Pages

Thursday, October 24, 2013

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တက်ရောက်ခွင့် ရရှိရန် ရွေးချယ်ခံရမည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများစာရင်း နိုဝင်ဘာတွင် ထုတ်ပြန်မည်

Photo: ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တက်ရောက်ခွင့် ရရှိရန် ရွေးချယ်ခံရမည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများစာရင်း နိုဝင်ဘာတွင် ထုတ်ပြန်မည်
Thursday, October 24, 2013

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများသာ တက်ရောက်ခွင့် ရရှိမည့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ၀င်ခွင့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ရွေးချယ်ခံရမည့် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူစာရင်းများအား နိုဝင်ဘာလဆန်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တွင် နိုင်ငံတကာ တက္ကသိုလ်များသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ အာဆီယံ ပညာရေးကွန်ရက်မှ ထောက်ပံ့ကြေးများ ရရှိခြင်း၊ တက္ကသိုလ် အဆောင်များတွင် နေထိုင်ခွင့်နှင့် အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် အပါအ၀င် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ထား၍ အခွင့်အလမ်းများစွာ ရှိနေမှုတို့ကြောင့် ယင်းတက္ကသိုလ်များသို့ တက်ရောက် ရရှိရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။      

ယင်းအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ လာရောက် လျှောက်ထားကြသည့် ကျောင်းသား၊ ကျောင်းသူများထဲမှ သက်ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ပထ၀ီဘာသာရပ်၊ သမိုင်းဘာသာရပ် စသည့် ၀ိဇ္ဇာ ဘာသာရပ်များအတွက် ရမှတ် ၄၃၀၊ သိပ္ပံ ဘာသာတွဲများတွင် ရမှတ် ၄၉၀၊ အင်္ဂလိပ် ဘာသာရပ်အတွက် ရမှတ် ၅၀၀၊ မြန်မာ ဘာသာရပ်အတွက် ရမှတ် ၄၅၀ ဖြင့် ဘာသာရပ် တစ်ခုလျှင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးစီဖြင့် ရွေးချယ် ခေါ်ယူမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ ကြေညာထားသည်။ ထို့ပြင် ရန်ကုန် တက္ကသိုလ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၃၀၀ နှင့် မန္တလေး တက္ကသိုလ်တွင် ထူးချွန်ကျောင်းသား ၃၀၀ ဖြင့် ရွေးချယ်ခေါ်ယူပြီး ပထမနှစ် သင်တန်းမှစကာ လေးနှစ်ကြာမြင့်ပြီး ပါရဂူဘွဲ့အထိ သင်ကြားပေးမည်ဖြစ်သည်။

"ဒီရန်ကုန် မန္တလေး တက္ကသိုလ်ဝင်ခွင့်အတွက် ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်းတွေကို လာမယ့် နိုဝင်ဘာလဆန်းမှာ ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်၊  ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးကနေ ၀င်ခွင့် လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်းတွေကို စစ်ဆေးနေပါပြီ၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ မကြာမီ တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်"ပညာရေး ၀န်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် အောက်မြန်မာပြည် ဒေသများမှ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်တက္ကသိုလ်တွင် လျှောက်ထားနိုင်ပြီး အထက်မြန်မာပြည် ဒေသများမှ ကျောင်းသားများသည် မန္တလေး တက္ကသိုလ်တွင် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ်တွင် ၀ိဇ္ဇာနှင့် သိပ္ပံဘွဲ့ သင်တန်းများ ရပ်နားထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လက်ရှိတွင် အနိမ့်ဆုံး ၀ိဇ္ဇာနှင့် သိပ္ပံဘွဲ့ တစ်ခုရရှိထားသူများအား ၀င်ခွင့်စာမေးပွဲ ဖြေဆိုစေကာ ဘွဲ့လွန် ဒီပလိုမာ သင်တန်းများ၊ မဟာဘွဲ့ သင်တန်းများ၊ မဟာသုတေသန ဘွဲ့သင်တန်းများနှင့် ပါရဂူဘွဲ့ သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျှက် ရှိသည်။         

Eleven Media Group

ရန်ကုန် တက္ကသိုလ်အတွင်းရှိ တောင်ငူဆောင်အား တွေ့ရစဉ်
ရန်ကုန် တက္ကသိုလ်အတွင်းရှိ တောင်ငူဆောင်အား တွေ့ရစဉ်
RangonNewsDaily:: October. 24 .2013
၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများသာ တက်ရောက်ခွင့် ရရှိ
မည့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ၀င်ခွင့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ
 ရွေးချယ်ခံရမည့်ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူစာရင်းများအား နိုဝင်ဘာလဆန်းတွင် ထုတ်ပြန်မည်
 ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။ အဆိုပါ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တွင် နိုင်ငံတကာ တက္ကသိုလ်များသို့ ပညာတော်သင်များ
 စေလွှတ်ခြင်း၊ အာဆီယံ ပညာရေးကွန်ရက်မှ ထောက်ပံ့ကြေးများ ရရှိခြင်း၊ တက္ကသိုလ် အဆောင်များတွင်
နေထိုင်ခွင့်နှင့် အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် အပါအ၀င် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ထား၍အခွင့်အလမ်းများစွာရှိနေမှုတို့ကြောင့်ယင်းတက္ကသိုလ်များသို့ တက်ရောက် ရရှိရန် စောင့်
ဆိုင်းနေခြင်း ဖြစ်သည်။

ယင်းအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ လာရောက် လျှောက်ထားကြသည့် ကျောင်းသား၊
 ကျောင်းသူများထဲမှ သက်ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ပထ၀ီဘာသာရပ်၊ သမိုင်းဘာသာရပ် စသည့် ၀ိဇ္ဇာ ဘာသာရပ်များအတွက် ရမှတ် ၄၃၀၊ သိပ္ပံ ဘာသာတွဲများတွင် ရမှတ် ၄၉၀၊ အင်္ဂလိပ် ဘာသာရပ်အ
တွက် ရမှတ် ၅၀၀၊ မြန်မာဘာသာရပ်အတွက်ရမှတ်၄၅၀ ဖြင့်ဘာသာရပ်တစ်ခုလျှင် ထူးချွန်သည့် ကျောင်း
သား၊ ကျောင်းသူ ၁၅ ဦးစီဖြင့် ရွေးချယ် ခေါ်ယူမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ
 ကြေညာထားသည်။ ထို့ပြင် ရန်ကုန် တက္ကသိုလ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၃၀၀ နှင့် မန္တလေး တက္ကသိုလ်တွင် ထူးချွန်ကျောင်းသား၃၀၀ ဖြင့် ရွေးချယ်ခေါ်ယူပြီးပထမနှစ်သင်တန်းမှစကာ လေးနှစ်ကြာ
မြင့်ပြီး ပါရဂူဘွဲ့အထိ သင်ကြားပေးမည်ဖြစ်သည်။

"ဒီရန်ကုန် မန္တလေး တက္ကသိုလ်ဝင်ခွင့်အတွက် ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်းတွေကို လာ
မယ့် နိုဝင်ဘာလဆန်းမှာ ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးကနေ ၀င်ခွင့်
 လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်းတွေကို စစ်ဆေးနေပါပြီ၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခံရ
တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ မကြာမီ တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်"ပညာရေး ၀န်ကြီး
ဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် အောက်မြန်မာပြည် ဒေသများမှ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်တက္က
သိုလ်တွင် လျှောက်ထားနိုင်ပြီး အထက်မြန်မာပြည် ဒေသများမှ ကျောင်းသားများသည် မန္တလေး တက္ကသိုလ်
တွင် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ်တွင် ၀ိဇ္ဇာနှင့် သိပ္ပံဘွဲ့ သင်တန်းများ ရပ်နားထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လက်ရှိ
တွင် အနိမ့်ဆုံး ၀ိဇ္ဇာနှင့် သိပ္ပံဘွဲ့ တစ်ခုရရှိထားသူများအား ၀င်ခွင့်စာမေးပွဲ ဖြေဆိုစေကာ ဘွဲ့လွန် ဒီပလိုမာ သင်တန်းများ၊ မဟာဘွဲ့ သင်တန်းများ၊ မဟာသုတေသန ဘွဲ့သင်တန်းများနှင့် ပါရဂူဘွဲ့ သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျှက် ရှိသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment