Pages

Thursday, October 24, 2013

မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီလမ်းပေါ်တွင် အမျိုးသားတစ်ဦး ဦးခေါင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံး

RangonNewsDaily:: October. 24 .2013
၂၄.၁၀.၂၀၁၃ရက်နေ့ ၀၄၀၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓါဝီလမ်းပေါ်တွင် ဦးခေါင်းသွေးထွက်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေ၍ ယာဉ်ထိန်းတပ်ဖွဲ့စု - ၂ မှ တပ်ဖွဲ့ဝင်များသည်မြောက်ဥက္ကလာပဆေးရုံသို့ပိုအပ်ခဲ့သည်။
၁၀:၀၀အချိန် မှုခင်းဆရာဝန်မှ ရင်ခွဲစစ်ဆေးခဲ့ရာ သေဆုံးသူအောင်နိုင်ဦး (ဘ)ဦးကျော်ဦး၊ (က)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတွင် ဦးခေါင်းဝဲဘက်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ငယ်ထိပ်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ငယ်ထိပ်ဘေးပြတ်ရှဒဏ်ရာ (၁)ချက်တို့ရရှိကာ ဦးနှောက်အမှေးပေါက်ပြီး ဦးနှောက်အတွင်း သွေးဝင်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့်
မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၈၅၈/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment