Pages

Thursday, October 24, 2013

သျှမ်း/မြောက် လူသတ်တရားခံများအား ပြစ်ဒဏ်ချ၊ တရားလိုဘက်မှကျေနပ်မှုမရှိ

သျှမ်းသံတော်ဆင့် (နန်းဟွမ်ဟွမ်)
၂၄ အောက်တိုဘာလ ၂၀၁၃

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျားဖြူပါတီ အကြီးအကဲ၏တူအားသတ်သည့် တရားခံများကို၊ လားရှိုးမြို့ ၌ ယခုလ ၂၁ ရက်နေ့ က ထောင်ဒဏ်ချမှတ်ရာ တရားလိုဘက်မှကျေနပ်မှုမရှိကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

“ကျနော့သားကို ဓါးနဲ့ ၂၆ ချက် မသေမချင်းသတ်တဲ့ တရားခံ ၃ ယောက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်ဘဲချ မှတ်တယ်၊ မသေမချင်းလူသတ်မှုနဲ့ ပစ္စည်းလုယက်မှုဘဲလေ။ ရဲဆီက သေနတ်လုယူထွက်ပြေးမှုအတွက် ဘာအမိန့်မှ မချဘူးဘဲ။ မူစယ်မှာရုံးထုတ်စစ်တုန်းက ရဲတယောက်တောင် သေတယ်လေ။” သေဆုံးသူ စိုင်းအိုက်လိန်၏ ဖခင် လုံးစိုင်းဆမ်က ပြောသည်။

၂၁ ရက်က လားရှိုးခရိုင်တရားရုံးတွင် အဆိုပါအမှုအား ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ယခုနှစ် ဖေဖော်ဝါရီလ ရ ရက်ညက နမ့်ခမ်းမြို့နယ် ပေါက်တိုက်ရပ်ကွက်နေ စိုင်းဆမ်(ကောင်လွန်)၊ နန်းဌေး ၏သား စိုင်းအိုက်လိန်အား ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ၊ နမ့်ခမ်းမြို့ ပြည်သူ့လွှတ်တော်ဥကဌ ဦးကျော်မြင့်၏ တူ လိဖန် (ခ) ရဲအောင်ထွေးနှင့်အပေါင်းအပါက ဓါးဖြင့်ထိုးသတ်ခဲ့သည်။ တရားခံ ရဲအောင်ထွေးအား မူစယ်သို့ ပို့ဆောင်စစ်ဆေးရာတွင် ၄င်း၏ အပေါင်းအပါက လုံခြုံရေးရဲထံမှ သေနတ်လုယူထွက်ပြေးရာ ပစ်ခတ်မှုကြောင့် ရဲတဦးသေဆုံးခဲ့သည်။ 

သို့သော်တရုတ်အာဏာပိုင်များကူညီမှုဖြင့်၎င်းအား ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင် ချုပ်နှောင်ကာ တရားစီရင်ခဲ့ရာမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပါသည်။   

“အဲ့ဒါက ဘာကြောင့်လဲ တရားခံက  ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တူတော်စပ်နေတာကြောင့်လား၊ ဒါမှ မဟုတ် ပိုက်ဆံပေး ထားတာများလို့လား၊ တရားချမှတ်ပေးတာ လုံးဝမမျှတဘူး။  ကျနော်လုံးဝ မကျေနပ်ဘူး” ဟု ဖခင်လုံးစိုင်းဆမ်က ဆက်လက်ပြောပြသည်။

အမှုရင်ဆိုင်ချိန်တွင်လည်း တရားမျှတမှုမရှိကြောင်း၊ တရားခံဘက်က အမှုချေပရန် ရှေ့နေ (၃) ယောက်ငှား ခွင့်ရှိပြီး သက်သေများမှာလည်း လူသတ်တရားခံ၏ မိခင် ဖခင် နှင့် အိမ်နီးနားချင်းဆွေမျိုးတဦးတို့သာ ဖြစ်ကြောင်း၊ တရားလို ဘက်မှ ရှေ့နေငှားခွင့်မရှိသကဲ့သို့ သက်သေထုတ်ခွင့်လည်း လုံးဝမရှိခဲ့ကြောင်း ၄င်းက ဆိုသည်။

“ မသေမချင်း လူသတ်မှု ပုဒ်မ ၃၀၂ အရ ဆိုရင် ထောင်ဒဏ်(၁၀) နှစ်မှ တစ်သက်တစ်ကျွန်း ကျခံနိုင်ပြီး၊ ပစ္စည်းလုယက် မှု ပုဒ်မ ၃၂၆ အရ ဆို ထောင်ဒဏ်မှ ၁ နှစ်မှ ၁၀ နှစ် အထိ ကျခံနိုင်တယ် လို့ ဥပဒေထဲမှာပါတယ်။ အခုဟာက  မသေ မချင်း လူသတ်မှုနဲ့ ပစ္စည်းလုလက်မှု ပေါင်းပြီး အမိန့်ချခဲ့တာ ထောင်ဒဏ် ၁၀နှစ် တဲ့။ ဘယ်လိုလုပ်လိုက်တာလဲ၊ စိတ်ကြွ ဆေး တစ်ပြား အမှုမှာတောင်မှ ထောင် ဒဏ် ရ နှစ် ကျခံရတယ်။ ငွေများတရားနိုင် ခေတ်လည်း မကုန်သေးဘူး၊ တာဝန် ကျရဲကို လက်နက် လုယက် ပစ်ခတ်မှု လည်း ဘာကြောင့် ထိမ်ချန် စစ်ဆေးခဲ့တယ်။   ရုံးတော်ကို ကျနော်လုံးဝ နား မလည် နိုင်တော့ဘူး ” ဟု အမည်မဖော်လိုသော မူစယ်ရှေ့နေ တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၁ ရက်က လားရှိုး တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်  ၁၀  နှစ်စီချမှတ်ခံကြရသော  တရားခံများ မှာ ရဲအောင်ထွေး(ခ) လိဖန်၊ အိုက်ဆမ်နှင့် အားကျိတို့ဖြစ်ပြီး ၄င်းတို့သည် ပြစ်မှုကျူးလွန်ပြီး ၈ လ ကျော်အကြာတွင် ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ပါသည်။

RangonNewsDaily:: October. 24 .2013
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျားဖြူပါတီ အကြီးအကဲ၏တူအားသတ်သည့် တရားခံများကို၊ လားရှိုးမြို့ ၌ ယခုလ ၂၁ ရက်နေ့ က ထောင်ဒဏ်ချမှတ်ရာ တရားလိုဘက်မှကျေနပ်မှုမရှိကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။ “ကျနော့သားကို ဓါးနဲ့ ၂၆ ချက် မသေမချင်းသတ်တဲ့ တရားခံ ၃ ယောက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်ဘဲချ မှတ်တယ်၊ မသေမချင်းလူသတ်မှုနဲ့ ပစ္စည်းလုယက်မှုဘဲလေ။ ရဲဆီက သေနတ်လုယူထွက်ပြေးမှုအတွက် ဘာအမိန့်မှ မချဘူးဘဲ။ မူစယ်မှာရုံးထုတ်စစ်တုန်းက ရဲတယောက်တောင် သေတယ်လေ။” သေဆုံးသူ စိုင်းအိုက်လိန်၏ ဖခင် လုံးစိုင်းဆမ်က ပြောသည်။

၂၁ ရက်က လားရှိုးခရိုင်တရားရုံးတွင် အဆိုပါအမှုအား ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ရ ရက်ညက နမ့်ခမ်းမြို့နယ် ပေါက်တိုက်ရပ်ကွက်နေ စိုင်းဆမ်(ကောင်လွန်)၊ နန်းဌေး ၏သား စိုင်းအိုက်လိန်အား ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ၊ နမ့်ခမ်းမြို့ ပြည်သူ့လွှတ်တော်ဥကဌ ဦးကျော်မြင့်၏ တူ လိဖန် (ခ) ရဲအောင်ထွေးနှင့်အပေါင်းအပါက ဓါးဖြင့်ထိုးသတ်ခဲ့သည်။ တရားခံ ရဲအောင်ထွေးအား မူစယ်သို့ ပို့ဆောင်စစ်ဆေးရာတွင် ၄င်း၏ အပေါင်းအပါက လုံခြုံရေးရဲထံမှ သေနတ်လုယူထွက်ပြေးရာ ပစ်ခတ်မှုကြောင့် ရဲတဦးသေဆုံးခဲ့သည်။

သို့သော်တရုတ်အာဏာပိုင်များကူညီမှုဖြင့်၎င်းအား ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင် ချုပ်နှောင်ကာ တရားစီရင်ခဲ့ရာမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပါသည်။

“အဲ့ဒါက ဘာကြောင့်လဲ တရားခံက ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တူတော်စပ်နေတာကြောင့်လား၊ ဒါမှ မဟုတ် ပိုက်ဆံပေး ထားတာများလို့လား၊ တရားချမှတ်ပေးတာ လုံးဝမမျှတဘူး။ ကျနော်လုံးဝ မကျေနပ်ဘူး” ဟု ဖခင်လုံးစိုင်းဆမ်က ဆက်လက်ပြောပြသည်။

အမှုရင်ဆိုင်ချိန်တွင်လည်း တရားမျှတမှုမရှိကြောင်း၊ တရားခံဘက်က အမှုချေပရန် ရှေ့နေ (၃) ယောက်ငှား ခွင့်ရှိပြီး သက်သေများမှာလည်း လူသတ်တရားခံ၏ မိခင် ဖခင် နှင့် အိမ်နီးနားချင်းဆွေမျိုးတဦးတို့သာ ဖြစ်ကြောင်း၊ တရားလို ဘက်မှ ရှေ့နေငှားခွင့်မရှိသကဲ့သို့ သက်သေထုတ်ခွင့်လည်း လုံးဝမရှိခဲ့ကြောင်း ၄င်းက ဆိုသည်။

“ မသေမချင်း လူသတ်မှု ပုဒ်မ ၃၀၂ အရ ဆိုရင် ထောင်ဒဏ်(၁၀) နှစ်မှ တစ်သက်တစ်ကျွန်း ကျခံနိုင်ပြီး၊ ပစ္စည်းလုယက် မှု ပုဒ်မ ၃၂၆ အရ ဆို ထောင်ဒဏ်မှ ၁ နှစ်မှ ၁၀ နှစ် အထိ ကျခံနိုင်တယ် လို့ ဥပဒေထဲမှာပါတယ်။ အခုဟာက မသေ မချင်း လူသတ်မှုနဲ့ ပစ္စည်းလုလက်မှု ပေါင်းပြီး အမိန့်ချခဲ့တာ ထောင်ဒဏ် ၁၀နှစ် တဲ့။ ဘယ်လိုလုပ်လိုက်တာလဲ၊ စိတ်ကြွ ဆေး တစ်ပြား အမှုမှာတောင်မှ ထောင် ဒဏ် ရ နှစ် ကျခံရတယ်။ ငွေများတရားနိုင် ခေတ်လည်း မကုန်သေးဘူး၊ တာဝန် ကျရဲကို လက်နက် လုယက် ပစ်ခတ်မှု လည်း ဘာကြောင့် ထိမ်ချန် စစ်ဆေးခဲ့တယ်။ ရုံးတော်ကို ကျနော်လုံးဝ နား မလည် နိုင်တော့ဘူး ” ဟု အမည်မဖော်လိုသော မူစယ်ရှေ့နေ တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၁ ရက်က လားရှိုး တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံကြရသော တရားခံများ မှာ ရဲအောင်ထွေး(ခ) လိဖန်၊ အိုက်ဆမ်နှင့် အားကျိတို့ဖြစ်ပြီး ၄င်းတို့သည် ပြစ်မှုကျူးလွန်ပြီး ၈ လ ကျော်အကြာတွင် ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ပါသည်။
 
သျှမ်းသံတော်ဆင့် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment