီတိုင်းမှာ အင်္ဂလိပ်ခေတ်တည်းက စပါးစိုက်လို့ဒီရေတောတွေ ပျက်တယ်။ ရခိုင်မှာက ပုဇွန်၊ ငါးကန်တွေလုပ်တယ်။ တနင်္သာရီမှာက ဒီတောတွေ ခုတ်ပြီး ဆီအုန်း၊ရာဘာတွေ စိုက်ကြတယ်။ ဒါတွေကြောင့် တောတွေကုန်လာတယ်”ဟု ၎င်းက ရှင်းလင်းပြောကြားသည်။

၂၀၀၈ ခုနှစ်၌ ၀င်ခဲ့သော နာဂစ်မုန်တိုင်းကြောင့်ဧရာဝတီတိုင်းတွင် ဒီရေတော ၈၀ ရာခိုင်နှုန်း ပျက်စီး သွား
ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ ရှိသော ဒီရေတောလေးရာခိုင်နှုန်းထက်ပိုမိုတိုးစိုက်နိုင်ပြီးတစ်နိုင်ငံလုံး 
၆ ရာခိုင်နှုန်းခန့် ရှိပါက သဘာဝဘေးအန္တရာယ်နှင့် မုန်တိုင်းဒဏ်များ ခံရန်စိတ်ချရ မည်ကြောင်း ဦးအုန်း
က ပြောကြားသည်။

ဒီရေတောများကို ဧရာဝတီတိုင်း အနှံ့တွင်ဂျပန်နှင့်ဂျာမန်အကူအညီဖြင့် ဧက ၅၀၀၀ စိုက်ပျိုးထားပြီးဧရာဝတီ
တိုင်းရှိ ဘိုကလေးကျွန်း (မိန်းမလှကျွန်းအနီးတွင်)လည်း ဒီရေတောများ စိုက်ထားသည်။

“ဘိုကလေးကျွန်းကတော့ကိုယ့်ပိုက်ဆံနဲ့ကိုယ်စိုက်တာ၊ဧက ၁၀၀ စိုက်တယ်။ ဧက ၅၀၀ ကတော့ တခြားနိုင်
ငံကအကူအညီတွေနဲ့ အများ ကြီးထပ်စိုက်ဖို့ လိုသေးတယ်”ဟု၎င်းကဆိုသည်။

သဘာဝပတ်ဝန်းကျင်ပညာရှင်များ၏ ပြောကြားချက်အရတစ်ကမ္ဘာလုံးတွင် ကမ်းရိုးတန်းဒေသများသည် ရာ
သီဥတု ဒဏ်ကို ပြင်းထန်စွာ ခံစား နေရပြီး ကမ်းရိုးတန်းဒေသများသည် ပင်လယ်နှင့် ကုန်းမြေစပ်သည့်နေ
ရာတွင် တည်ရှိ၍မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်းများ ဖြစ်နေသည်။

ယင်းကဲ့သို့ သဘာဝဘေးအန္တရာယ် ကမ်းရိုးတန်းဒေသများနှင့် (marine life) ငါး၊ ပုဇွန်၊ ဂဏန်း၊ ရေသတ္တ၀ါ
တို့၏(Habitat) နေထိုင် အသက် ရှင်ရန်အတွက် ဒီရေတောများသည် အကောင်းဆုံး အထိန်းအကွပ်ဖြစ်
သည်။

People power , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment